♪ Password ကို တစ်ခု ကို ဟက်နိုင်ရင် မြန်မာငွေကျပ် သိန်း ၁ ထောင်ကျော်ရမည် ♫

https://i2.wp.com/digitaltimes.com.mm/wp-content/uploads/2017/03/aqipzlbiasvge1szspcs.jpg?fit=800%2C450&ssl=1

Password Manager တစ်ခု ဖြစ်တဲ့ 1Password ကို ပိုင်ဆိုင်တဲ့ AgileBits က သူ့ရဲ့ Bug Bounty Program မှာ ချီးမြှင့်တဲ့ ဆုငွေကို ဒေါ်လာ ၂၅၀၀၀ ကနေ ၁၀၀ ၀၀၀ အထိ တိုးမြှင့်ပေးလိုက်ပါတယ်။ Bug Bounty Program ဆိုတာကတော့ 1Password App ရဲ့ လုံခြုံရေး အားနည်းချက်များကို ရှာဖွေပေးရတာ ဖြစ်ပါတယ်။ ကမ္ဘာကျော် ကုမ္ပဏီများဖြစ်တဲ့ Apple , Microsoft နဲ့ Google တို့ကလည်း သူတို့ရဲ့ ဆော့ဖ်ဝဲများမှ လုံခြုံရေး အားနည်းချက်များကို ရှာဖွေပေးနိုင်တဲ့ လူကို ဆုငွေများချီးမြှင့်တဲ့ အစီအစဉ်များကို ပြုလုပ်ပေးထားကြပါတယ်။

1Password ရဲ့ ဆုငွေဟာ နာမည်ကျော် နည်းပညာ ကုမ္ပဏီများရဲ့ ဆုငွေများနဲ့ တန်းတူ အနေအထားကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ 1Password ရဲ့ ဆုငွေကို ရရှိနိုင်ဖို့အတွက် User များရဲ့ ဒေတာများကို သိမ်းဆည်းထားတဲ့ ကုမ္ပဏီရဲ့ Vault နည်းပညာကို ဖောက်ထွင်းပြရမှာ ဖြစ်ပါတယ်။
1Password က ယှဉ်ပြိုင်မယ့် လူများကို ထောက်ကူဖို့အတွက် သူ့ ဆော့ဖ်ဝဲရဲ့ အားနည်းချက်များနဲ့ ပတ်သက်တဲ့ နောက်ဆုံးရ သတင်းအချက်အလက်များကို ပံ့ပိုးပေးထားမှာ ဖြစ်ပါတယ်။ ယှဉ်ပြိုင်မယ့် လူများက အဲဒီ အားနည်းချက်များကနေ ဟာကွက်ကို ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

နည်းပညာ ကုမ္ပဏီများဟာ သူတို့ရဲ့ ဆော့ဖ်ဝဲ လုံခြုံရေး အားနည်းချက်များကို အစဉ်အမြဲ ရှာဖွေနေရပါတယ်။ အဲဒီအတွက် သူတို့က ကုမ္ပဏီမှ မဟုတ်တဲ့ ဆော့ဖ်ဝဲ ပညာရှင်များ၊ အဖြူရောင် ဟက်ကာများရဲ့ အကူအညီကို ရယူလေ့ရှိကြပါတယ်။



Credit To ==> DigitalTimes.com.mm




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment