♪ " (24) နာရီအတွင်း အမှာစာ (2) သိန်းကျော်ရရှိထားတဲ့ Xiaomi Mi 5X " ♫

Image may contain: phone and text

Xiaomi Mi 5X အတွက် pre-order စတင်လက်ခံနေပြီဖြစ်ပြီး အရောင်းစတင်ဖွင့်လှစ်ချိန်ကနေ 24 နာရီအတွင်း အမှာစာ 2 သိန်းကျော်သွားပြီဖြစ်ကြောင်း Xiaomi မှ သတင်းထုတ်ပြန်ပါတယ်။ Xiaomi Mi 5X ရဲ့ဈေးနှုန်းက တရုတ်ယွမ်ငွေ 1999 (မြန်မာငွေကျပ် 4 သိန်းဝန်းကျင်) ကနေ စတင်မှာဖြစ်ပြီး ဇူလိုင်လ 26 ရက်နေ့မှာ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။ 

အဆိုပါနေ့မှာပဲ MIUI 9 ကို စတင်မိတ်ဆက်ဖွယ်ရှိပြီး Mi 5X က MIUI 9 ပါဝင်တဲ့ ပထမဆုံး Xiaomi စမတ်ဖုန်းဖြစ်လာဖွယ် ရှိပါတယ်။ Xiaomi Mi 5X မှာ 5.5 လက်မ Full -HD မျက်နှာပြင် ၊ Snapdragon 625 SoC ဒါမှမဟုတ်အရှေ့ပိုင်းမှာ ခန့်မှန်းခဲ့ကြတဲ့အတိုင်း Snapdragon 660 CPU နဲ့ RAM 4GB/6GB ပါရှိမယ်လို့ သိရပါတယ်။ ROM က 64GB ဖြစ်ပြီး မန်မိုရီကို 128GB အထိ တိုးချဲ့နိုင်မယ်လို့ သိရပါတယ်။ 

Selfie ရိုက်ကူးမှုအတွက် 5.0MP ရှေ့ကင်မရာနဲ့ အနောက်ဘက်မှာ 12MP Dual ကင်မရာ၊ GPS ၊ A-GPS ၊ GLONASS ၊ 4.2 Bluetooth ၊ G-sensor ၊ Proximity sensor ၊ Ambient light senor ၊ Dual ဆင်းမ်ကတ် (တစ်ခုက Micro ဆင်းမ်ကတ် ၊ အခြားတစ်ခုက Nano ဆင်းမ်ကတ်) အသုံးပြုနိုင်ပြီး 3.5mm နားကျပ်ပေါက် ၊ 145.5 x 72.2 x 7.9 mm နဲ့ အလေးချိန်အားဖြင့် 165 ဂရမ် ရှိနိုင်တာဖြစ်ပါတယ်။ ဒါ့အပြင် (5V/2A) 4100 mAh ဘက်ထရီကိုလည်း အသုံးပြုထားတယ်လို့ ခန့်မှန်းသတင်း ထုတ်ပြန်ပါတယ်။ Xiaomi Mi 5X နဲ့ပတ်သက်ပြီး တရားဝင်ထွက်ပေါ်လာတဲ့ ပိုစတာမှာ တချို့အချက်အလက်တွေ မပါဝင်တာကြောင့် လက်ရှိအချိန်ထိ ခန့်မှန်းဖော်ပြနေကြဆဲပဲ ဖြစ်ပါတယ်။ 

Xiaomi Mi 5X ကို ဇူလိုင်လ 26 ရက်နေ့မှာ မိတ်ဆက်မယ်လို့ အတည်ပြုချက်အရ သိရပြီး 24 နာရီအတွင်းမှာပဲ ဒီစမတ်ဖုန်းဝယ်ယူရန်အတွက် စာရင်းသွင်းသူ 2 သိန်းကျော်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။ Xiaomi Mi 5X ရဲ့ဈေးနှုန်းက Mi 5S ဈေးနှုန်းနဲ့ အတူတူလောက်ရှိပြီး ထွက်ပေါ်လာတဲ့ပုံအရ လက်ဗွေစနစ်ကို home buttton နေရာမှာ ထည့်သွင်းထားမယ်လို့ ယူဆရပါတယ်။


#gadgets.ndtv.com

#xiaomidevice

သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com


0 comments:

Post a Comment