အင်တာနက်မှ အချို့ ၀န်ဆောင်မှု၊ ၀က်ဆိုက်များဟာ နိုင်ငံ
ကန့်သတ်ချက်ရှိပါတယ်။ အဲဒီ ၀က်ဆိုက်များမှာ အကောင့် ပြုလုပ်ချင်ရင်
ဥပမာအားဖြင့် အမေရိကန်လို နိုင်ငံမှ ဖုန်းနံပါတ် တစ်ခု လိုအပ်ပါတယ်။ အဲဒီ
ဖုန်းနံပါတ်ကို Verify လုပ်နိုင်မှသာ အကောင့် ပြုလုပ်နိုင်မှာပါ။
ဥပမာအားဖြင့် PayPal လို ၀က်ဆိုက်များဟာ မြန်မာနိုင်ငံကို မထောက်ပံ့သေးဘဲ
အကောင့်ဖွင့်ချင်ရင် အခြားနိုင်ငံမှ ဖုန်းနံပါတ်တစ်ခု လိုအပ်ပါတယ်။ အဲဒီလို
ဝက်ဆိုက်များမှာ အကောင့်တစ်ခု ပြုလုပ်ဖို့ Virtual Phone Number များ
ဖန်တီးပေးတဲ့ Apps များ ရှိပါတယ်။
၁။ Next Plus

Next Plus က အမေရိကန် ဖုန်းနံပါတ် အတုများကို ပြုလုပ်ပေးနိုင်ပါတယ်။ အဲဒီ ဖုန်းနံပါတ်ကနေ ဖုန်းပြောခြင်း၊ စာပို့ခြင်းများတောင် ပြုလုပ်နိုင်ပါတယ်။ အကောင့်များကို Verify လုပ်ဖို့အတွက် အလွန် အသုံးဝင်ပါတယ်။ သူ့ကို အခမဲ့ အသုံးပြုနိုင်ပေမယ့် ကြော်ညာများ ထည့်သွင်းထားပါတယ်။
Download
၂။ Text Plus

Text Plus ကလည်း အကောင့်များ Verification လုပ်ဖို့အတွက် ဖုန်းနံပါတ် အတုများကို ပြုလုပ်ပေးနိုင်ပါတယ်။ အဲဒီ ဖုန်းနံပါတ်ကနေ ဖုန်းပြောခြင်း၊ စာပို့ခြင်းများကို ပြုလုပ်နိုင်ပါတယ်။ အမေရိကန် ဖုန်းနံပါတ်များ လိုအပ်တဲ့ ၀က်ဆိုက်များမှာ အကောင့်ဖွင့်နိုင်ပါတယ်။
Download
၃။ Talkatone

Talkatone က အမေရိကန် ဖုန်းနံပါတ်တစ်လုံးကို တစ်သက်လုံး သုံးနိုင်အောင် ဖန်တီးပေးနိုင်ပါတယ်။ သူ့ကို Register မလုပ်ဘဲနဲ့တောင် အသုံးပြုနိုင်ပါတယ်။ သင့်ရဲ့ အီးမေး သို့မဟုတ် ဖုန်းနံပါတ်ကို ပေးလိုက်တာနဲ့ အသုံးပြုနိုင်ပါပြီ။ စမ်းသပ် အသုံးပြုကြည့်တဲ့အခါမှာ သူ့ရဲ့ ၀န်ဆောင်မှုက ချောမွတ်ပြီး အဆင်ပြေတာကို တွေ့ရပါတယ်။
Download
၎။ Burner: Smart Phone Numbers

Burner ကတော့ အခပေး ၀န်ဆောင်မှု ဖြစ်ပြီး နိုင်ငံပေါင်း ၄၀ အတွက် ဖုန်းနံပါတ် အတုများကို ဖန်တီးပေးနိုင်ပါတယ်။ အဲဒီ ဖုန်းနံပါတ်များဖြင့် အကောင့်များကို Verify လုပ်နိုင်ပါတယ်။ ဖုန်းနံပါတ်တစ်ခု ပြုလုပ်ဖို့ ၁.၉ ဒေါ်လာ ကျသင့်ပြီး တစ်သက်လုံး အသုံးပြုနိုင်ပါတယ်။
Download
၅။ Hushed Anonymous Phone Numbers

သူကလည်း သင့်ရဲ့ အကောင့်များကို Verify လုပ်ဖို့ ဖုန်းနံပါတ် အတုများ ဖန်တီးပေးနိုင်ပါတယ်။ သင့်ရဲ့ အကောင့်များမှ ဒေတာများ လုံခြုံစေဖို့ သူက အာမခံထားပါတယ်။ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်တဲ့ App ဖြစ်ပါတယ်။

Credit to ==> DigitalTimes.com.mm
0 comments:
Post a Comment