♪ Acer ရဲ့ နည်းပညာအသစ်နဲ့ Laptop " Acer Aspire F 15-i5 (F5-573G) " ♫

Image may contain: screen

ဒီတစ်ခါမှာတော့ Acer Aspire F5-573G ကိုမှ ပိုမိုမြင့်မားသော CPU ဖြင့် Acer Aspire F5-573G i5 ကို မိတ်ဆက်ပေးပါရစေ။ Intel ရဲ့ Core i5 CPU ကိုအသုံးပြုထားတဲ့ F5 ဟာ 7200U Processor ကို တပ်ဆင် ထားပါတယ်။ CPU ရဲ့ လုပ်ဆောင်မှုကလည်း (3MB L3 Cache နှင့် 2.3 GHz) ဖြင့် လုပ်ဆောင်၍ ပြောင်းလဲသွားတဲ့ Graphic ပိုင်းမှာတော့ NVIDIA Geforce 940 MX Series ကို အသုံးပြုထားပြီး 4 GB DDR5 VRAM တို့ကို အသုံးပြုထားတော့ Graphic အမြင့်ပိုင်း Game ကစားချင်ရင်ပဲဖြစ်ဖြစ် 2D, 3D Design ဆွဲချင်ရင်ပဲဖြစ်ဖြစ် အကောင်းဆုံးသော Performance တွေကို စွမ်းဆောင်ရည်မြင့်မြင့် လုပ်ဆောင်ပေးမှာ ပဲဖြစ်ပါတယ်။

လျင်မြန်သွက်လက်မှုအပိုင်းမှာတော့ 4GB DDR4 Memory နှင့် Hardisk က 1 TB ဆိုတော့ Data များကို စိတ်ကြိုက်သိုလှောင်သိမ်းဆည်းနိုင်မှာပဲ ဖြစ်ပါတယ်။ မြင်မြင်ချင်းမှာပင် သဘောကျလောက်ဖွယ်ရှိတဲ့အချက် တစ်ခုက အရွယ်အစားကြီးမားပြီး Screen Size အားဖြင့် 15.6" ရှိပါတယ်။ HD Video များကို ကောင်းစွာကြည့်ရှုနိုင်ပြီး Acer Comfyview LCD ဖြင့် တပ်ဆင်ထားပါသေးတယ်။ Webcam အနေနှင့်လည်း ထူးခြားစွာ ပါရှိတာက နဂို Acer Crystal Eye HD တွေထက်ပိုပြီး HDR ဆိုတဲ့ High Dynamic Range ကိုလည်း Support လုပ်ပေးထားပါသေးတယ်။

အဲဒီတော့ Online ပေါ်တွင် Chat တဲ့အခါ အပြန်အလှန်စိတ်ချမ်းမြေ့စွာ မြင်တွေ့ နိုင်ပြီး Drive ဘက်မှာလည်း Original Blu-Ray Disc များကိုပါ ဖတ်နိုင်တဲ့ Super Multi DL Drive ကို အသုံးပြုထားပါတယ်။ နောက်ထပ် ထူးခြားချက်အနေနဲ့ Acer ရဲ့ True Harmony High-Performance ဆိုတဲ့ Sound System ကြောင့် တည်ငြိမ်တဲ့တေးသံတွေကို နားထောင်ရာမှာ သာယာငြိမ့်ညောင်းမှုကို ပေးစွမ်းပြီး မြူးကြွသောတေးသံတွေ ကို နားဆင်ရာမှာလည်း လုံးဝအသက်ဝင်တဲ့ တပ်ဆင်မှုကို ခံစားနိုင်မှာ ဖြစ်ပါတယ်။

WLAN 802.11 ac နှင့် Blutooth 4.1 တို့ကလည်း Notebook ရဲ့ Wireless network အဖြစ် လျင်မြန်သော အမြန်နှုန်းဖြင့် လုပ်ဆောင်ပေးမှာဖြစ်ပြီး File Transfering အတွက် အလွန်လျင်မြန်သောနှုန်းဖြင့် လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ Battery အားဖြင့် 4 Cells Li-ion Battery ဆိုတော့ အချိန်ခဏလေးနဲ့ အားကုန်မှာကိုတော့ စိုးရိမ်စရာမလိုတော့ပါဘူး။



Shwe Lamin Nagar Co., Ltd.
Ph : 01-2301797, 2301798
Price - USD 640
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com


0 comments:

Post a Comment