♪ မြန်မာငွေ ၇ သိန်း ၅ သောင်း နှုန်းထားအားဖြင့် ဥရောပမှာ စတင်ဈေးဖွင့်လိုက်တဲ့ Honor 9 Premium ♫


Huawei ဟာ ဥရောပ ဈေးကွက်မှာ ပေါင် ၄၅၀ (အမေရိကန် ၅၈၅ ဒေါ်လာ ခန့်) ၊ မြန်မာငွေနှုန်းအားဖြင့် ငွေကျပ် ၇ သိန်း ၅ သောင်း ၀န်းကျင် တန်ကြေး ရှိတဲ့ Honor 9 Premium ကို စတင်ဈေးကွက်ဖွင့်လိုက်ပြီ ဖြစ်တယ် လို့ သိရပါတယ်။

ဂျာမန် ၀က်ဘ်ဆိုဒ် တစ်ခု ရဲ့ ဖော်ပြချက် အရ ဥရောပအတွင်း ၀င်ရောက်လာတဲ့ Honor 9 Premium ဟာ 6 GB RAM နဲ့ 128 GB သိုလှောင်နိုင်စွမ်း ပါရှိပြီး ဈေးကွက်ထဲမှာ အခိုင်အမာ ခြေကုပ်ယူထားတဲ့ Apple iphone, Motorola တွေ အပြင် ပြိုင်ဘက်ကောင်းများစွာ နဲ့ တွေ့ဆုံရမှာ ဖြစ်တယ် လို့ သိရပါတယ်။

ကျစ်လျစ်သွယ်လျတဲ့ Honor 9 ဟာ အရှေ့အာရှမှာတော့ တော်တော်လေး လူကြိုက်များကြတဲ့ အမှတ်တံဆိပ်ထဲ ပါဝင်ခဲ့ပြီး ဆွစ်ဇာလန် နဲ့ ပြင်သစ်ဈေးကွက်မှာ အ၀ယ်လိုက်ခဲ့တဲ့ အမျီုးအစားတစ်ခု လည်း ဖြစ်တယ် လို့ သိရပါတယ်။ Honor 9 Premium ဟာ အာရှဈေးကွက် ကို ၀င်ရောက်လာနိုင်သလား ဆိုတာကိုတော့ ကုမ္ပဏီ က ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိသေးပါဘူး။

Honor 9 Premium ဟာ 5.15 လက်မ HD မျက်နှာပြင် ၊ Kirin 960 Processor, တွေ ထည့်သွင်းထားပြီး ဘက်ထရီကတော့ 3200 mAh ဖြစ်ပါတယ်။ Dual Lens, Bokeh Effect, စတာတွေနဲ့ နာမည်ရခဲ့တဲ့ Huawei ရဲ့ အရည်အသွေးအတိုင်း အနောက် 20 Megapixel နဲ့ 12 Megapixel  ကင်မရာ သုံးစွဲထားတယ် လိှု့ ဆိုပါတယ်။




Credit to ==> DigitalTimes.com.mm





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com


0 comments:

Post a Comment