Lenovo က ခေါက်ချိုးနိုင်တဲ့ စကရင် တပ်ဆင်ထားတဲ့ Concept Device
တစ်ခုကို ပြသလိုက်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်မှာ ကျင်းပခဲ့တဲ့ Lenovo Tech
World မှာ ကုမ္ပဏီက ထက်ဝက်ခေါက်ချိုး၍ ဖုန်းလို သုံးနိုင်တဲ့ Lenovo Folio
အမည်ရ တက်ဘလက်ကို မိတ်ဆက်လိုက်ပါတယ်။
Lenovo Folio ဟာ Concept Device အဆင့်သာ ရှိသေးတဲ့အတွက် မကြာခင်မှာ ရောင်းချပေးမှာတော့ မဟုတ်ပါဘူး။ တက်ဘလက်မှာ ၇.၈ လက်မ 1920×1440 Pixels Display တပ်ဆင်ထားပါတယ်။ Qualcomm Snapdragon 800 Processor ထည့်သွင်းထားပါတယ်။ Android 7.0 Nougat ပါရှိပါတယ်။ သူ့ရဲ့ အဓိက စွမ်းရည်က ခေါက်ချိုးနိုင်တဲ့ စကရင် ဖြစ်ပါတယ်။
ခေါက်ချိုးလိုက်ရင် တက်ဘလက်ဟာ ၅.၅ လက်မ အရွယ် ဖုန်းဖြစ်သွားပြီး အိတ်ကပ်ထဲ ယူဆောင်သွားနိုင်ပါတယ်။ သရုပ်ပြ ဗီဒီယိုမှာ စကရင်ဟာ ထက်ဝက်လောက် ခေါက်ချိုးနိုင်တာကို မြင်ရပါတယ်။ ခေါက်ချိုးလိုက်တာနဲ့ Display နှစ်ခုအတွက် သီးခြား User Interface တစ်ခုစီကို ဖန်တီးပေးလိုက်ပါတယ်။
ဒီလို ခေါက်ချိုးနိုင်တဲ့ တက်ဘလက်ကို တီထွင်နေတာ Lenovo တစ်ခုထဲ မဟုတ်ပါဘူး။ Samsung , Oppo တို့ကလည်း တီထွင်နေတာ နှစ်များစွာ ကြာပါပြီ။ Samsung ရဲ့ ခေါက်ချိုးနိုင်တဲ့ တက်ဘလက် ဖုန်းကို လျှို့ဝှက် အမည် Galaxy X လို့ ပေးထားပြီး ယခုနှစ်ကုန်မှာ ရောင်းချဖို့ စီစဉ်ထားတယ်လို့ သတင်းထွက်ပေါ်နေ ပါတယ်။ LG က ရောင်းချပေးထားတဲ့ G Flex စမတ်ဖုန်းဟာလည်း ကွေးညွှတ်နိုင်ပေမယ့် Lenovo Folio လောက် ကွေးညွှတ်နိုင်ခြင်း မရှိပါဘူး။

Credit to ==> DigitalTimes.com.mm
0 comments:
Post a Comment