90 kids တွေအတွက်ငယ်မူပြန်စရာ နောက်တစ်ခုထပ်ရပါပြီ။ ကမ္ဘာကျော် ဂျပန်
ဗီဒီယို ဂိမ်းကုမ္ပဏီ တစ်ခုဖြစ်တဲ့ Capcom ရဲ့ 1942 လေယာဉ်ပျံဂိမ်းဟာ Google
ရဲ့ Play Store ပေါ်ကိုရောက်ရှိလာပြီဖြစ်ပြီး မြန်မာငွေ (၁၄၂၆)ကျပ် နဲ့
ဝယ်ယူဆော့ကစားနိုင်မှာဖြစ်ပါတယ်။
1942 ဆိုတဲ့ နာမည်ကိုတွေ့ရုံနဲ့ မမှတ်မိတဲ့သူတွေ ပုံကိုတွေ့လိုက်ရင်တော့မှတ်မိသွားမှာသေချာပါတယ်။ လူအတော်များများရဲ့ ငယ်ဘဝတွေကို လွှမ်းမိုးခဲ့ဖူးတဲ့ ဂိမ်းတွေထဲမှာ 1942 ကလည်း တစ်ခုအပါအဝင်ပါပဲ။
သင်ဟာ ဂိမ်းကစားတာဝါသနာပါခဲ့မယ်ဆိုရင် Capcom ဆိုတဲ့နာမည်ကို ရင်းနှီးမှာပါ။ Capcom ဟာ ဂျပန် အခြေစိုက် ဗီဒီယို ဂီမ်းကုမ္ပဏီ တစ်ခုဖြစ်ပြီး ဒီနေ့ခေတ်မှာအောင်မြင်နေတဲ့ Mega Man, Street Fighters, Devil May Cry, Resident Evil စတဲ့ ဂိမ်းတွေကိုလည်း ထုတ်လုပ်ဖန်တီးထားပါတယ်။
Capcom ကုမ္ပဏီကို 1979 မှာစတင်တည်ထောင်ခဲ့ပြီ 1942 ဂိမ်းကိုတော့ အခုမှ 1984 ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ အခု ပြန်လည်ဆော့ကစားနိုင်ဖို့အတွက် အောက်က Link မှာ ဝယ်ယူနိုင်ပါတယ်။
Download From Google Play Store Here

Credit to ==> DigitalTimes.com.mm
www.pyaephyo.com
0 comments:
Post a Comment