♪ Apple Pencil ကို အကောင်းဆုံး အသုံးချနည်းများ ♫


Apple iPad ရဲ့ Accessory တစ်ခုဖြစ်တဲ့ ဒေါ်လာ ၁၀၀ တန် Apple Pencil ဟာ ဒစ်ဂျစ်တယ် ဘောပင်တစ်ခုထက် ပိုမို အစွမ်းထက်ပါတယ်။ Apple Pencil ဟာ မှတ်စုရေးသားခြင်း အပြင် တီထွင်ဖန်တီးမှု အလုပ်များအတွက်ပါ အလွန် အသုံးဝင်ပါတယ်။ ဒီ Tutorial မှာတော့ Apple Pencil ကို အကောင်းဆုံး အသုံးချနည်းများကို ဖော်ပြလိုက်ပါတယ်။

၁။ မှတ်စုများ ရေးသားပါ။



Apple Pencil ဖြင့် iPad မှ Notes App မှာ သဘာဝ လက်ရေးဖြင့် မှတ်စုများ ရေးသားနိုင်ပါတယ်။ Apple ရဲ့ Notes App ဟာ ကောင်းမွန်ပေမယ့် စွမ်းဆောင်ချက် အပိုများပါတဲ့ Third-Party Apps များကိုလည်း အသုံးပြုနိုင်ပါတယ်။ ဥပမာအားဖြင့် Paper by FiftyThree ဟာ ဖိအားကို တိကျစွာ အာရုံခံနိုင်တဲ့အတွက် စာရွက်မှာ စာရေးနေရသလို ခံစားရမှာပါ။ Ballpoint Pen or Pencil အစား Fountain Pen ကို ပိုမို နှစ်သက်သူများအတွက် ရွေးချယ်စရာ ဖြစ်ပါတယ်။

ဒါ့အပြင် Apple Pencil ကို စောင်း၍ Shade လုပ်ခြင်းကိုလည်း App က ထောက်ပံ့ပါတယ်။ သာမာန် ခဲတံများမှာ ခဲသားကို စောင်း၍ Shade လုပ်ခြင်းမျိုးဖြစ်ပါတယ်။ သူ့မှာ ဓါတ်ပုံများနဲ့ PDF များကို လွယ်ကူစွာ ပေါင်းစည်းနိုင်ပါတယ်။ Paper by FiftyThree လိုပဲ Apple Pencil ကို ထောက်ပံ့တဲ့ အခြား Third-Party Apps များလည်း App Store မှာ ရှိပါတယ်။

၂။ စာရွက်ခံပြီး ပုံဆွဲပါ။



လူတော်တော်များများက ဒီလိုလုပ်လို့ရတယ်ဆိုတာ မသိကြပါဘူး။ တက်ဘလက်အပေါ်မှာ ကာတွန်း သို့မဟုတ် ဒီဇိုင်းပုံများပါတဲ့ စက္ကူတစ်ရွက်ကို တင်ထားပြီး အပေါ်ကနေ Apple Pencil ဖြင့် ပုံတူကူး ရေးဆွဲနိုင်ပါတယ်။ ဘောပင်ရဲ့ ဖိအားကို တက်ဘလက်က တိကျစွာ အာရုံခံနိုင်ပါတယ်။ စာရွက်အတော်များများမှာ အဆင်ပြေပေမယ့် အလွန်ထူတဲ့ စာရွက်များကိုတော့ မသုံးသင့်ပါဘူး။

၃။ Graphic Design and Color Picking အတွက် သုံးပါ။

Apple Pencil ဟာ တက်ဘလက်မှ အလွန်သေးငယ်တဲ့ Pixel များကိုတောင် တိကျစွာ ရေးခြစ်နိုင်တဲ့အတွက် အထူးသဖြင့် Palette မှာ အရောင်များ ရွေးချယ်ဖို့ အလွန် အသုံးဝင်ပါတယ်။ Graphic Design App or Drawing App များမှာ အရောင်များ ခြယ်မှုန်းတဲ့ အခါမှာ သင့်လက်ချောင်းအစား Palette ပေါ်မှာ Pencil ကို အသုံးပြုပါ။ သင် အလိုရှိတဲ့ အရောင် အတိအကျကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

၎။ App နှစ်ခုကို ဘေးချင်းယှဉ်၍ မှတ်စုများ မှတ်သားခြင်း။



Apple Notes ဟာ Split View Mode ကို ထောက်ပံ့တဲ့အတွက် အခြား App တစ်ခုနဲ့ ဘေးချင်းယှဉ်၍ အသုံးပြုနိုင်ပါတယ်။ အထူးသဖြင့် Safari ဘရောက်စာနဲ့ ဘေးချင်းယှဉ်၍ အသုံးပြုနိုင်တဲ့အတွက် ၀က်ဆိုက်များမှ သတင်းအချက်အလက်များကို Notes မှာ Apple Pen ဖြင့် ရေးမှတ်ဖို့ အသုံးဝင်ပါတယ်။

၅။ ဘောပင် ထိပ်ဖျားကို လဲပေးပါ။
Apple Pencil ရဲ့ ဘောပင် ထိပ်ဖျားဟာ အသုံးပြုလာတာကြာလာခြင်း၊ ပြုတ်ကျခြင်းများကြောင့် တိကျမှု လျော့နည်းလာနိုင်ပါတယ်။ ဒီလိုဖြစ်ရင်တော့ ထိပ်ဖျားကို ဖြုတ်ပြီး ပြန်လည် တပ်ဆင်ကြည့်ပါ။ နောက်ဆုံးအနေနဲ့ iPad Pro ရဲ့ Bluetooth Settings ကနေ Pencil ကို ပြုပြင်ပါ။ အဲဒါမှ အဆင်မပြေသေးရင် Box ထဲမှာ ပါတဲ့ ထိပ်ဖျား အပိုကို လဲလှယ်တပ်ဆင်ပါ။

၆။ Mail မှ Attachments များမှာ ပုံဆွဲ၊ စာရေးပါ။


သင်ဟာ တစ်စုံတစ်ယောက်ထံ Mail ကနေ PDF Attachment ကို ပေးပို့ချင်ပြီး PDF မှာ ပုံဆွဲ၊ စာရေးသားချင်ရင် Mail မှ Attachment ကို ဖွင့်ပါ။ ထိပ်မှ Markup Icon ကို နှိပ်ပါ။ ဘယ်ဘက်အောက်ခြေမှ Draw Icon ကို နှိပ်ပြီး ပုံဆွဲနိုင်ပါတယ်။ အခြား အိုင်ကွန်ကို နှိပ်ရင် စာသားများ ထည့်သွင်းနိုင်ပါတယ်။

၇။ စာရွက်စာတမ်းများမှာ လက်မှတ်များ ထိုးပါ။


Mail မှ Document မှာ လက်မှတ်ရေးထိုးဖို့ Apple Pencil ကို သုံးနိုင်ပါတယ်။ Mail မှ PDF ကို ဖွင့်ပါ။ Markup Icon > Signatures ကို နှိပ်ပါ။ Add or Remove Signature ကို နှိပ်ပြီး Add ကို နှိပ်ပါ။ ပြီးရင်တော့ Apple Pencil ဖြင့် လက်မှတ်ထိုးပါ။ လက်မှတ်ဟာ ဓါတ်ပုံအဖြစ် ပေါ်လာမှာ ဖြစ်ပြီး သင် နှစ်သက်တဲ့ နေရာကို ပြောင်းနိုင်ပါတယ်။




Credit to ==>> DigitalTimes.com.mm






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com


0 comments:

Post a Comment