♪ " Huawei Nova 2 Plus VS Samsung Galaxy J7 Max " ♫

Image may contain: phone and screen

အခုတစ်ပတ်မှာတော့ Huawei Nova 2 Plus နဲ့ Samsung Galaxy J7 Max ဆိုတဲ့ အဆင့်မြင့်စမတ်ဖုန်း 2 လုံးရဲ့ ကွဲပြားမှုတွေနဲ့ တူညီတဲ့အချက်တွေကို နှိုင်းယှဉ်ပြောပြသွားပါမယ်။ ၎င်းဖုန်း 2 လုံးစလုံး ထွက်ရှိလာတဲ့အချိန်ကလည်း အတူတူပဲဖြစ်ပြီး မကြာသေးမီကမှ ဈေးကွက်ထဲကို ရောက်ရှိလာကြတာပဲ ဖြစ်ပါတယ်။ ရောင်းချတဲ့ဈေးနှုန်းကတော့ Huawei Nova 2 Plus က Samsung Galaxy J7 Max ထက် ပိုမြင့်မားပါတယ်။ ကင်မရာစွမ်းအားပိုင်းမှာ Nova 2 Plus က J7 Max ထက် တော်တော်လေးကို ပိုမိုကောင်းမွန်ပြီး အလေးချိန်လည်း ပိုမိုပေါ့ပါး ပါတယ်။ Nova 2 Plus ရဲ့ Fingerprint sensor က နောက်ကျောဘက်မှာ တပ်ဆင်ထားပြီး J7 Max ကတော့ အရှေ့ဘက် Home Button မှာ တွေ့ရပါတယ်။ ၎င်းဖုန်းတွေကို GSM, HSPA နဲ့ LTE networks တွေမှာ အသုံးပြုနိုင်ပြီး ဖုန်း 2 ခုလုံးမှာ Nano SIM card 2 ကတ်ကို တစ်ပြိုင်တည်း ထည့်သုံးနိုင်မှာပဲ ဖြစ်ပါတယ်။ Nova 2 Plus မှာ Internal memory 128GB ပါရှိပြီး J7 Max မှာတော့ 32GB သာ ပါရှိပါတယ်။ ဒါပေမဲ့ ဖုန်း 2 ခု လုံးမှာ Micro SDcard ကို 256GB အထိ ထပ်မံစိုက်ထည့်သုံးနိုင်ပါတယ်။

Design
>>>>><<<<<

1. Huawei Nova 2 Plus
>>>>>

Huawei Nova 2 Plus ရဲ့ အရွယ်အစားက 153.9 x 74.9 x 6.9 mm ဖြစ်ပြီး 169g လေးပါတယ်။ ဒါကြောင့် ကိုယ်ထည်ကပါးလွှာပြီး အလေးချိန်လည်း ပေါ့ပါးပါတယ်။ ၎င်းကို Aurora Blue, Grass Green, Streamer Gold,Obsidian Black, Rose Gold ဆိုပြီး ရွေးချယ်နိုင်ပါတယ်။

2. Samsung Galaxy J7 Max
>>>>>

Samsung Galaxy J7 Max ရဲ့ အရွယ်အစားက 156.7 x 78.8 x 8.1mm ရှိပြီး 179g အလေးချိန်ရှိပါတယ်။ ဒါကြောင့် အနည်းငယ်ပိုထူပေမယ့် ပိုမို လေးပါတယ်။ သူ့ကိုတော့ အမည်းရောင်နဲ့ ရွှေရောင် အရောင် 2 မျိုးကိုသာ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

Processor
>>>>><<<<<

1. Huawei Nova 2 Plus
>>>>>

စက်စွမ်းဆောင်ရည်ပိုင်းအတွက် RAM 4GB ပါရှိတဲ့ HiSilicon Kirin 659 chipset, Octa-core (4x2.36GHz Cortex-A53 & 4x1.7GHz Cortex-A53) processor နဲ့ Mali-T830 MP2 GPU တို့ကို ပံ့ပိုးထားပါတယ်။ ဒါကြောင့် လုပ်ဆောင်နိုင်စွမ်းတွေက ကောင်းမွန်မှုရှိပါတယ်။

2. Samsung Galaxy J7 Max
>>>>>

J7 Max မှာတော့ Mediatek MT6757 Helio P20 Octa-core 2.4GHz Cortex-A53 Processor နဲ့ Mali-T880MP2 GPU တွေကို သုံးထားတာကို တွေ့ရတာကြောင့် စက်စွမ်းဆောင်ရည်က မတိမ်းမယိမ်းရှိပြီး ရုပ်ထွက် ပိုကောင်းပါတယ်။ RAM စွမ်းအားခြင်းကတော့ အတူတူပါပဲ။

Display
>>>>><<<<<

1. Huawei Nova 2 Plus
>>>>>

မျက်နှာပြင်အကျယ် 5 လက်မခွဲရှိပြီး LTPS IPS LCD capacitive touchscreen display အမျိုးအစားကို သုံးစွဲထားပါတယ်။ ပြသပေးနိုင်တဲ့ မြင်ကွင်းစွမ်းအားက 1080 x 1920 pixels ရှိပြီး 1 လက်မ သိပ်သည်းဆက ~401 ppi pixels ပမာဏရှိပါတယ်။

2. Samsung Galaxy J7 Max
>>>>>

Galaxy J7 Max က မျက်နှာပြင်အကျယ်မှာ Nova 2 Plus ထက် 0.2-inch ခန့် ပိုကျယ်ပြီး IPS LCD capacitive touchscreen display ကို သုံး ထားပါတယ်။ ဒါပေမဲ့ ပြသနိုင်မြင်ကွင်းစွမ်းအားကတော့ အတူတူပါပဲ။ ဒါ့အပြင် ဖုန်း 2 ခုလုံးမှာ multitouch စနစ်ကို သုံးစွဲနိုင်ပါတယ်။

Verdict
>>>>><<<<<

1. Huawei Nova 2 Plus
>>>>>

Huawei Nova 2 Plus ရဲ့ အနောက်ကင်မရာက Dual 12 + 8MP, f/1.8 aperture ပါရှိပြီး အရှေ့ကင်မရာမှာ 20MP တောင် ရှိတဲ့အတွက် အရည်အသွေးမြင့်မားတဲ့ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ဘက်ထရီအနေနဲ့ကတော့ Non-removable Li-Po 3340mAh battery ကို အသုံးပြုပေးထားတာဖြစ်ပါတယ်။

2. Samsung Galaxy J7 Max
>>>>>

Samsung Galaxy J7 Max ရဲ့ အနောက်ကင်မရာက 13MP နဲ့ f/1.7 aperture စွမ်းအားပါရှိပြီး အရှေ့ကင်မရာကလည်း 13MP, f/1.9 aperture တွေရှိပါတယ်။ ဒါကြောင့် ကင်မရာစွမ်းအားမှာ Nova 2 Plus လောက် မကောင်းပေမယ့် အရည်အသွေးမြင့်မားပါတယ်။ ဘက်ထရီကတော့ Non-removable Li-Ion 3300mAh battery ဖြစ်ပါတယ်။




NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com


0 comments:

Post a Comment