♪ Octa-core CPU နဲ့ 13MP ကင်မရာပါဝင်တဲ့ Galaxy J7 Nxt ကို Samsung မိတ်ဆက် ♫


Galaxy J7 Nxt လို့ခေါ်တဲ့ စမတ်ဖုန်းသစ်ကို Samsung က မိတ်ဆက်ပေးလိုက်ပါတယ်။


Galaxy J7 Nxt မှာ octa-core 1.6GHz processor နဲ့ ၅.၅ လက်မ HD display ပါဝင်ပါတယ်။ RAM က 2GB ဖြစ်ပြီး internal memory က 16GB ဖြစ်ပါတယ်။ Memory ကို 25GB အထိ တိုးမြှင့်နိုင်ပါတယ်။

Samsung ရဲ့ စမတ်ဖုန်းသစ်မှာ 13MP ကျောဘက်ကင်မရာ ပါဝင်ပြီး Selfie ကင်မရာက 5MP ပါ။ အရွယ်အစားက ၁၅၂.၄ x ၇၈.၆ x ၇.၆ မီလီမီတာဖြစ်ပြီး အလေးချိန်က ၁၇၀ ဂရမ် ဖြစ်ပါတယ်။ Android 7.0 Nougat ကို အသုံးပြုထားပြီး ဘက်ထရီက 3,000mAh ဖြစ်ပါတယ်။

ဒီစမတ်ဖုန်းကို လက်ရှိမှာ အိန္ဒိယနိုင်ငံအတွင်း ရောင်းချနေပြီး တန်ဖိုးက ဒေါ်လာ ၁၈၀ ဖြစ်ပါတယ်။
 
 
-နောင်နောင်
Credit to ==> Internet Journal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com


0 comments:

Post a Comment