♪ " (2017) ရဲ့ Selfie အကောင်းဆုံး စမတ်ဖုန်း (7) မျိုး " ♫

Image may contain: 2 people, people smiling, phone and screen

2017 ရဲ့ Selfie အကောင်းဆုံး စမတ်ဖုန်း 7 မျိုးကို ဧပြီလက စုစည်းထားတာဖြစ်ပြီး Selfie အကောင်းဆုံး စမတ်ဖုန်းတွေမှာ ရှေ့ကင်မရာ 8 /13/16/20 MP အသီးသီး ရှိကြပါတယ်။ ဒီိအလယ်အလတ်တန်းစား စမတ်ဖုန်းတွေရဲ့ ဈေးနှုန်းကတော့ ရူပီး 30000 ထိရှိပြီး (မြန်မာငွေကျပ် 6 သိန်း 7 သောင်းဝန်းကျင်အထိ) ရှိပါတယ်။ Selfie ကောင်းတဲ့ စမတ်ဖုန်းတွေမှာ resolution နဲ့ lens တွေက ကောင်းပြီး 13 MP ထိ ရှိကြပါတယ်။ တစ်ချို့ဆိုရင် ရှေ့ကင်မရာ 20 MP ထိတောင်ရှိပြီး Google selfie လည်းပါဝင်တာကြောင့် ပုံတွေကို လူမှုကွန်ရက်တွေမှာ အလွယ်တကူ share နိုင်ပါတယ်။

(1) ရှေ့ကင်မရာ 8 MP နဲ့ Sony Xperia XA1 Dual

>>>>>>>>

Sony Xperia XA1 Dual ကတော့ Sony ကုမ္ပဏီကနေ 2017 ဧပြီလမှာ မိတ်ဆက်ခဲ့တဲ့ နောက်ဆုံးထွက်စမတ်ဖုန်းဖြစ်ပြီး နောက်ကင်မရာလည်းကောင်းသလို ရှေ့ကင်မရာရဲ့ လုပ်ဆောင်ချက်က လည်း တော်တော်လေးကို ကောင်းပါတယ်။ ရှေ့ကင်မရာက 8 MP Sony Exmor camera lens ကိုအသုံးပြုထားပြီး အဖွဲ့လိုက်ပုံရိုက်ဖို့အတွက် 23-degree wide angle lens ကို အသုံးပြုထားပါတယ်။ ဈေးနှုန်းကတော့ ရူပီး 19999 (မြန်မာကျပ်ငွေ 4 သိန်း 2 သောင်းဝန်းကျင်ရှိပြီး) amazon မှာပဲ ရရှိတာဖြစ်ပါတယ်။


Sony Xperia XA1 မှာ 23 megapixel နောက်ကင်မရာ ထည့်သွင်းထားပြီး ရှေ့ကင်မရာမှာ Superior Auto Focus lens sensor ပါဝင်တဲ့အတွက် ဓါတ်ပုံရိုက်တဲ့အခါမှာ ရှင်းလင်းတဲ့ပုံထွက်ကို ရရှိစေမှာဖြစ်ပါတယ်။ ဒီစမတ်ဖုန်းမှာ 2.3 GHz နဲ့ Snapdragon Helio P20 processor (Mediatek) processor clocked ၊ 3 GB RAM တို့ ပါဝင်ပါတယ်။ မျက်နှာပြင်အရွယ်အစားကတော့ 1280 x 720 pixels resolution 5 လက်မ HD display ဖြစ်ပြီး Storage 32GB ကို 256 GB ထိ တိုးချဲ့အသုံးပြုနိုင်ပါတယ်။ Android Nougat 7.0 OS နဲ့ ဘက်ထရီကတော့ 2300 mAh ပါဝင်တာဖြစ်ပါတယ်။

(2) ရှေ့ကင်မရာ13 MP နဲ့ HTC Desire EYE

>>>>>>>>

ရှေ့ကင်မရာ 13 MP ၊ Auto focus နဲ့ LED flash တို့နဲ့ဆိုရင်တော့ အကောင်းဆုံး Selfie ပုံတွေရိုက်နိုင်ပြီး အဖွဲ့လိုက်ရိုက်တဲ့အခါမှာလည်း လွယ်ကူစွာရိုက်နိုင်မှာပါ။ HTC Desire EYE ရဲ့နောက်ကင်မရာကလည်း 13 MP ရှိပြီး ရှေ့ကင်မရာနဲ့ အတူတူပဲဖြစ်ပါတယ်။ Auto-focus ၊ HDR နဲ့ LED flash လည်း ပါဝင်ပါတယ်။ စတင်ထွက်ရှိလာချိန်တုန်းကတော့ ရူပီး 33200 (မြန်မာကျပ်ငွေ 7 သိန်းဝန်းကျင်) ရှိပါတယ်။ ကင်မရာတစ်ခုချင်းစီမှာတော့ အလင်းအမှောင်ချိန်ညှိဖို့အတွက် BIS sensor နဲ့ LED flash နှစ်ခု ပါဝင်ပါတယ်။ ဒီစမတ်ဖုန်းမှာ မျက်နှာပြင် 5.5 လက်မ Full HD display ၊ Quad Core processor ၊ Ram 2 GB ၊ internal storage 16 GB (micro SD card ကိုအသုံးပြုပြီး 64GB ထိ တိုးချဲ့အသုံးပြုနိုင်ခြင်း) ၊ Android Kitkat ကိုအသုံးပြုထားပြီး android Lollipop update ကိုလည်း ရရှိနိုင်ပါတယ်။ လက်ရှိမှာတော့ အိန္ဒိယဈေးကွက်မှာ ရူပီး 22000 (မြန်မာကျပ်ငွေ 4 သိန်း 6 သောင်းဝန်းကျင်) ပဲရှိတော့တယ်လို့ သိရပါတယ်။

(3) ရှေ့ကင်မရာ 16 MP နဲ့ Samsung Galaxy C9 Pro

>>>>>>>>

Samsung က Samsung C9 Pro ကို တရုတ်မှာ 2016 ခုနှစ် အောက်တိုဘာလတုန်းက မိတ်ဆက်ခဲ့တာဖြစ်ပြီး အိန္ဒိယနဲ့ တစ်ခြားဈေးကွက်မှာတော့ မကြာခင်ကမှ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။
ဒီစမတ်ဖုန်းမှာ ရှေ့ကင်မရာ 16 MP ပါရှိပြီး RAM 6G နဲ့ Samsung ရဲ့ ပထမဆုံးစမတ်ဖုန်း ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ရူပီး 36999 (အမေရိကန်ဒေါ်လာ 530 ၊ မြန်မာကျပ်ငွေ 7 သိန်းဝန်းကျင်) ရှိပါတယ်။
Samsung C9 Pro မှာ သတ္တု uni-body ကိုအသုံးပြုထားပြီး အထူကတော 6.9 mm ပဲရှိတာကြောင့် iPhone 6s ထက်တောင် ပိုပြီးပါးလွှာပါသေးတယ်။ Samsung C9 Pro မှာ f/1.9 aperture နဲ့ 16 MP ရှေ့ကင်မရာ၊ နောက်ကင်မရာ 16 Mega pixel တို့ပါဝင်ပါတယ်။ ရှေ့ sensor မှာ PDAF ကိုအသုံးပြုထားတာကြောင့် focus ချိန်မှုမှာ ပိုမိုမြန်ဆန်ဖို့အတွက် အထောက်အကူပြုပါတယ်။
C9 Pro မှာ မျက်နှာပြင် 6 လက်မရှိတဲ့ Full HD Super AMOLED display ၊ fingerprint sensor ၊ Qualcomm Snapdragon 653 chipset ၊ RAM 6 GB ၊ internal storage 64 GB ပါဝင်ပါတယ်။ ဒါ့အပြင် 4000 mAh ဘက်ထရီ၊ USB type-C port တို့ကို အသုံးပြုထားပေမယ့် နောက်ဆုံးထွက်ရှိထားတဲ့ Android N update ကိုတော့ အသုံးပြုမထားဘူးလို့ သိရပါတယ်။

(4) (20 MP + 8 MP) ရှေ့ကင်မရာနှစ်ခုနဲ့ Vivo V5 Plus

>>>>>>>>

Vivo က ရှေ့ကင်မရာနှစ်ခုနဲ့ ပထမဆုံးစမတ်ဖုန်းကို မကြာသေးခင်ကပဲ မိတ်ဆက်ခဲ့တာဖြစ်ပြီး DSLR နဲ့ background blur ကိုအသုံးပြုပြီး Selfie ကောင်းကောင်းရိုက်ချင်သူတွေအတွက် Vivo V5 Plus ကိုရွေးချယ်တာ မှန်ကန်ပါလိမ့်မယ်။ Vivo V5 Plus မှာ 20 MP Sony IMX376, f/2.0 camera sensor နဲ့ 8 MP camera sensor တို့ပါရှိတဲ့ ရှေ့ကင်မရာတွေပါဝင်ပြီး နောက်ကင်မရာကတော့ 16 MP f/2.0 ပဲ ရှိပါတယ်။ ဒီစမတ်ဖုန်းမှာ 2.5 D ဘေးဘောင်အဝိုင်း နဲ့ (1920 x 1080) resolution နဲ့ 5.5 လက်မ FHD မျက်နှာပြင် ၊ Corning Gorilla 5.0 ၊ Qualcomm Snapdragon 625 Chipset ၊ Ram 4 GB ၊ Storage 64 GB ၊ Android Marshmallow 6.0.1 ၊ 3055 mAH ဘက်ထရီ ၊ fingerprint sensor တို့ပါဝင်ပြီး ရှေ့ကင်မရာနှစ်ခုမှာတော့ 32-Bit Hi-Resolution audio ပါဝင်တယ်လို့ သိရပါတယ်။ ဒီစမတ်ဖုန်းကို 2017 ဇန်နဝါရီလက မိတ်ဆက်ခဲ့တာဖြစ်ပြီး ဈေးနှုန်းကတော့ ရူပီး 27980 ( အမေရိကန်ဒေါ်လာ 430 ၊ မြန်မာကျပ်ငွေ 5 သိန်း 8 သောင်းဝန်းကျင်) ရှိတယ်လို့ သိရပါတယ်။

(5) HTC Desire 826

>>>>>>>>

HTC Desire 826 ကလည်း HTC ရဲ့စမတ်ဖုန်းတွေထဲက Selfie ရိုက်လို့ကောင်းတဲ့ စမတ်ဖုန်းတစ်မျိုးပဲဖြစ်ပါတယ်။ ဒီစမတ်ဖုန်းမှာ Auto focus ultra-pixel ရှေ့ကင်မရာပါဝင်ပြီး အဖွဲ့လိုက်ဓါတ်ပုံရိုက်တဲ့အခါမှာလည်း တစ်ယောက်ချင်းစီအတွက် ကောင်းမွန်တဲ့ရုပ်ထွက်ပေးနိုင်ပါတယ်။ HTC Desire 826 ရဲ့ ရှေ့ကင်မရာမှာတော့ Mega Pixel အများကြီးပါဝင်ခြင်းမရှိပေမယ့် pixels ပိုများတဲ့ ကင်မရာ Lens တွေပါဝင်တာကြောင့် light 300% ထက် ပိုရိုက်နိုင်ပြီး အလင်းရောင်သိပ်မကောင်းတဲ့အချိန်မှာတောင် ပုံကောင်းကောင်းကို ရရှိနိုင်တယ်လို့ ဆိုထားပါတယ်။
နောက်ကင်မရာကတော့ U-focus feature ပါဝင်ပြီး blur အတွက် DSLR type focus ကိုအသုံးပြုထားပါတယ်။ နောက်ကင်မရာကတော့ 13 MP ရှိပြီး Autofocus ၊ HDR+ နဲ့ Dual LED flash ကြောင့် အလင်းရောင်အားနည်းနေရင်တောင်မှ ဓါတ်ပုံကောင်းတွေကို ရရှိနိုင်ပါတယ်။ HTC Desire 826 မှာ 1920 x 1080 resolution နဲ့ Full HD display ပါဝင်ပြီး Android Lollipop ကိုအသုံးပြုထားပါတယ်။

(6) 16 MP ရှေ့ကင်မရာနဲ့ Sony Xperia XA Ultra

>>>>>>>>

Sony ကပြုလုပ်တဲ့ Exmor R S lens နဲ့ အကောင်းဆုံးကင်မရာနဲ့ စမတ်ဖုန်းတစ်ခုရှိပြီး ဒါကတော့ XA Ultra ပါပဲ။ Sony Xperia XA Ultra ကို အိန္ဒိယမှာ 2016 ခုနှစ် ဇူလိုင်လအကုန်မှာ မိတ်ဆက်ခဲ့တာဖြစ်ပြီး Sony ရဲ့ နောက်ဆုံးထွက်ထားတဲ့ စမတ်ဖုန်းလည်း ဖြစ်ပါတယ်။ စတင်မိတ်ဆက်တဲ့အချိန်မှာတော့ ဈေးနှုန်းက ရူပီး 29999 (မြန်မာကျပ်ငွေ 6 သိန်း 9 သောင်းဝန်းကျင်) ရှိပါတယ်။ Sony Xperia XA Ultra မှာ 16 MP ရှေ့ကင်မရာ ပါဝင်ပါတယ်။ နောက်ကင်မရာကတော့ 21.5 MP Sony Exmor RS lens ပါရှိပြီး Hybrid Auto-focus ၊ OIS ၊ Dual LED flash တို့က ပုံထွက်ကောင်းဖို့အတွက် ထောက်ပံ့ပေးထားပါတယ်။ 2.0 GHz နဲ့ Mediatek Helio P10 processor clocked ၊ RAM 3 GB ၊ 16 GB internal storage (micro-sd card ကိုအသုံးပြုပြီး 200 GB ထိ တိုးချဲ့အသုံးပြုနိုင်) ပါဝင်ပါတယ်။ မျက်နှာပြင်ကတော့ Full HD resolution နဲ့ 6.0 လက်မ display ၊ Android Marshmallow 6.0 ၊ 4G LTE ၊ 2700 mAH ဘက်ထရီတို့ ပါဝင်ပါတယ်။

(7) 16 MP ရှေ့ကင်မရာနဲ့ OPPO F1 Plus

>>>>>>>>

Selfie ဦးစားပေး စမတ်ဖုန်းလိုချင်သူတွေအတွက်တော့ နောက်ဆုံးစဉ်းစားနိုင်တဲ့ စမတ်ဖုန်းတမျိုးဖြစ်တဲ့ OPPO F1 Plus ကို ဝယ်ယူဖို့ စဉ်းစားနိုင်ပါတယ်။ OPPO ကနေ ဒီစမတ်ဖုန်းနောက်ပိုင်း Selfie ကောင်းတာတွေ ထပ်ထုတ်ထားပေမယ့် ဒီဆောင်းပါးရေးသူကတော့ F1 Plus ကိုပဲ ညွှန်းထားပါတယ်။ OPPO F1 Plus မှာ ရှေ့ကင်မရာ 16 Mega pixel ပါရှိပြီး နောက်ကင်မရာကတော့ 13 Mega pixel ပါရှိပါတယ်။ OPPO ကတော့ OPPO F1 Plus ကို Selfie Expert စမတ်ဖုန်းလို့ ခေါ်ပါတယ်။ ဈေးနှုန်းကတော့ ရူပီး 25699 (အမေရိကန်ဒေါ်လာ 380 ၊ မြန်မာကျပ်ငွေ 5 သိန်းဝန်းကျင်) ရှိပါတယ်။ ဒီစမတ်ဖုန်းရဲ့ 16 MP နဲ့ ရှေ့ကင်မရာမှာ ISOCell နည်းပညာကိုအသုံးပြုထားပြီး RAM 4 GB ၊ 2.0 GHz (Mediatek MT6755 Helio P10), Octa Core processor ၊ internal storage 64 GB ၊ 2850 mAH ဘက်ထရီတို့ ပါဝင်ပါတယ်။ အထူကတော့ 6.6 mm ပဲရှိတဲ့အတွက် ပါးလွှာတဲ့စမတ်ဖုန်းလည်းဖြစ်ပြီး မျက်နှာပြင်ကတော့ 401 PPI Full HD display နဲ့ 5.5 လက်မ ရှိပါတယ်။ OPPO F1 Plus မှာ Android Lollipop 5.1 ၊ fingerprint scanner တို့ကို အသုံးပြုထားပြီး 4G LTE ကိုလည်း ချိတ်ဆက်နိုင်ပါတယ်။



#candytech.in

သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal










<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com


0 comments:

Post a Comment