♪ “iPhone မှ Phone Call များကိုအသံဖမ်းယူပေးမယ့် ကိရိယာ” ♫

Image may contain: one or more people, phone and text

Call Recorder Adapter အမည်ရကိရိယာက iPhone မှ ဖုန်းခေါ်ဆို မှုများကိုအသံဖမ်းယူပေးနိုင်ပါတယ်။ သူ့ကိုဖန်တီးထားတဲ့ ကုမ္ပဏီကတော့ PhotoFast ဖြစ်ပါတယ်။ သူကသာမာန် ဖုန်းခေါ်ဆိုမှုများအပြင် WhatsApp, Skype, Facebook Messenger ,Viberတို့မှ Phone Call များကိုတောင် အသံဖမ်းယူပေးနိုင်ပါ တယ်။သူ့ကို iPhone ရဲ့ Lightning Port မှာတပ်ဆင်ပြီး Record Button ကို နှိပ်လိုက်တာနဲ့ အသံဖမ်းယူပေး မှာ ဖြစ်ပါတယ်။ သူ့မှာ 3.5mm Headphone Jack လည်းပါတဲ့အတွက် အသံဖမ်းယူထားမှုများကိုနားကြပ်ဖြင့် နားဆင်နိုင်ပါတယ်။

သူကဖမ်းယူထားတဲ့ အသံဖိုင်များကို .m4a ဖော်မက်ဖြင့် သိမ်းဆည်းပေး မှာ ဖြစ်ပါတယ်။ သူ့မှာကိုယ်ပိုင် Storage ပါသလို microSD Card မှာလည်းအသံဖိုင်များကိုသိမ်းဆည်းနိုင်ပါတယ်။ သူ့ကို Indiegogo ၀က်ဆိုက်မှာ ၁၂၅ ဒေါ်လာဖြင့် ၀ယ်ယူနိုင်ပြီးမှာယူပြီး နှစ်ပတ်အကြာမှာ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။

iPhone မှာ Phone Call များကိုအသံဖမ်းယူပေးနိုင်တဲ့ Apps များစွာ ရှိပါတယ်။ ဒါပေမယ့် အဲဒီ Apps များဟာအသံဖမ်းယူတဲ့ အခါမှာအသံ အရည်အသွေးမကောင်းသလို WhatsApp, Facebook Messenger များမှ Phone Call များကိုအသံဖမ်းယူပေးနိုင်ခြင်းမရှိပါဘူး။ Call Recorder Adapter ဟာဒီပြဿနာ ကိုဖြေရှင်းပေးဖို့ ဖန်တီးပေးလိုက် တာ ဖြစ်ပါတယ်။ 




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com


0 comments:

Post a Comment