♪ “Samsung Galaxy S8 Plus” ၀ယ်ချင်သူများလေ့လာနိုင်ဖို့အသေးစိတ်ဖော်ပြချက်များ ♫

Image may contain: 1 person, smiling, standing

Samsung ဟာ မျက်နှာပြင်ပိုင်းအတွက် အထူးဂရုစိုက်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။ သာမန်ဖုန်းတွေကိုင်တွယ်ရ တာနဲ့ လုံးဝကွဲပြားတဲ့ မြင်ကွင်းကိုခံစားရမှာဖြစ်ပြီး ရှင်းလင်းပီသတဲ့ ရုပ်ထွက်ပိုင်းနဲ့ သုံးနိုင်ပါလိမ့်မယ်။
တစ်နည်းပြောရရင်တော့ စမတ်ဖုန်းထက်စာရင် phablet နဲ့တောင် ပို၍ဆင်တူပါသေးတယ်။ S8 Plus တွင် G955F, G955FD, G955W, G955A, G955P, G955T, G955V, G955R4, G955U, G955/G955K/G955L, G9550 စသော မော်ဒယ်နံပါတ်ကွဲများစွာရှိပါတယ်။ S8 Plus ရဲ့ ဖုန်းကိုယ်ထည်အရွယ်အစားပမာဏကတော့ 159.5x73.4x 8.1mm ရှိကာ
အလေးချိန်မှာ 173g ရှိပါတယ်။ Gorilla Glass 5 Back Panel ဖြင့်
တည်ဆောက်ထားသော S8 Plus တွင် IP68 အသိအမှတ်ပြုထားသော
စွမ်းရည်လည်းပါရှိပါတယ်။ S8 Plus ဟာ ရေအနက် ၁.၅ မီတာတွင် မိနစ် ၃၀ နီးပါးခံနိုင်စွမ်းရှိပါမယ်။ Samsung Pay စနစ် အသုံးပြု၍လည်း
ငွေပေးချေခြင်းကိုလုပ်ဆောင်နိုင်ပါမယ်။ S8 Plus ရဲ့ မျက်နှာပြင်အကျယ်အ၀န်းကတော့ 6.2 inches ရှိကာ မြင်ကွင်းစွမ်းရည်အပိုင်းတွင် 1440 x 2960 pixels ပမာဏဖြင့် ဖွဲ့စည်းပေးထားပါတယ်။ တစ်လက်မမှာရှိမယ့် pixel ပမာဏသိပ်သည်းဆကတော့ 529ppi ပါ။ အသုံးပြုနိုင်မယ့် OS
အမျိုးအစားကတော့ Nougat ဖြစ်ပြီး Chipset, CPU နှင့် GPU တို့မှာ
ထုတ်လုပ်ရောင်းချရာနိုင်ငံပေါ် မူတည်၍ ကွဲပြားခြားနားမှုရှိပါမယ်။

EMEA ဈေးကွက်အတွက် Chipset ကတော့ Exynos 8895 Octa ဖြစ်ပြီး Qualcomm Snapdragon 835 မှာ USA & China အတွက်ဖြစ်ပါတယ်။ Octa Core (4x2.3GHz & 4x1.7GHz) CPU စွမ်းရည်ကတော့ EMEA အတွက်ဖြစ်ပြီး၊ USA & China အတွက် CPU စွမ်းရည်မှာ Octa Core (4x2.35GHz Kryo & 4x1.9GHz Kryo) ဖြစ်ပါတယ်။ Mali-G71 MP20 GPU မှာ EMEA အတွက်ဖြစ်ပြီး Adreno 540 GPU မှာ USA & China အတွက်ဖြစ်ပါတယ်။ မှတ်ဥာဏ် ပမာဏအပိုင်းတွင် RAM 4GB/ROM 64GB နှင့် RAM 6GB/ROM 128GB ဆိုပြီး နှစ်မျိုးနှစ်စားရှိပါမယ်။ USB မှာ Type C 1.0 Reversible Connector အမျိုးအစားဖြစ်ပြီး၊ အားသွင်းအသုံးပြုရမယ့် ဘက်ထရီကတော့ Li-Ion 3500mAh ဖြစ်ပါတယ်။
အားသွင်းမြန်ဆန်သော Quick Charge 2.0 စနစ်လည်း ပါရှိပြီး၊ ရောင်းချရာဈေးကွက်ပေါ်မူတည်၍ Qi/PMA Wireless Charging ကို အသုံးပြုနိုင်ပါမယ်။ အသံဖြင့် ထိန်းချုပ်ခိုင်းစေနိုင်တဲ့စနစ်က အဆင့်မြင့်စမတ်ဖုန်း
တစ်လုံးမှာ မပါမဖြစ် ပါဝင်ရမယ့် အချက် တစ်ခုဖြစ်လာနေပါပြီ။ ဒါကြောင့်လည်း Samsung ဟာ S8 Plus မှာ Bixby ကို ထည့်သွင်းလာပါတယ်။ Bixby က သုံးရလွယ်ကူ တဲ့အပြင် ပိုပြီးတော့ အသုံးတွင်အောင် လုပ်ထားတာတွေ့ရပါတယ်။ သင့်အနေနဲ့ Bixby ကိုသုံးပြီး သီချင်းဖွင့်ခိုင်းနိုင်တယ်၊ စာလှမ်းပို့ခိုင်းနိုင်တယ်၊ တက္ကစီအငှားယာဉ်ခေါ်နိုင်ပါတယ်။ မျိုးဆက်သစ် S series ဖုန်းတွေမှာ Home Button လုံးဝမပါဝင်တော့တာတော့မဟုတ်ဘဲ Home, back, multi-tasking နဲ့ပတ်သက်တဲ့လုပ်ဆောင်ချက် Button 3 ခုကိုတော့ ဖုန်းရဲ့အောက်ခြေ Screen ဖန်သားပြင်ရဲ့အောက်ထဲမှာ pressure sensitive button အနေနဲ့ ထည့်သွင်းထားပြီး ဒီနည်းပညာကို
တော့ Samsung က Invisible Home Button လို့အမည်ပေးထား
ပါတယ်။

Samsung ဟာ S8 Plus တွင်လည်း မျက်နှာစကင်စနစ် ထည့်သွင်းပေးထားပါတယ်။ သင့်အနေနဲ့ဖုန်းရှေ့မှာ မျက်နှာထားလိုက်ရုံဖြင့် ဖုန်းကိုဖွင့်နိုင်ပါမယ်။ ဖုန်းလုံခြုံရေးအတွက် ပိုမို စိတ်ချရလာစေပါတယ်။ မျက်နှာစကင်
စနစ်ကလည်း အလွန်လျင်မြန်လှပါတယ်။ သင့်ဘ၀ရဲ့ ပျော်ရွင်စရာ အခိုက်အတန့်တွေ တိုင်းကို S8 Plus မှာ တပ်ဆင်ပေးထားတဲ့ 12MP, f/1.7
စွမ်းရည်ရှိသော နောက်ကျောဘက်ကင်မရာ၊ 8MP, f/1.7 စွမ်းရည်ရှိသော အရှေ့ကင်မရာတွေကိုအသုံးပြုပြီး မြန်ဆန်သွက်လက်စွာ ဖမ်းယူနိုင်ပါလိမ့်မယ်။ နေ့၊ ညဘယ်လို အချိန်မျိုးမှာဖြစ်စေ အခိုက်အတန့်ကောင်းတွေကို
လွတ်သွားစေတော့မှာမဟုတ်ပါဘူး။ Selfie ဓာတ်ပုံကောင်းတွေရိုက်ကူးလိုသူတွေအတွက် လုပ်ဆောင်ကောင်းမွန်တဲ့ Feature တစ်ခုထည့်သွင်းပေးထားပါတယ်။ Smart Auto Focus လုပ်ဆောင်ချက်ဟာ ဘယ်လိုနေရာ
အချိန်မျိုးမှာမဆို Selfie Stick ကို အသုံးပြုပြီး ရိုက်ကူးမယ်ဆိုရင် ပုံရိပ်
တွေေ၀၀ါးမှုမရှိအောင်ကူညီပေးမှာဖြစ်ပြီး အဖွဲ့လိုက် ရိုက်ကူးမှုတွေ
အတွက် မျက်နှာတွေကို မှတ်မိသိရှိနိုင်ပါလိမ့်မယ်။ Pro Mode ကိုသုံးပြီး
ရိုက်မယ်ဆိုရင်တော့ တကယ့်ကင်မရာ တစ်လုံးကို သုံးနေရသလို
ပုံကောင်းတစ်ခုရဖို့ ချိန်ညှိနိုင်ပါလိမ့်မယ်။ Samsung အနေနဲ့ အခြားစမတ်ဖုန်းထုတ်လုပ်သူတွေ စမ်းသပ်ထည့်သွင်းခဲ့ပေမယ့် အောင်မြင်မှုသိပ်မရခဲ့တဲ့ desktop နည်းပညာတစ်ခုကိုလည်း မျိုးဆက်သစ်ဖုန်းတွေမှာ
ထည့်သွင်း ပေးထားပါတယ်။ Samsung Dex (Samsung Desktop Experience) လို့ ခေါ်တဲ့နည်းပညာသစ်ပါဝင်လာခဲ့ပြီး Galaxy S8+ ဖုန်းကို ကွန်ပျူတာ Display မှာတပ်ဆင်ပြီး စမတ်ဖုန်းကို Desktop ကွန်ပျူတာအဖြစ် ပြောင်းလဲအသုံးပြုနိုင်မယ့် နည်းပညာပါ။ ဒီနည်းပညာကိုအသုံးပြုပြီး ကွန်ပျူတာ Display နဲ့ ချိတ်ဆက်ဖို့ Dex Dock လို့ခေါ်တဲ့ Accessory
လေးကိုတော့ ထပ်မံဝယ်ယူရ ပါလိမ့်မယ်။ S8 Plus ရဲ့ တန်ဖိုးမှာ ၁,၁၉၀,၀၀၀/- ကျပ်ဝန်းကျင် ရှိပါတယ်။


Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com


0 comments:

Post a Comment