♪ Facebook က Modular Smartphone ကို တီထွင်နေသလား ? ♫


ယခင် DARPA ရဲ့ ဒါရိုက်တာ ဖြစ်သူ Regina Dugan ဦးဆောင်တဲ့ Facebook ရဲ့ Building 8 ဟာ လျှို့ဝှက်ဌာန ဖြစ်ပြီး အစိတ်အပိုင်းများကို ဖြုတ်လဲနိုင်တဲ့ Modular Smartphone ကို တီထွင်နေတယ်လို့ Business Insider က ရေးသားထားပါတယ်။

Facebook က သံလိုက်များဖြင့် ချိတ်ဆက်နိုင်တဲ့ ကိရိယာတစ်ခုရဲ့ Patent ကို မှတ်ပုံတင်ထားပါတယ်။ Patent ရဲ့ Product Categories မှာ ဖုန်းနဲ့ စမတ်စပီကာ အဖြစ် ဖော်ပြထားပါတယ်။ Facebook ရဲ့ Patent အရ သူ တီထွင်နေတဲ့ ကိရိယာကို မသိရသေးပေမယ့် Modular Devices ကတော့ သေချာနေပါတယ်။ Dugan ဟာ Modular Smartphones များနဲ့ ပတ်သက်ပြီး သမိုင်းရှိခဲ့ဖူးပါတယ်။ သူမဟာ Project Ara လို့ခေါ်တဲ့ Modular Phone ကို တီထွင်ခဲ့တဲ့ Google Advanced Technology and Projects ဌာနကို ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

သူမဟာ ယခုနှစ် အစောပိုင်းမှာ ထူးခြားဆန်းသစ်တဲ့ Hardware များကို ဖန်တီးနေတဲ့ Building 8 ကို ဦးဆောင်ဖို့ Facebook နဲ့ ပူးပေါင်းခဲ့ပါတယ်။ အဲဒီ ကိရိယာများထဲမှာ လူ့ စိတ်ကူးဖြင့် စာရိုက်နိုင်တဲ့ နည်းပညာလည်း ပါဝင်ပါတယ်။ အဲဒီဌာနရဲ့ New Product Introduction မှ အကြီးအကဲ ဖြစ်သူ Bernard Richardson ဟာလည်း Amazon Echo Speaker ကို ဖန်တီးခဲ့သူများထဲမှာ ပါဝင်ပါတယ်။ Business Insider က Project Ara မှာ အလုပ်လုပ်ခဲ့ဖူးသူများဟာ Facebook ရဲ့ Building 8 ကို ရောက်နေကြပြီလို့ ရေးသားထားပါတယ်။



Credit to ==> DigitalTimes.com.mm






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com


0 comments:

Post a Comment