♪ " Kaspersky Antivirus ကို ပိတ်ပင်တဲ့ အမေရိကန် " ♫

No automatic alt text available.

ရုရှားကုမ္ပဏီ Kaspersky Lab ရဲ့ Antivirus Software များကို အစိုးရဌာနများမှာ အသုံးပြုခြင်းကို အမေရိကန်အစိုးရက ပိတ်ပင်လိုက်ပါတယ်။ အမေရိကန်အစိုးရက Kaspersky ဟာ ရုရှားအစိုးရနဲ့ အလွန်နီးကပ်စွာ ပူးပေါင်းအလုပ်လုပ်နေပြီး Kaspersky ရဲ့ ဆော့ဖ်ဝဲထုတ်ကုန်များကနေ အမေရိကန် အစိုးရရဲ့ သတင်းအချက်အလက်များကို ခိုးယူခံရမှာကို စိုးရိမ်နေကြတာ ဖြစ်ပါတယ်။ 

ကြာခင်ကလည်း အမေရိကန်အခြေစိုက် Bloomberg သတင်းဌာနနဲ့ အခြားမီဒီယာများက Kaspersky နဲ့ ရုရှားထောက်လှမ်းရေးအေဂျင်စီ FSB တို့ဟာ အလွန်နီးကပ်တဲ့ ဆက်ဆံရေးများရှိတယ်လို့ ရေးသားထားကြပါတယ်။ Kas­persky နဲ့ FSB တို့ အလွန်နီးကပ်စွာ ပူးပေါင်းနေတယ်လို့ အဓိပ္ပါယ်ရတဲ့ အီးမေးလ်များကိုလည်း ရရှိထားတယ်လို့ Bloomberg က ပြောပါတယ်။ Kas­persky ကတော့ နားလည်မှု လွဲမှားနေတာဖြစ်တယ်လို့ ပြောပြီး စွပ်စွဲချက်အားလုံးကို ငြင်းဆိုထားပါတယ်။ Kaspersky က ဆိုင်ဘာရာဇ၀တ်မှုများကို တိုက်ဖျက်ဖို့သာ အစိုးရများနဲ့ ပူးပေါင်းတယ်လို့ ပြောပါတယ်။

ကုမ္ပဏီရဲ့ဝက်ဘ်ဆိုက်မှာ မသင့်တော်တဲ့အမှုများအတွက် မည်သည့်အစိုးရနဲ့မှ ပူးပေါင်းခြင်းမရှိဘူးလို့ ရေးသားထားပါတယ်။ Kas­persky Antivirus များကို ကမ္ဘာအ၀န်းမှာ အသုံးပြုသူ သန်း 400 နီးပါး ရှိပါတယ်။ Kaspersky ရဲ့ထုတ်ကုန်များဟာ အမေရိကန်နဲ့ ကမ္ဘာအ၀န်းမှာ ဆယ်စုနှစ်များစွာကြာ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com


0 comments:

Post a Comment