♪ တန်ဖိုး 999,000 ကျပ်ရှိတဲ့ - Sony XZ Premium ရဲ့ အားသာချက် အားနည်းချက် သုံးသပ်ချက်များ ♫


Sony XZ Premium
အားသာချက်
Screen အရည်အသွေး တော်တော်လေးမြင့်မားပြီး ကောင်းမွန်နေ ခြင်း၊ ဖုန်းမှာသုံးထားတဲ့ CPU, GPU, Chipset တွေနဲ့ မှတ်ဉာဏ်ပိုင်း မြင့်မားကောင်းမွန်ခြင်း၊ ကင်မရာအရည်အသွေးကောင်းမွန်ခြင်းတွေက ဒီဖုန်းရဲ့ အဓိကအားသာချက်တွေလို့ပဲ ပြောရမှာပါ။ ရှေ့ကင်မရာနဲ့ နောက်ဘက်ကင်မရာတွေရဲ့အရည် အသွေးကောင်းမွန်တဲ့အပြင် ကင်မရာမှာပါဝင်တဲ့ နည်းပညာတွေက လည်း ကောင်းမွန်ပါတယ်။ ရေစိုခံ အကြမ်းခံခြင်းအပိုင်းမှာလည်း IP Rate ကကောင်းမွန်ပါတယ်။

အားနည်းချက်
XZ Premium ဟာအလေးချိန်အနည်းငယ်များပြီး ဖုန်းမှာပါဝင်တဲ့ ဘက်ထရီကလည်း သူ့ရဲ့ Screen, CPU တွေနဲ့ နှိုင်းယှဉ်လိုက်ရင်နည်း နေပါတယ်။ ဒီဖုန်းမှာ FM Radio စနစ်လည်း ပါဝင်တာမတွေ့ရပါဘူး။

ဒီဇိုင်း
တည်ငြိမ်တဲ့ ဒီဇိုင်းပုံစံမျိုး ရှိနေပြီး Sony ဖုန်းတွေရဲ့ ထုံးစံအတိုင်းပဲ အနားထောင့်တွေက ထောင့်ကျကျပုံစံမျိုးတည်ဆောက်ထားတာတွေ့ရ ပါတယ်။ Fingerprint ကိုတော့ ဖုန်းရဲ့ ညာဘက်ဘေးဘောင်ပေါ်မှာ တပ်ဆင်ပေးထားတာတွေ့ရပါတယ်။ ဖုန်းရဲ့ရှေ့မျက်နှာပြင် အထက်နဲ့ အောက်ခြေပိုင်း အနားဘောင်တွေ ကျယ်ပြန့်ပြီး ဘေးဘောင်တွေက တော့ ပါးလွှာပါတယ်။ ဖုန်းကိုယ်ထည်ကို ဖန်၊ သတ္တုနဲ့ ပလတ်စတစ်ကို ရောစပ်ပြုလုပ်ထားတဲ့ ပုံစံမျိုးပါ။ ဖုန်းရဲ့အရွယ်အစားနဲ့ ထုထည်က ကောင်းမွန် တဲ့အတွက် ကိုင်တွယ်အသုံးပြုချိန်မှာ လက်နဲ့ အလိုက်သင့် အဆင်ပြေစေပေမယ့် အလေးချိန်ကတော့ အတန်အသင့်ရှိနေပါတယ်။ ဖုန်းရဲ့ ရှေ့ဘက်နဲ့ နောက်ဘက် တွေကို Corning Gorilla Glass 5 နဲ့ ဖုံးအုပ်ပေးထားတဲ့အတွက် ကိုယ်ထည်ပွန်းရှခြင်းတွေကို အတန်အသင့် ခံနိုင်ရည်ရှိနေပြီး ချောမွေ့တောက်ပြောင်နေစေပါတယ်။

မြင်ကွင်း
၅.၄၆ လက်မရှိတဲ့ IPS LCD Screen ဖြစ်ပြီး 3840 x 2160 Pixels ရှိတဲ့ 4K Ultra HD Screen အမျိုးအစားပါ။

နည်းပညာ
ကင်မရာပိုင်းမှာတော့ Slowmotion ရိုက်နိုင်တဲ့စနစ်ပါလာပါတယ်။ XZ Premium ရဲ့ကင်မရာမှာပါလာတဲ့ Slowmotion စနစ်ဟာ တစက္ကန့်  ကို 960 frames နဲ့ရိုက်နိုင်ပါတယ်။ နောက်ဘက် 19 Megapixels ကင်မရာမှာတော့ “Motion Eye” ဆိုတဲ့ စနစ်ပါဝင်ပြီး ဒီစနစ်မှာတော့ shutter မနှိပ်ခင် ဓာတ်ပုံများ ရိုက်ကူးပေးနိုင်တဲ့ “Predictive Capture” mode စနစ် လည်းပါဝင်လာပါတယ်။ Electronic Image Stabilization နည်းပညာ ကိုလည်း ဒီဖုန်းမှာ တွေ့မြင်နိုင်ပါတယ်။ Focus ကောင်းမွန်စေတဲ့ Object Tracking စနစ်၊ Lacer Focus နည်းပညာတွေလည်း ပါဝင်လာပါတယ်။

သုံးသပ်ချက်
ဖုန်းတစ်ခုလုံးကိုခြုံပြီး သုံးသပ်ကြည့်ရင်တော့ XZ Premium ဟာ ဖုန်းရဲ့ Screen ပိုင်းမှာ အရည်အသွေးမြင့်မားကောင်းမွန်တဲ့အပြင် ကင်မရာပိုင်းမှာဆိုရင်လည်း Megapixels ပိုင်းရော နည်းပညာပိုင်းတွေ ပါ ကောင်းမွန်တဲ့ဖုန်းပါ။ ဖုန်းမှာသုံးထားတဲ့ Hardware ပိုင်းတွေမှာ လည်းမြင့်မားကောင်းမွန်ပါတယ်။ ဖုန်းရဲ့ CPU ပိုင်းနဲ့ Screen အရည် အသွေးနဲ့ Resolution ပိုင်းမှာ မြင့်မားနေပြီး ဘက်ထရီပိုင်းမှာ သိုလှောင် မှုပမာဏ နည်းနေတာကတော့ ဖုန်းကို အချိန်ကြာကြာ အသုံးပြုနိုင်ဖို့ ခက်ခဲစေပါတယ်။ မှတ်ဉာဏ်ပိုင်းနဲ့ ဖုန်းရဲ့အခြားအသုံးပြုစနစ်ပိုင်းတွေ ကောင်းမွန်ပြီး အားသွင်းမြန်ဆန်တဲ့ Fast battery charging (Quick Charge 3.0) စနစ်ကလည်း အဆင်ပြေစေပါတယ်။ ရေစိုခံ အကြမ်းခံ ဖုန်းအမျိုးအစားတစ်ခုဖြစ်တယ်ဆိုတဲ့အချက်ကလည်း ကောင်းမွန်တဲ့အ ချက်တစ်ခုပါပဲ။ Fingerprint ပါဝင်ပြီး ပါဝင်တဲ့ Fingerprint ကလည်း ကောင်းမွန်ပေမယ့် ဖုန်းရဲ့ ညာဘက်ဘေးဘောင်မှာတပ်ဆင်ထားတဲ့အ ချက်ကတော့ သုံးရတာ နည်းနည်းကသိကအောင့်ဖြစ်သလိုခံစားရစေ ပါတယ်။ ကိုယ်ထည်က ပြောင်လက်ချောမွေ့ပြီး လှပနေပေမယ့် လက် ရာတွေတော့ တော်တော်လေး ထင်စေပါတယ်။

Network      GSM – 2G/ 3G/ 4G
SIM              Dual SIM (Nano Sim, Dual Stand-by)
OS                Android OS, v7.1
CPU             Octa-core (4×2.45 GHz Kryo & 4×1.9 GHz)
GPU             Adreno 540
Memory      Iternal 64GB, 4GB RAM, Micro SD 256GB
Camera      19 MP, f/2.0, 25mm, EIS (gyro), predictive phase detection and laser autofocus, LED                       flash, 1/2.3″ sensor size, geo-tagging, touch focus, face detection, HDR, panorama Video
HDR, Secondary 13 MP, f/2.0, 22mm, 1/3″ sensor size

Wi-Fi            802.11 a/b/g/n/ac, dual-band, Wi-FiDirect,  DLNA, hotspot, Direct, DLNA, hotspot       
Bluetooth      5.0, A2DP, aptX, LE
Battery          Li-Ion 3230 mAh Battery


သူတို့အမြင်

ကိုအေးဇော်လင်း (စမ်းသပ်အသုံးပြုသူ)
ဒီဖုန်းက ဈေးကတော့ တော်တော်လေး မြင့်တယ်။ ဒါပေမယ့် ကင်မရာပိုင်းမှာတော့ တော်တော်လေး ကောင်းတာတွေ့ရတယ်။ ဓာတ်ပုံရိုက်တဲ့အချိန်မှာ ပုံထွက်ကလည်း ကောင်းပါတယ်။ Slowmotion စနစ်နဲ့ Brush Shoot စနစ်တွေကလည်းတော်တော် လေးကောင်းတာတွေ့ရတယ်။ Sensor တွေကလည်းကောင်းတော့ သုံးရတာတော့ အရမ်းမိုက်တယ်။ ဖုန်းကဒီဇိုင်းလည်း တော်တော် လေးလှပါတယ်။ ဒါပေမယ့်အရမ်းပြောင်လက်နေပြီး Gorilla Glass တွေနဲ့ လုပ်ထားတော့ လက်ရာတွေကတော့အရမ်းထင်တယ်။ ဖုန်း ထဲမှာပါတဲ့ Hardware ပိုင်းကလည်း ပြောစရာမရှိအောင်ကောင်းပါ တယ်။

ကိုစိုးသန်း (စမ်းသပ်အသုံးပြုသူ)
ဖုန်းကတော့ ကင်မရာပိုင်းကိုတော်တော်သဘောကျတယ်။ Screen ကလည်းအရမ်းကောင်းလွန်းတယ်။ ဖုန်းထဲမှာပါတဲ့ CPU, GPU အစရှိတဲ့ သူ့ရဲ့ Specification တွေကလည်းကောင်းပါတယ်။ ဒီဇိုင်းပိုင်းလည်းကြိုက်တယ်။ ဘက်ထရီကိုတော့ နည်းတယ်လို့ထင် မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ CPU ကလည်း အရမ်းမြင့်တဲ့အတွက် ပါဝါသုံးနှုန်းများမယ်။ Screen ကလည်း 4K Resolution ဆိုတော့ ပါဝါသုံးနှုန်းကများတယ်။ ဒီနှစ်ချက်နဲ့တင် ဘက်ထရီကနည်းတယ် လို့ ပြောလို့ရနေတယ်။ ဘက်ထရီပိုင်းတော့ သိပ်သဘောမကျဘူး။

ကိုစိုင်းဝင်းစိုး (စမ်းသပ်အသုံးပြုသူ)
ကင်မရာပိုင်းမှာပါတဲ့ နည်းပညာတွေက တော်တော်လေးကောင်း တာတွေ့ရတယ်။ ဓာတ်ပုံသမားတွေအ တွက်ကတော့ စိတ်ကြိုက်ဖြစ်နိုင်ပါတယ်။ CPU ပိုင်းနဲ့ ဖုန်းရဲ့အတွင်း ပိုင်း Hardware ပိုင်းတွေမှာလည်းတော်တော်လေး မြင့်ပြီးကောင်း တာတွေ့ရတယ်။ ရေစိုခံတဲ့အပိုင်းမှာလည်း တော်တော်လေး ကောင်းတယ်။ Screen ကလည်းတော်တော်လေးမြင့်မားပြီးကောင်း ပါတယ်။ ဘက်ထရီကတော့ နည်းတယ်လို့ ခံစားရတယ်။ ဒီဇိုင်းပိုင်းကလည်း ကောင်းပါတယ်။

 


 
 


-ကိုသက်

Credit to ==> Internet Journal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com


0 comments:

Post a Comment