♪ “Java Programmer များအတွက် မသိမဖြစ်အကြောင်းအရာ ၁၀ ချက်” ♫

Image may contain: text

လွန်ခဲ့သောဆယ်စုနှစ်(၂)ခုလောက်က ပင်အိုင်တီနည်းပညာလိုက်စား ကြသူများသည် သိသာစွာတစ်နေ့တခြားများပြား လာခဲ့ရာ ယနေ့အခါ တွင်မူ လိုက်စားမှုအမြင့်မားဆုံးသို့တိုင်ရောက်ရှိခဲ့ပေပြီ။ အိုင်တီ နည်းပညာ၏ သဘော သဘာဝအရ လူသား ဗဟိုပြုလုပ်ဆောင်ရ သည်ဖြစ်ရာ ယင်းနယ်ပယ်၌ လုပ်ကိုင်ဆောင်ရွက်မယ်ဆိုပါက အရည် အချင်းပြည့်ဝနေရန်လိုအပ်ပါတယ်။ အရည်အသွေးပြည့်ဝနေသော ၀န်ထမ်းများရှိသည့်လုပ်ငန်းများအဖို့ စွမ်းဆောင်ရည်ပြည့်ပြည့်၀၀ဖြင့် ရဲရဲဝံ့ဝံ့အာမခံနိုင်သော တန်ဖိုးမြင့်လူကြိုက်များသည့်အရည်အသွေး ရှိသော product များကို ထုတ်လုပ်နိုင်ပါလိမ့်မယ်။ ဒါကြောင့် Java Programmer လုပ်ဆောင်နေသူများအဖို့ သိထားသင့်သောအချက်များစွာ ရှိသည့်အနက် မသိမဖြစ်သည့်အကြောင်းအရာ (၁၀)ချက်ကို ဖော်ပြလိုက် ပါတယ် . . .

<Object Oriented>

Java ၏အနှစ်သာရဖြစ်သော OOP သဘောတရားများကိုလုံးဝကျွမ်းကျင် ပိုင်နိုင်၍အသုံးချနိုင်ရန်မှာ Java Developer တစ်ယောက်အဖို့အရေး အကြီးဆုံးပင်ဖြစ်ပါတယ်။ Java ၏ ကနဦးအစသည်ပင်လျှင် OOP ကြောင့်ဖြစ်ပါတယ်။ OOP မပိုင်နိုင် သော Java သမားတစ်ယောက်အဖို့ Java ၏ပင်မအလှတရားတစ်ရပ်ကို ပြည့်ဝစွာခံစားနိုင်မည်မဟုတ်ပေ။ OOP ကို ကောင်း မွန်စွာအသုံးမချနိုင်လျှင် သမားရိုးကျလမ်းကြောင်းပေါ် မှာ ပဲရှိနေဦးမှာသေချာပါတယ်။ OOP သဘောတရားများချည်း နားလည် နေရုံဖြင့်အသုံးမကျသေးဘဲ Java Developer များအဖို့ OOP Principle များကို system တစ်ခုတည်ဆောက်ရာတွင်သော်လည်းကောင်း၊ Solution တစ်ခုရဖို့အတွက်သော်လည်းကောင်း မည်ကဲ့သို့ ထိထိ ရောက်ရောက်သုံးစွဲရမည်ကို သိရှိတတ်ကျွမ်းနေရ ပါမယ်။ ထို့ကြောင့် Java Developer များအဖို့ Object Modeling, Inheritance, Polymorphism, Design Pattern စသော OOP ဆိုင်ရာများနှင့် ပတ်သက်၍ strong ဖြစ်နေဖို့လိုအပ်လှပါတယ်။

<API>

Application Programming Interfaces(APIs) များနှင့်ပတ်သက်၍ ၄င်းတို့အားမည်သည့်သီအိုရီများဖြင့် မည်ကဲ့သို့ ရေးသားတည်ဆောက် ထားသည်ကိုသိရန်ထက် ၄င်းတို့ကိုဘယ်နေရာမှာ ဘယ်လိုအသုံးချမလဲ၊ ယူသုံးရမလဲဆိုတာကို တတ်ဖို့ က အရေးကြီးလှပါတယ်။ ထို့ကြောင့် Core APIs များဖြစ်သော Java.lang.*, I/O, Collections, Generices, Threads, JDBC စသည်တို့ကို သုံးစွဲ ရာတွင်လက်ယဉ်နေရပါမယ်။ ကဗျာဆရာတွေပြောသလို အသက်ရှူလိုက်တိုင်းမှာ ကာရံတွေစီးဆင်း သွားတယ်ဆိုသလိုပေါ့။

<Coding များများရေးပါ>

သီအိုရီတစ်ခုဆိုပါစို့။ ပါးစပ်ကပြောလျှင်တော့ လွယ်ကူပါတယ်။ ပြဿနာ တစ်ရပ်ကို သီအိုရီအရဘယ်လိုဖြေရှင်းရမလဲ ဆိုတာ အပြော လွယ်သလောက် တကယ်တမ်းလက်တွေ့ဖြေရှင်းမည်ဆိုပါက အလွယ်ကူ ဆုံးသော အရာ၌ပင်လျှင် အခက်အခဲ များနှင့် ရင်ဆိုင်ရပေလိမ့်မယ်။ တကယ်တမ်းဖြေရှင်းကြည့်မှသာလျှင် ပြဿနာ၏အတိမ်အနက်ကို သိရှိနိုင်ပါလိမ့်မယ်။ လုပ် ကြည့်၊ ရေးကြည့်လိုက်မှသာလျှင် language ဆိုင်ရာအကန့်အသတ်များကို သိရှိလာနိုင်ပါမယ်။ Design နှင့်ပတ်သက် သော ကောင်းမွန်သည့် အလေ့အကျင့်များကို သိရှိလာနိုင်ပါမယ်။ ထို့ကြောင့်များများရေးပါ။ Standard ကျကျရေးပါ။ စိတ်ကူးကို အကောင် အထည်ဖော်ပါ။ Skill တက်လာပါလိမ့်မယ်။

<ဖိုရမ်များတွင် ၀င်ရောက်ဆွေးနွေးပါ>

အခက်အခဲတွေကြောင့်စိတ်မပျက်ပါနဲ့ ကိုယ်တွေ့ကြုံနေရသော ပြဿနာများနှင့်ပတ်သက်၍ ကိုယ့်ထက် အရင်တွေ့ခဲ့ သူတွေက သူတို့ဘယ်လိုဖြေရှင်းခဲ့ကြောင်းကိုသက်ဆိုင်ရာ forum များမှတစ်ဆင့် ဖြေကြားခဲ့ကြသောကြောင့် အဆိုပါ ဖိုရမ် များတွင် ၀င်ရောက်လေ့လာ ရှာဖွေမေးမြန်းခြင်းဖြင့် ဖြေရှင်းနိုင်လိမ့်မယ်။ အပြန်အလှန်အားဖြင့်လည်း မိမိတို့ကိုယ်တိုင် ဖြေရှင်းခဲ့ သည်များရှိပါက ဖိုရမ်များတွင် အဆိုပါ ပြဿနာနှင့်ပတ်သက်၍ မေးမြန်းထားသည်ကိုတွေ့ရှိလျှင် ပြန်လည် ဖြေကြားနိုင်ပါတယ်။ မိမိ၏ role လည်း တက်ပါလိမ့်မယ်။

<Blog တွေမှာဝင်ရောက်လေ့လာပါ>

Blog တွေမှာ တူညီသောနည်းပညာတစ်ရပ်နှင့်ပတ်သက်၍ မတူညီသော အမြင်ရှုထောင့် မြောက်များစွာကိုသိရှိနိုင်ပေလိမ့်မယ်။ တချို့က ကောင်းလှပါတယ်။ သို့သော် framework ကိုတချို့က လုံးဝသုံးစားမရဟု သူတို့၏ခိုင်လုံသော အကြောင်းပြချက်များဖြင့် ချေပထားလိမ့်မယ်။ ထို့ကြောင့် framework များ၊ နည်းပညာများနှင့်ပတ်သက်၍ အကောင်း အဆိုးနှစ်တန်ကို သိရှိ ရပေလိမ့်မယ်။ Blog များတွင် Comment ၀င်ရောက်ရေးသားပါ။ Response လုပ်ပါ။ အခြားသူများက မိမိ၏ ထင်မြင်ချက် များနှင့် ပတ်သက်၍ ဝေဖန်လိမ့်မယ်။ ထောက်ခံလိမ့်မယ်။ လမ်းညွှန်လိမ့်မယ်။ မိမိကပညာရတာပေါ့။ ကိုယ်ကိုယ်တိုင်လည်း Blog ဖွင့်၍ မိမိသိရှိသောအကြောင်းအရာများနှင့်ပတ်သက်၍ ရေးသားပါ။

<Open Source Framework များ၏ Source Code များကိုလေ့လာပါ>

ကောင်းမွန်သော developer များသည် framework များကို ဘယ်လို အသုံးချရမလဲ လေ့လာကြပါတယ်။ သို့သော် သင်သည်သူတို့ ထက်ပို၍ ထူးထူးချွန်ချွန်ဖြစ်လိုပါက မြောက်များလှစွာသော framework များ အနက်မှာ အအောင်မြင် အထင် ရှားဆုံးသော framework များ၏ source code များကို လေ့လာခြင်းအားဖြင့်လည်းကောင်း၊ framework များ၏ အတွင်းပိုင်း လုပ်ဆောင်မှုဆိုင်ရာယန္တရားကြီးကို သိရှိနိုင်မှာဖြစ်ပြီး ကောင်းမွန်သော အလေ့အကျင့်နည်းလမ်းမြောက်များစွာကို သိရှိနိုင်ပေ လိမ့်မယ်။ ဒီလိုသိရှိခြင်းအားဖြင့်အဆိုပါ framework များကို ထိထိ ရောက်ရောက် အသုံးချနိုင်မှာဖြစ်ပါတယ်။

<နည်းပညာရပ်များ၏ဦးတည်ရာလမ်းကြောင်းများကိုမျက်ခြည်မပြတ်သိရှိနေရမည်>

Open Source Software Development ဆိုင်ရာလမ်းကြောင်းသည် အမြဲတမ်းပြောင်းလဲနေပါတယ်။ အကယ်၍ သင်သည် ကောင်းမွန်သော framework တစ်ခုကိုတွေ့ရှိပြီး စတင်လိုက်စားကာအသုံးချတော့မည် ဆိုပါစို့။ အဆိုပါ framework သည် ခေတ်မမီတော့ဘဲ ၎င်းထက် ပိုမို ကောင်းမွန်သာလွန်သည့် framework များသည် ပေါ်ပေါက်နေပေလိမ့် မယ်။ လက်ရှိ သင်သုံးနေသော framework တွင် ခက်ခက်ခဲခဲလုပ်ဆောင် နေရသောအရာတို့သည် အခြား framework ၌ configure line အနည်းငယ်ဖြင့် ဖြေရှင်းပြီးသားဖြစ်နေပေလိမ့်မယ်။ ထို့ကြောင့် ဘာတွေဝင်ရောက်လာပြီး ဘာတွေထွက်ခွာသွားသလဲဆိုတာကို မျက်စိ ရှင်ရှင်ဖြင့် လေ့လာနေရမှာဖြစ်ပါတယ်။

<အသုံးတည့်သော Snippets ,Utilities များကို မှတ်သားသိမ်းဆည်း ထားပါ>

မကြာခဏသုံးရလေ့ရှိသော common ဖြစ်သည် log 4j properties, jdbc configuration ကဲ့သို့သော snippets များ၊ string-Utils, reflection Utils, DB Utils စသော utilities များကို စုစည်းသိမ်းဆည်းထားပါ။

<ကွဲပြားခြားနားသော Development Methodlogies များကိုသိရှိ ထားရမည်>

Agile, SCRUM,XP,Waterfall စသော Development Methodlogies များကိုသိရှိထားရပါမယ်။ မိမိ client များ၏ လိုအပ်ချက်နှင့်လိုက်လျော ညီထွေဖြစ်သည့် မိမိလုပ်ဆောင်မည့် Project nature ပေါ်မူတည်၍ ဘယ်လို methodlogies သုံးရမည်ကို သိရှိထားရန်လိုအပ်ပါတယ်။

<Blog (သို့) website လုပ်ထားပါ>

သင်၏ နေ့စဉ်လုပ်ငန်းဆောင်တာများ၌ အသစ်အသစ်သော အကြောင်း အရာများကို လေ့လာနေမယ်ဆိုပါက ပိုမို ကောင်းမွန်သော အလေ့အကျင့် ကောင်း၊ စိတ်ကူးကောင်းများတွေ့ရှိနေပါလိမ့်မယ်။ အဆိုပါအကြောင်း အရာများနှင့်ပတ်သက်၍ documentation လုပ်ထားပါ။ ထို့ပြင် Blog များမှတစ်ဆင့် သက်ဆိုင်ရာ community တွင်မျှဝေပါ။ သေးငယ်သော ပြဿနာ ဖြေရှင်းမှုလေးပင်ဖြစ်စေကာမူ စာတစ်စောင်ပေ တစ်ဖွဲ့ လုပ်ကာမျှဝေပါ။ အခြားသောသူတစ်ယောက်အဖို့ အဆိုပါပြဿနာ များနှင့် ကြုံလာပါက သင်၏ Blog သည် ထိုသူအတွက် အသုံးတည့်ပါ လိမ့်မယ်။




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com


0 comments:

Post a Comment