♪ ကိုယ့်ရဲ့ စမတ်ဖုန်း လေးလံလာရခြင်း အကြောင်းအရင်း (၄) ခု ♫


စမတ်ဖုန်းများရဲ့ စွမ်းဆောင်ရည်ဟာ အချိန်ကြာလာတာနဲ့အမျှ ကျဆင်းလာကြပါတယ်။ Android ရော iOS မှာပါ ဒီပြဿနာ ရှိနေတာ ဖြစ်ပါတယ်။ စမတ်ဖုန်းကို စတင် အသုံးပြုပြီး လအနည်းငယ်ကြာတဲ့ အချိန်မှာ ဒီပြဿနာ ဖြစ်ပေါ်လေ့ရှိပါတယ်။ ဖုန်းများ လေးလံလာခြင်း အကြောင်းအရင်းများစွာ ရှိတဲ့အထဲကမှ အဓိက ကျတဲ့ အကြောင်းအရင်း (၄) ခုကို ဖော်ပြလိုက်ပါတယ်။

၁။ OS Upgrade

Android KitKat နဲ့ iOS 7 တို့ကို ၂၀၁၃ ခုနှစ်က ဖြန့်ချီခဲ့တာ ဖြစ်ပါတယ်။ အဲဒီ OS များဟာ အဲဒီခေတ်က Hardware Specifications များနဲ့ ကိုက်ညီအောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ Hardware Specifications များဟာ တိုးတက်လာတဲ့အတွက် iOS နဲ့ Android OS အသစ်များမှာ စွမ်းဆောင်ချက် အသစ်များ ပါလာကြပါပြီ။ ဒါပေမယ့် ဒီ စွမ်းဆောင်ချက်များဟာ Hardware အသစ်များ သို့မဟုတ် ဖုန်းအသစ်များအတွက် ဖန်တီးထားတာ ဖြစ်ပါတယ်။ သင့် ဖုန်းအဟောင်းမှာ OS အသစ်များကို ထည့်သွင်းခြင်းကြောင့် ဖုန်းကို လေးလံစေပါတယ်။

ဒါပေမယ့်လည်း OS အသစ်များကို ဥပေက္ခာပြုဖို့လည်း ခက်ခဲပါတယ်။ အဲဒီအတွက် အသေးစား Update များဟာ အိုကေပါတယ်။ ဒါပေမယ့် Android KitKat ကနေ Nougat ကို အဆင့်မြှင့်ရင်တော့ ပြဿနာများနဲ့ ရင်ဆိုင်ရမှာပါ။

၂။ App Updates
Android နဲ့ iOS Devices များမှာ Apps, Games များကို ထည့်သွင်း အသုံးပြုကြပါတယ်။ အဲဒီ Apps နဲ့ Games များဟာ အစောပိုင်းမှာ ပေါ့ပါး သေးငယ်ပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ သူတို့ဟာ အရွယ်အစားကြီးမားလာပြီး ဖုန်းကို လေးလံစေပါတယ်။ ဒါဟာ App Updates များကြောင့် ဖြစ်ပါတယ်။ Developers များဟာ Updates များကို စဉ်ဆက်မပြတ် ဖြန့်ချီပေးကြပြီး စွမ်းဆောင်ချက် အသစ်များ ပါလာပါတယ်။ အဲဒီအတွက် RAM , CPU တို့ကို အလွန် စားသုံးလာကြပါတယ်။

ဒီပြဿနာကို ဖြေရှင်းနိုင်တဲ့ အကောင်းဆုံးနည်းကတော့ App တစ်ခုဟာ လေးလံလာတယ်လို့ ထင်ရင် အခြား ပေါ့ပါးတဲ့ App ဖြင့် အစားထိုးပါ။ ဥပမာအားဖြင့် Facebook အစား Facebook Lite, Metal တို့ကို သုံးပါ။

၃။ နောက်ကွယ်မှာ Run နေတဲ့ Apps များ။
နောက်ကွယ်မှာ Run နေတဲ့ Apps များကလည်း ဖုန်းကိုလေးလံစေတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။ ဖုန်း အသုံးပြုတာကြာလာတာနဲ့အမျှ သင့်ဖုန်းမှာ Apps, Games များစွာကို အင်စတောလုပ်ထားမိမှာပါ။ အဲဒီအထဲမှ အချို့ Apps များဟာ သူတို့ကို မဖွင့်ဘဲနဲ့ နောက်ကွယ်မှာ Run နေကြပါတယ်။ Email Services , Messaging တို့လို Apps များဟာ အမြဲ Active ဖြစ်နေကြပါတယ်။ အဲဒီ Apps များက CPU , RAM တို့ကို စားသုံးတဲ့အတွက် ဖုန်းရဲ့ စွမ်းရည်ကို ကျဆင်းစေပါတယ်။

အဲဒီ Apps များကို Disable or Uninstall လုပ်ခြင်းဖြင့် ဖုန်း လေးလံခြင်းကို လျှော့ချနိုင်ပါတယ်။ Live Wallpapers များအစား သာမာန် Wallpapers များကိုသာ သုံးပါ။

၎။ Memory စွမ်းရည် ကျဆင်းခြင်း။
စမတ်ဖုန်းများဟာ NAND လို့ခေါ်တဲ့ Flash Memory ဖြင့် မောင်းနှင်ကြပါတယ်။ NAND Memory ပြည့်လာတာနဲ့အမျှ ဖုန်းဟာ လေးလံလာပါတယ်။ NAND Memory အမျိုးအစားသုံးခုရှိပြီး SLC, MLC, TLC တို့ဖြစ်ကြပါတယ်။ သူတို့ တစ်ခုချင်းစီဟာ Memory Cell တစ်ခုစီအတွက် Write Cycle ကန့်သတ်ချက်ရှိပါတယ်။ အဲဒီ ကန့်သတ်ချက်ရောက်ရင် Cells များရဲ့ စွမ်းရည်ဟာ ကျဆင်းသွားပြီး ဖုန်းရဲ့စွမ်းရည်ကိုပါ ထိခိုက်စေပါတယ်။

ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် အကောင်းဆုံး နည်းလမ်းကတော့ သင့်ဖုန်းရဲ့ စုစုပေါင်း Storage ရဲ့ ၇၅ ရာခိုင်နှုန်းကိုသာ အသုံးပြုပါ။ ဥပမာအားဖြင့် သင့်မှာ 16GB Internal Storage ရှိရင် 10GB ထက် ကျော်မသုံးရင် ဖုန်းရဲ့ စွမ်းရည်ကို မထိခိုက်စေပါဘူး။




Credit to ==> DigitalTimes.com.mm






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com


0 comments:

Post a Comment