♪ “MECTel ၏ရွှေမေတ္တာအစီအစဉ်ရယူပြီး အင်တာနက် Package နှင့် အခြား Package များဝယ်ယူနိုင်” ♫

Image may contain: text

MECTel ၏ CDMA 800 MHz အသုံးပြုသူများ အနေဖြင့် ရွှေမေတ္တာ အစီအစဉ်ကိုရယူပြီး အင်တာနက် package များနှင့် အခြား package များကို ၀ယ်ယူအသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရွှေမေတ္တာ အစီအစဉ်ကို ရယူလိုပါက ၂၃၃ သို့ SMT ဟုစာတိုပေးပို့ ရမည်ဖြစ်ပြီး MECTel CDMA 800 MHz အချင်းချင်း အသုံးပြုလိုပါက တစ်မိနစ်လျှင် ၂၁ ကျပ် MECTel CDMA 800 MHz မှ အခြား operator များသို့ ဖုန်းခေါ်ဆိုပါက တစ်မိနစ်လျှင် ၂၂ ကျပ် စာတိုပေးပို့ခ တစ်စောင် လျှင် ၁၅ ကျပ် Data base အင်တာနက် အသုံးပြုခ 1Mb လျှင် ၆ ကျပ် ကျသင့်မည်ဖြစ်ပြီး၊ Volume Based Data Bolt-on အစီအစဉ် ၀ယ်ယူ လိုပါက (2GB, 1GB, 500 MB, 100MB) စသည်တို့ကို မိမိဝယ်ယူ လိုသည့် data ပမာဏကို ၂၃၃ သို့ အခမဲ့ စာတိုပေးပို့၍ ၀ယ်ယူနိုင်မည်ဖြစ်သည်။

2GB ၀ယ်ယူပါက ၁ သောင်းကျပ်ကျသင့်မည်ဖြစ်ပြီး (ရက်ပေါင်း ၃၀ အသုံးပြုခွင့်) ရရှိမည်ဖြစ်ကာ 1GB ၀ယ်ယူပါက ၅၃၀၀ ကျပ်ကျသင့် မည်ဖြစ်ပြီး (ရက်ပေါင်း ၃၀ အသုံးပြု ခွင့်) 500MB ၀ယ်ယူပါက ၂၇၅၀ ကျပ် (ရက်ပေါင်း ၃၀ အသုံးပြုခွင့်) နှင့် 100 MB ၀ယ်ယူပါက ၅၅၀ကျပ် (ရက်ပေါင်း ၇ ရက်အသုံးပြုခွင့်) တို့ကိုရရှိမည်ဖြစ်သည်။ မိမိအသုံးမပြုလို သည့်အခါ 2GB ၀ယ်ယူထားပါက UN 2GB, 1GB ၀ယ်ယူထားပါက 1GB, 500MB ၀ယ်ယူထားပါက UN500MB နှင့် 100MB ၀ယ်ယူထား ပါက UN 100 MB ဟု ၂၃၃ သို့ စာတို ပြန်လည်ပေးပို့ရမည်ဖြစ်သည်။

လက်ကျန်ငွေပမာဏအား သိရှိလိုပါက ၂၃၃ သို့ BAL ဟု အခမဲ့ စာတိုပေးပို့၍ စစ်ဆေးနိုင်ပြီး ရွှေမေတ္တာအစီအစဉ်မှ ပြန်လည် ထွက်လို ပါက UNSMT to 233 ကိုစာတိုပေးပို့ပေးရမည်ဖြစ်သည်။အခြား package များနှင့် ရွှေမေတ္တာအစီအစဉ်အား အသေးစိတ် သိရှိလိုပါက www.mectel.com. mmတွင်ဝင်ရောက်လေ့လာနိုင်ပါသည်။



ကောင်းမြတ်ရာ

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com


0 comments:

Post a Comment