♪ " vivo V5 Lite " Price : 288,000/- ♫

Image may contain: phone

အခုတစ်ပတ်တော့ အလယ်အလတ်တန်းစားဖုန်းတစ်လုံးဖြစ်တဲ့ Vivo V5 Lite အကြောင်းကို ပြောပြချင် ပါတယ်။ Vivo V5 Lite ဟာ V5 series တွေထဲက တတိယမြောက်ထုတ်လုပ်ပေးခဲ့တဲ့ မော်ဒယ်ဖြစ်ပြီး အားလုံးထဲမှာတော့ ဈေးအသက်သာဆုံးနဲ့ အနိမ့်ဆုံးဖုန်းတစ်လုံးပါ။ ၎င်းဟာ အရင်မော်ဒယ်တွေလိုပဲ Selfie Cen-tric ဖုန်းအမျိုးအစားပဲဖြစ်ပြီး V5 Plus လို dual front camera စနစ်တော့မပါရှိပေမယ့် အနောက်ကင်မရာထက် အရှေ့ကင်မရာက ပိုမိုစွမ်းအားကောင်းမွန်ပါတယ်။

GSM ,HSPAနဲ့ LTE networks တွေကို ထောက်ပံ့ပေးထားပြီး Micro SIM card 1 card, Nano SIM card 1 cardကို တစ်ပြိုင်နက်တည်း ထည့်သုံးနိုင်သလို SIM card 1 cardနဲ့ micro SD card 1 card ကို ထည့်သွင်းသုံးစွဲလို့ရပါတယ်။ Non-removable Li-ion 3000mAh battery စွမ်းအားက တစ်နေ့တာလုံး ဖုန်းသုံးစွဲဖို့လုံလောက်ပါတယ်။ ဒါ့အပြင် 4G connectivityကိုပံ့ပိုးထားတဲ့အတွက် ဖုန်းလိုင်းဆွဲအားကောင်း ပြီး အင်တာနက်သုံးရတာလည်း ပိုအဆင်ပြေပါတယ်။ Bluetooth 4.0, Wi-Fiနဲ့ USB 2.0စတာတွေလည်း စုံလင်စွာပါရှိပါတယ်။

** Design & Build **

ဖုန်းတည်ဆောက်ပုံဒီဇိုင်းက ရိုးရှင်းလှပြီး သစ်လွင်တောက်ပမှုလည်းရှိပါတယ်။ အရင်မော်ဒယ်တွေအတိုင်း ကိုယ်ထည်တစ်ခုလုံးကို သတ္တုနဲ့ ပြုလုပ်ပေးထားတဲ့ အတွက် အကြမ်းခံနိုင်စွမ်းတွေက အတူတူပါပဲ။ ထုတ်လုပ်ထားတဲ့ အရောင် ၂ မျိုးက ခန့်ညားမတူညီတဲ့ ရွှေရောင် ၂ မျိုးပဲဖြစ်ပါတယ်။ ၎င်းအရောင် ၂ မျိုးလုံးက ဒီဇိုင်းပုံစံနဲ့လည်းလိုက်ဖက်ပြီး ဒီဇိုင်းကိုလည်း ပိုမိုပေါ်လွင်စေပါတယ်။ ဖုန်းအရွယ်အစားက 153.8×75.5×7.6mm ရှိပြီး 155g အလေးချိန် လေးပါတယ်။ ဖုန်းရဲ့ အရှေ့ဘက်မျက်နှာပြင်အောက်ခြေမှာ capacitive buttons ၃ ခုပါရှိပြီး ညာဘက်ဘေးဘောင်မှာ ပါဝါခလုတ်နဲ့ အသံအတိုးအကျယ်ခလုတ်တို့ တည်ရှိပါတယ်။ နောက်ကျောဘက်ရဲ့ ဘယ်ဘက်ထောင့်အပေါ်ဘက်မှာ အနောက်ကင်မရာနဲ့ LED Flash မီးလုံးတို့ကို တွေ့မြင်နိုင်ပြီး အပေါ်နဲ့အောက်မှာ အလျားလိုက်သွယ်တန်းနေတဲ့ အင်တာနာလိုင်းတွေကလည်း ထင်ရှားလှပါတယ်။ အောက်ခြေဘောင်မှာတော့ USB port နဲ့ စပီကာပေါက်တွေပါရှိပါတယ်။ ဒါကြောင့် ဖုန်းကို ဘယ်လို ထားထား စပီကာပေါက်ကို ပိတ်မနေတော့ပါဘူး။ တောက်ပြောင်တဲ့ သတ္တုကိုယ်ထည်ကြောင့် တစ်ချက်ကြည့်လိုက်တာနဲ့ အဆင့်မြင့်စမတ် ဖုန်းတစ်လုံးမှန်းသိသာစေတဲ့အပြင် ပြုတ်ကျမှုဒဏ်တွေကိုလည်း ခံနိုင်ပါတယ်။

** Display **

ဖုန်းမျက်နှာပြင်က ၅ လက်မခွဲအကျယ်ရှိပြီး IPS LCD Capacitive touch screen displayအမျိုးအစားနဲ့ပြုလုပ်ထားပြီး 720×1280 pixelsရှိတဲ့ HD မြင်ကွင်းစွမ်းအားတွေကိုပြသပေးနိုင်ပါတယ်။ ၁ လက်မမှာ သိပ်သည်းဆ ပမာဏက ~267ppi pixelsရှိပြီး မျက်နှာပြင်ပေါ်မှာလည်း multitouch စနစ် ပါရှိတာကြောင့် ဂိမ်းကစားတဲ့အခါတွေနဲ့ Typingရိုက်တဲ့အခါတွေမှာ အလွန် အသုံးဝင်ပါတယ်။

** Operating System and Camera **

တောင့်တင်းခိုင်မာတဲ့ ကိုယ်ထည်အတွင်းထဲမှာ Android OS, v6. (Marsh-mallow)ကိုအခြေခံထားတဲ့ Funtouch OS3.0 ဆိုတဲ့ User Interfaceကို အသုံးပြုထားပါတယ်။ အနောက်ကင်မရာက 13MPနဲ့ f/2.2 aperture စွမ်း အားတွေရှိပြီး အရှေ့ကင်မရာမှာတော့ 16MPနဲ့ f/2.0 aperture ကို တပ် ဆင်ပေးထားတာကြောင့် Selfieဓာတ်ပုံလှလှလေးတွေကို စိတ်တိုင်းကျ ရိုက်ယူနိုင်ပါတယ်။

** Performance **

ဖုန်းတစ်လုံးရဲ့အရည်အသွေးကို အကောင်းဆုံးပြသနိုင်ဖို့အတွက် processorစွမ်းအားပိုင်းက အလွန်အရေးကြီးပါတယ်။ ဒါကြောင့် V5 Lite မှာ ၎င်းဈေးနှုန်းနဲ့ သုံးစွဲရတာထိုက်တန်တဲ့ ပါရှိတဲ့ Octa-core 1.5GHz Cortex-A53 Processor နဲ့ Mediatek MT6750 Chipset တို့က ဟန်ချက်ညီညီ ပူးပေါင်းလုပ်ဆောင်ကာ တိကျလျင်မြန်တဲ့ စွမ်းဆောင်ရည်တွေကို ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် ရုပ်ရှင်ကြည့်နေတဲ့အခါမှာ 3D ဂိမ်းတွေကို တစ်ပြိုင်နက်တည်း ဖွင့်ကစားတာတွေနဲ့ တစ်ပြိုင်နက်တည်းမှာ မတူညီတဲ့ apps တွေကို ဖွင့်သုံးနိုင်တာကြောင့် အလွန်အဆင်ပြေပါတယ်။ ၎င်းလုပ်ဆောင်ချက်တွေကို လိုက်နိုင်ဖို့အတွက်လည်း RAM 3GBကို ထောက်ပံ့ပေးထားပါသေးတယ်။

** Specification **

Display : 5.5 inch, IPS LCD Capacitive touchscreen, 16M colors Memory : 32 GB, 3 GB RAM, microSD, up to 256 GB
Camera : 13 MP, autofocus, LED flash, Geo-tagging, touch focus
OS : Android OS, v6.0 (Marshmallow)

Phone : 09-774788861 (C4E Computer & Mobile)
Price : 288,000/-

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 






www.pyaephyo.com

0 comments:

Post a Comment