♪ Lenovo က ခေါက်လိပ်၍ လက်ပတ်လို ၀တ်ဆင်နိုင်တဲ့ စမတ်ဖုန်းကို ပြသ ♫


Lenovo Tech World Summit မှာ ကုမ္ပဏီက ခေါက်လိပ်၍ လက်ပတ်လို ၀တ်ဆင်နိုင်တဲ့ စမတ်ဖုန်းကို ပြသလိုက်ပါတယ်။ အဲဒီ စမတ်ဖုန်းကို Lenovo Cplus လို့ အမည်ပေးထားပြီး နမူနာမော်ဒယ် အဆင့်သာ ရှိပါသေးတယ်။ အဲဒီအတွက် စွမ်းရည်ပြည့်ဝစွာ အလုပ်မလုပ်နိုင်သေးပါဘူး။

ဒါပေမယ့် Lenovo Cplus ဟာ အလွန်ကွေးညွှတ်နိုင်ပြီး ခေါက်လိပ်၍ လက်ပတ်လို ၀တ်ဆင်နိုင်တာကို တွေ့ရပါတယ်။ သူဟာ LG G Flex ထက်များစွာ ကွေးညွှတ်နိုင်ပါတယ်။ သူ့မှာ ၄.၃၅ လက်မ AMOLED Screen ကို အရှေ့ဘက်မှာ တပ်ဆင်ထားပြီး သားရေကို အနောက်ဘက်မှာ ဖုံးအုပ်ထားပါတယ်။

သူ့ကို လက်ပတ်လို ၀တ်ဆင်နိုင်ဖို့ ဒီဇိုင်းထုတ်ထားပြီး တစ်နည်းအားဖြင့် စမတ်နာရီလို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Smartphone Mode ကိုလည်း လွယ်ကူစွာ ပြောင်းလဲနိုင်ပါတယ်။ သူ့မှာ Facial Recognition နဲ့ Natural Language Processing များကို အသုံးပြုထားတဲ့ CAVA အမည်ရ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် အသစ် ပါပါတယ်။ သူက ကလင်ဒါကို အခြေခံ၍ သင့်အတွက် အကြံပေးမှုများကို ပြုလုပ်ပေးနိုင်ပါတယ်။

Lenovo က CAVA ထည့်သွင်းထားတဲ့ SmartCast+ အမည်ရ စပီကာ/ပရိုဂျက်တာ နှစ်မျိုးသုံး ကိရိယာကိုလည်း မိတ်ဆက်လိုက်ပါတယ်။ SmartCast+ က Augmented Reality ဖန်ရှင်များကို Enable လုပ်ပေးဖို့အတွက် အရာဝတ္ထုများ ၊ အသံများကို မှတ်သားနိုင်ပါတယ်။

Lenovo က daystAR အမည်ရ AR Headset ကိုလည်း ပြသလိုက်ပြီး ၄၀ ဒီဂရီ မြင်ကွင်းကို ပံ့ပိုးပေးပါတယ်။ ကွန်ပြူတာနဲ့ ဖုန်းများ မလိုဘဲ သူ့ကို အသုံးပြုနိုင်ပါတယ်။ SmartVest က Activity Tracker ဖြစ်ပြီး ECG Sensors များကြောင့် လေ့ကျင့်ခန်း ပြုလုပ်ရာမှာ တိကျစွာ တိုင်းတာပေးနိုင်ပါတယ်။




Credit to ==> DigitalTimes.com.mm






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com


0 comments:

Post a Comment