♪ အကြမ်း အတမ်းခံသောဖုန်း ဈေးနှုန်း ၂၉၉,၀၀၀/- - “Samsung Galaxy Xcover 4” ♫

Image may contain: 1 person, smiling, text

စမတ်ဖုန်းများကိုင်ဆောင်သုံးစွဲသည့်အခါတွင် အချို့သောသူများက ကင်မရာအရည်အသွေးကောင်းမွန်သော ဖုန်းများ ကိုကြိုက်နှစ်သက်ကြပြီး အချို့ကတော့ ဘက်ထရီစွမ်းအားကောင်းမွန်သော စမတ်ဖုန်းများကို ရွေးချယ်အသုံးပြုကြပါတယ်။ ဖုန်းမျက်နှာပြင်ကျယ်ဝန်းသော ဟန်းဆက် များကိုကြိုက်နှစ်သက်သူများလည်း ရှိပါတယ်။ အချို့သောသူများအတွက် အကြမ်း အတမ်းခံသောဖုန်းများဟာ ပိုမိုသင့်လျော်ပါတယ်။ စမတ်ဖုန်းများ ကိုင်ဆောင်အသုံးပြုတဲ့အခါတွင် ဂရုပြုကိုင်တွယ်ခြင်းမရှိသည့် အခါ ဖုန်းအသစ်တစ်လုံးဟာ ခဏအတွင်းမှာပဲပျက်စီးသွားနိုင်ပါတယ်။

အချို့သော သူများရဲ့ စမတ်ဖုန်းမျက်နှာပြင်ဟာ ကွဲရာ အက်ရာများဖြင့် ပျက်စီးနေတတ်ပြီး အချို့သူများရဲ့ ဖုန်းကတော့ ဘေးဘောင်များပွန်းပဲ့နေ တတ်ပါတယ်။ ဒေါသဖြစ်သည့် အခိုက်အတန့်တွင် ကိုင်ဆောင် အသုံးပြု သည့်ဖုန်းများကို ပစ်ပေါက်တတ်သလို၊ ဘေးပတ်ဝန်းကျင်မှသူများရဲ့ မတော်တဆမှုကြောင့်လည်း စားပွဲ (သို့) ခုံပေါ်တင်ထားသောဖုန်းများ ဟာ ပြုတ်ကျပျက်စီးတတ်ပါတယ်။ ထို့ကြောင့် အချို့သောသူများဟာ ဖုန်းကိုယ် ထည်ကြံ့ခိုင်သော ဟန်းဆက်များကိုသာ ရွေးချယ်အသုံးပြုကြ ပါတယ်။ ကိုယ်ထည်ကြံ့ခိုင်သော နောက်ဆုံးပေါ်ဟန်းဆက်ထဲတွင် Samsung ရဲ့ Galaxy Xcover 4 ရှိပါတယ်။ အဆိုပါဟန်းဆက်ဟာ IP 68 နှင့် MIL-STD-810G အသိအမှတ်ပြုထားသောကြောင့် ရေထဲသို့ပြုတ်ကျ သည့် အခါနှင့် မြေပြင်ပေါ် လွတ်ကျသည့်အခါများတွင် ထိခိုက်ပျက်စီးမှု ရှိမှာ မဟုတ်ပါဘူး။ ထို့ကြောင့် ဟန်းဆက်ကို ယုယုယယတ ရိုတသေ အသုံးမပြုတတ်သူများရွေးချယ်သင့်သော ဖုန်းအမျိုးအစားဖြစ်ပါတယ်။ မိသားစုဝင်ထဲတွင် ဟန်းဆက်များကိုယူ၍ ဆော့ကစားတတ်သည့် ကလေးငယ်များရှိပါကလည်း စိတ်ပူစရာမလိုတော့ပါဘူး။

Xcover 4 ကို ယခုနှစ် ၄ လ ပိုင်းခန့်တွင် ထုတ်လုပ်ပေးထားခြင်းဖြစ်ပြီး အသုံးပြုနိုင်မယ့် Network အမျိုးအစားကတော့ 2G/3G/4G ဖြစ်ပါတယ်။ ဖုန်းရဲ့အဓိကခလုတ်များဟာ ထူးခြားသော အသွင်အပြင်ဒီဇိုင်းရှိပါတယ်။ ဖုန်းကိုယ်ထည်အရွယ်အစားပမာဏကတော့ 146.2x 73.3x9.7 mm ရှိခြင်းကြောင့် ကိုင်ဆောင်အသုံးပြုဖို့အတွက် အဆင်ပြေပါလိမ့်မယ်။ ဖုန်းရဲ့ထောင့်စွန်းများဟာ ၀န်းဝိုက်သောပုံစံရှိပါတယ်။ ဖုန်းရဲ့အလေးချိန် ဟာ 172g ရှိပါတယ်။ ထည့်သွင်းသုံးစွဲရမယ့် ဆင်းကတ်အမျိုးအစား ကတော့ Micro SIM ပါ။ ဖုန်းရဲ့ မျက်နှာပြင်အတွက် IPS LCD capacitive touchscreen ကိုအသုံးပြုပေးထားပါတယ်။ 5 inches မျက်နှာပြင်အကျယ်အ၀န်းဟာ သင့်တင့်သော အရွယ်အစားပမာဏ ဖြစ်ခြင်းကြောင့် ဖုန်းမျက်နှာပြင်ကိုကြည့်ရှုအသုံးပြုတဲ့အခါတွင် အဆင်ပြေစေပါလိမ့်မယ်။ ကြည်လင်ကောင်းမွန်သော ပုံရိပ်များကို ပေးစွမ်းနိုင်စေဖို့အတွက် 720x1280 pixels ပမာဏနဲ့ ထောက်ပံ့ပေး ထားပါတယ်။ တစ်လက်မမှာရှိမယ့် pixel ပမာဏသိပ်သည်းဆကတော့ 294 ppi ပါ။ ကင်မရာနှစ်မျိုးနှစ်စား တပ်ဆင်ပေးထားပြီး အဓိက, ကင်မရာဟာ 13MP, f/1.9 စွမ်းရည်ရှိပြီး၊ LED Flash, Auto focus စနစ်များနှင့် တွဲဖက်အသုံးပြု နိုင်ပါမယ်။ ရှေ့ကင်မရာငယ်ကတော့ 5MP, f/2.2 စွမ်းရည်ရှိပါတယ်။ Geo-taging, Touch Focus, Face Detection, HDR, Panorama စသော ကင်မရာဆက်စပ်ပတ်သက် စနစ်များလည်း ပါရှိပါတယ်။ ဗီဒီယိုရိုက်ကူးနိုင်မယ့်စွမ်းရည်မှာ 1080p ဖြစ်ပြီး နှုန်းမှာ တစ်စက္ကန့်ကို 30frames ပါ။ အသံပိုင်းစနစ်တွင် Active Noise Cancellation with dedicated mic စနစ်ပါရှိပါတယ်။

အသုံးပြုနိုင်မယ့် OS အမျိုးအစားကတော့ Nougat ဖြစ်ခြင်းကြောင့် Version မြင့်သော App များကို ထည့်သွင်းသုံးစွဲနိုင်ပါမယ်။ ထည့်သွင်းပေးထားသော Chipset အမျိုးအစားကတော့ Exynos 7570 Quad ဖြစ်ပြီး၊ CPU စွမ်းရည်မှာ Quad-core 1.4GHz Cortex-A53 ဖြစ်ခြင်းကြောင့် ဖုန်းကိုအသုံးပြုသည့်အခါတွင် ကောင်းမွန်သောတုံ့ပြန်မှု များကို ခံစားရရှိနိုင်ပါမယ်။ ပါရှိသော GPU အမျိုးအစားမှာ Mali-T720 MP2 ပါ။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM ကို 2GB ထည့်သွင်းပေး ထားပြီး Internal Storage တွင် 16GB ပါရှိအောင် ဆောင်ရွက်ပေးထား ပါတယ်။ အဆိုပါ ပမာဏဟာ အချက်အလက်အများအပြားသိမ်းဆည်းနိုင် ဖို့အတွက် လုံလောက်မှုတော့မရှိပါဘူး။ ထို့ကြောင့် Card Slot စနစ် အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးထားပါတယ်။ SD Card စိုက်၍ အများဆုံးတိုးချဲ့နိုင်သည့်မှတ်ဥာဏ်ပမာဏမှာ 256GB အထိဖြစ်ပါတယ်။ Bluetooth Verson မှာ 4.2 ဖြစ်ပြီး NFC စနစ်ကိုလည်း အသုံးပြုနိုင် ပါမယ်။ USB ကတော့ Micro USB 2.0 ပါ။ Accelerometer, Proximity, Compass စသော Sensor စနစ်များလည်းပါရှိပါတယ်။ အားသွင်း အသုံးပြုရမယ့် ဘက်ထရီအမျိုးအစားကတော့ Li-Ion 2800mAh ဖြစ်ပြီး 3G Network တွင် စကားပြောဆိုဖို့ ၁၇ နာရီနီးပါး ခံနိုင်စွမ်းရှိအောင် စွမ်းဆောင်ပေးနိုင်ပါမယ်။ သီချင်းနားထောင်ရန်အတွက် ၇၇ နာရီနီးပါး ခံနိုင်ရည်ရှိပါမယ်။ ဈေးနှုန်းတန်ဖိုးကတော့ ၂၉၉,၀၀၀/- ကျပ် ၀န်းကျင် ရှိပါတယ်။




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 
www.pyaephyo.com



0 comments:

Post a Comment