♪ ကျပ် ၃၀၀,၀၀၀ ၀န်းကျင် တန်ကြေးရှိ “အနောက်ကင်မရာ နှစ်လုံးပါတဲ့ Xiaomi Mi 5X ကိုကြေညာပြီ” ♫

Image may contain: 1 person, phone and text

ရှောင်မီက Mi 5X ကို တရားဝင် ကြေညာလိုက်ပါတယ်။ ယခင်ထွက်ပေါ် ခဲ့တဲ့ သတင်းများအတိုင်းပဲ Xiaomi Mi 5X မှာ ၅.၅ လက်မ Full HD Display တပ်ဆင်ထားပါတယ်။ Qualcomm Snapdragon 625 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ 4GB RAM, 64GB Internal Storage ထည့်သွင်းထားပါတယ်။ Xiaomi Mi 6 လိုပဲအနောက်ဘက်မှာ 12 Megapixel Camera နှစ်လုံးတပ်ဆင်ထားပါတယ်။

ရှောင်မီကMi 5X ရဲ့ အင်တင်နာဒီဇိုင်းကိုအဆင့်မြှင့်ထားပြီးလက်ဗွေရာ အာရုံခံ ကိရိယာကိုချောမွတ်စွာအသုံးပြုနိုင်ဖို့ ဖန်တီးပေးထားပါတယ်။ Android Nougat အခြေပြု MIUI 9 ထည့်သွင်းပေးထားပြီး Xiaomi Smart Assistant , Built-in Image Search များ ပါဝင်လာပါတယ်။ ဖိုင်စနစ် အသစ်နဲ့ အခြားစွမ်းဆောင်ချက်များစွာ MIUI 9 မှာထည့်သွင်း ပေးထား ပါတယ်။

Xiaomi Mi 5X မှာ 3080mAh Battery တပ်ဆင်ထားပါတယ်။ တရုတ် ယွမ် ၁၄၉၉ ( ၂၂၀ ဒေါ်လာ ) သတ်မှတ်ထားပါတယ်။ မြန်မာငွေ အားဖြင့် ကျပ် ၃၀၀,၀၀၀ ၀န်းကျင် တန်ကြေးရှိပါတယ်။ ရွှေ၊ အနက်နဲ့ နှင်းဆီ ရွှေရောင် များရွေးချယ်နိုင်ပါတယ်။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com



0 comments:

Post a Comment