♪ “ အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာ ပြဿနာများ ” ♫

No automatic alt text available.

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက အားသွင်းရင် အားသွင်းတဲ့ ပုံစံပြပြီး အားကတက်မလာဘူး။ ဘဖြစ်လို့လဲဗျာ။
ဖြေ - ဟုတ်ကဲ့အစ်ကို။ အဲ့ Error က အရင်ဆုံး Battery အသစ်လဲကြည့်ပါ။ Battery မကောင်းရင်လည်း ဖြစ် တတ်ပါတယ်။ Battery လဲလို့မှမရရင် Battery Connector မှာ V Bat Vol 4V အပြည့်မရောက်လို့ပါ။ နီးစပ်ရာ Service ဆိုင်သွားပြကြည့်ပါ။

မေး - မင်္ဂလာပါအစ်ကို။ ကျွန်တော့်ဖုန်းက Sony M4 Aqua ပါ။ Root ဖောက်ဖို့ Custom Recovery သွင်းပါတယ်။ Root Zip File ကို Install လုပ်ပြီး Reboot ပြန်ချရင် Recovery Mode ကိုပဲ ပြန်ဝင်သွားပါတယ်။ ကူညီပါဦး။
ဖြေ - မင်္ဂလာပါခင်ဗျာ။ အစ်ကို့ဖုန်းက Kernal Error ဖြစ်သွားတာပါ။ Sony Flashtool ထဲမှာ Firmware ထည့်ပြီး Exclude ရဲ့အောက်မှာ Kernal တစ်ခုကိုပဲ အမှန်ခြစ်ဖြုတ်ပြီး ပြန် Flash လိုက်ပါ။ အဆင်ပြေပါစေခင်ဗျာ။

မေး - အစ်ကိုရေ ကျွန်တော့် Phone က အားမသွင်းပဲ အားသွင်းတဲ့ပုံပြနေတယ်။ အားလည်းမ၀င်ဘူး။ ဘာဖြစ်တာလဲမသိဘူး။
ဖြေ - ဟုတ်ကဲ့။ အစ်ကို့ Phone က USB ခေါင်းစစ်ဆေးကြည့်ပါ။ မရရင်တော့ Power IC လဲပေးရမှာပါ။

မေး - မင်္ဂလာပါအစ်ကို။ ကျွန်တော့်ဖုန်းက Meizu M5 Note ပါ။ Root ဖောက်ချင်လို့ပါအစ်ကို။ ဘယ် Software နဲ့ အဆင်ပြေမလဲဆိုတာ ဖြေပေးပါဦး။ ကျေးဇူးတင်ပါတယ်။
ဖြေ - မင်္ဂလာပါခင်ဗျာ။ အစ်ကို့ဖုန်းကို Root ဖောက်ဖို့အတွက်က Software မလိုပါဘူးခင်ဗျာ။ Flyme Account ရှိရင်ရပါတယ်။ လုပ်ဆောင်ပုံအဆင့်တွေက Setting > Fingerprint and Security > Root Permission > Accept (အမှန်ခြစ်) ပြီး Flyme Account Password ထည့်ပေးရင် ရပါပြီအစ်ကို။ အဆင်ပြေပါစေ။

မေး - အစ်ကိုရေ ကျွန်တော့် Phone က Phone တိုင်တက်တယ်။ သူများခေါ်လိုက်ရင် စက်ပိတ်ထားပါတယ်ပဲ ပြောနေတယ်။ ဘာဖြစ်တာလဲမသိဘူး။
ဖြေ - ဟုတ်ကဲ့။ အစ်ကို့ Phone က Network Section က PA IC လဲပေးရမှာပါ။ PA အတွက် V မရောက်ရင်လဲ ဖြစ်တတ်ပါတယ်။

မေး - အစ်ကိုရေ ကျွန်တော့် iPhone Screen က Normal မဟုတ်ဘဲ အ၀ါရောင်ဘက်သန်းနေတယ်။ ကျွန်တော်မှားနှိပ်မိတာများ ရှိလားမသိဘူး။ ဖြေရှင်းနည်းလမ်းလေးပေးပါဦးအစ်ကို။
ဖြေ - အစ်ကို့ iPhone မှာ Night Shift On နေရင် ဖြစ်တတ်ပါတယ်။ iPhone ရဲ့အောက်ဘက်က Notification Bar မှာရှိတဲ့ Night Shift ကို Off လိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်အစ်ကို။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက G730 ပါ။ လွန်ခဲ့တဲ့တစ်ပတ်လောက်က Touch လဲထားတယ်။ အခု Touch က သုံးလို့မရဘူး။ ကြောင်ကြောင်နေတယ်။ ဘာဖြစ်တာလဲမသိဘူးဗျ။
ဖြေ - အစ်ကိုရေ အဲ့တာကတော့ 730 တွေမှာ Touch က (or) နဲ့ ရိုးရိုးဆိုပြီးတော့ ၂ မျိုးလာတယ်။ အစ်ကို့ကိုထည့်ပေးလိုက်တဲ့ Touch က ရိုးရိုးဖြစ်မယ်။ ရိုးရိုး Touch တွေက Quality ညံ့တယ်။ တစ်ပတ် လောက်ပဲသုံးခံတယ်။ ပြီးတော့ပြန်ကြောင်သွားတယ်။ Service ဆိုင်ကို (or) လဲပေးပါလို့ပြောပြီး လဲခိုင်းလိုက်ပါ။

မေး - ကျွန်တော့်ဖုန်းက iPhone 5 ပါ။ Software အကုန်သုံးလို့ရတယ်။ ဒါပေမဲ့ ဂိမ်းဆော့ရင် ပါဝါပြန်ပြန်ကျ သွားတယ်။ USB ကြိုးနဲ့ ထိုးထားပြီးတော့သုံးရင် အဆင်ပြေတယ်ဗျ။
ဖြေ - အစ်ကိုရေ ဒီ Error မျိုးက 3G ဖုန်းတွေ Tablet တွေမှာ အဖြစ်များတယ်။ ခုနောက်ပိုင်း အဲ့လို Error မျိုးက iPhone 5 တွေမှာ ခဏခဏတွေ့နေရပါတယ်။ ဘာဖြစ်တာလဲဆိုရင် ဘက်ထရီရဲ့အားသိုလှောင်မှုက နည်းနေတာဖြစ်နိုင်တယ်။ ဒါကြောင့် အဲ့ဒီ Error မျိုးဖြစ်ခဲ့ရင် ဘက်ထရီအသစ်ကို လဲတပ်လိုက်ပါ။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Speaker အသံကြီး ၀ါးဝါးကြီးဖြစ်နေတယ်။ အသံမကောင်းဘူး။ ဘာလုပ်ရမလဲမသိဘူးဗျ။
ဖြေ - အစ်ကိုရေ အစ်ကို့ဖုန်းကို ဒီလို Error မဖြစ်ခင်က ဆိုင်တွေပြဘူးလား။ ဒီလို Error က Software မှားရေး ရင်လည်းဖြစ်နိုင်တယ်။ အသံပိုင်းကိုလုပ်ဆောင်ပေးတဲ့ Component လေးတွေကြောင့်လည်း ဖြစ်နိုင်တယ်။ Speaker ကြောင့်လည်း ဖြစ်နိုင်တယ်။ သေချာတာကတော့ အစ်ကိုရေ နီးစပ်ရာဆိုင်ကိုပဲ ပြကြည့်လိုက်ပါ။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com


0 comments:

Post a Comment