“LG က စွမ်းဆောင်ရည်မြင့် Q8 ကိုကြေညာ”

Image may contain: phone

LG က စွမ်းဆောင်ရည်မြင့် V20 စမတ်ဖုန်းရဲ့ အရွယ်သေးမော်ဒယ်ဖြစ် တဲ့ Q8 ကိုကြေညာလိုက်ပါတယ်။ LG Q8 ကလည်း စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း ဖြစ်ပြီး၅.၂ လက်မ QHD Display တပ်ဆင်ထားတဲ့ အပြင် ထူးခြားချက်မှာ Selfie Camera ရဲ့ ဘေးဘက်မှာဒုတိယ Display ငယ်လေးကိုထည့်သွင်းထားခြင်းဖြစ်ပါတယ်။

ဒါပေမယ့် Q8 မှာ Q6 လို Widescreen Display မပါပါဘူး။LG Q8 မှာ 4GB RAM, 32GB Storage, 3000mAh Battery တပ်ဆင်ထားပါတယ်။ microSD Slot ဖြင့် Storage ကို မြှင့်တင်နိုင်ပါတယ်။ Android 7.0 Nougat မောင်းနှင်မှာ ဖြစ်ပါတယ်။ Q8 ရဲ့ အနောက် ဘက်ဟာလည်း V20 ဒီဇိုင်းနဲ့ တူညီပြီး ကင်မရာ နှစ်လုံးတပ်ဆင်ထားပါတယ်။

အနောက်ဘက်မှာ 13MP Camera နဲ့ ၁၃၅ ဒီဂရီ မြင်ကွင်းကျယ် ဓာတ်ပုံများရိုက်ကူးနိုင်တဲ့ 8MP Camera တပ်ဆင်ထားပါတယ်။ အဓိကကင်မရာဖြစ်တဲ့ 13MP Camera မှာ Optical Image Stabilization နည်းပညာ ပါပြီး 4K Video များကို ရိုက်ကူးပေးနိုင်ပါတယ်။ အရှေ့ဘက်မှာ Full HD Video များရိုက်ကူး ပေးနိုင်တဲ့ 5MP Camera တစ်လုံးတပ်ဆင်ထားပါတယ်။

Qualcomm Snapdragon 820 Chipset မောင်းနှင်မှာဖြစ်ပြီးG6 ရဲ့ 821 ထက် အနည်းငယ် နိမ့်ကျပေမယ့် Q6 ရဲ့ 435 ထက်တော့ များစွာပိုမိုကောင်းမွန် ပါတယ်။ IP67 စံနှုန်းရှိတဲ့အတွက် ရေစိုခံပါတယ်။ သတ္တုကိုယ်ထည်ဖြင့် တည်ဆောက်ထားပါတယ်။ ဈေးနှုန်းကိုမသိရသေး ပေမယ့် LG Q8 ကို ယခုလထဲမှာရောင်းချပေးမှာ ဖြစ်ပါတယ်။


Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal









<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com



0 comments:

Post a Comment