♪ “အကောင်းဆုံး Android Calendars” ♫

Image may contain: phone and text

အလုပ်ကို စည်းစနစ်နှင့် အချိန်မီပြီးအောင် လုပ်မည်ဆိုလျှင် Calendar လိုသည်။ ပြက္ခဒိန်မှာ အချိန်ဇယားထည့်ပြီး အသေအချာဂရုစိုက် အလုပ် လုပ်နိုင်ဖို့ ဖြစ်ပါသည်။ Android စနစ်တွင် အကောင်းဆုံး အသုံးပြုနိုင် မည့် Calendar များကို ဤသို့တွေ့ရပါမည်။

<Google Calendar>

www.bit.ly/googlecal426 မှနေ၍ download ဆွဲချပြီး အခမဲ့ အသုံးပြုနိုင်သည်။ Google Calendar သည် အခြား နာမည်ကြီး Calendar format အားလုံးနှင့် လိုက်လျောညီထွေ အလုပ်လုပ်နိုင်သည်။ ယင်း Calendar များထဲတွင် Microsoft Exchange လည်းပါသည်။ အခြား Calendar များကို လက်ခံထည့်သွင်းပေးနိုင်သဖြင့် အလုပ်မှာ တစ်မျိုး၊ အိမ်မှာတစ်မျိုး ကွဲလွဲ နေသော account အမျိုးမျိုးဖြင့် ဖန်တီးထားသော Calendar များစွာကို သုံးရန်မလိုဘဲ Google Calendar တစ်မျိုးတည်းဖြင့်ပြီး သော One Stop application ဖြစ်လာပါသည်။

Google Calendar ၏ sidebar သည် မည်သည့် Calendar များအား လှမ်း၍မြင်ရသည်ကို သိနိုင်စေပြီး ယင်းတို့အထဲမှ မိမိအလိုရှိရာ Calendar ကို လွယ်ကူလျင်မြန်စွာ ရွေးချယ်နိုင်စေသည်။ tap တစ်ချက် ခေါက်ရုံဖြင့် ယင်း Calendar များကို အထက်အောက်နေရာ ရွှေ့နိုင် သည်။ အကယ်၍ Google Reminder ကိုသုံးလျှင် ယင်းမှတစ်ဆင့် အခြား Calendar များ အတွက် သတိပေးချက်ကို ရယူနိုင်ပါသေးသည်။

ထို့ပြင် Google Calendar သည် viewing option အမျိုးမျိုးကို လည်းပေး ထားပါသည်။ အလုပ်များအား schedule ၊ Day ၊ 3-Day၊ week ၊ Month စသည့် view များဖြင့် ကြည့်နိုင်စေသည်။ Screen ၏ အပေါ်ဖက်တွင် ရှိသော အောက်စိုက်မြား ခေါင်းနေရာတွင် tap ခေါက်ပါက split screen အဖြစ် ပြသပေးနိုင်သော စွမ်းရည်လည်းရှိသည်။ ထို့ကြောင့် မတူညီသော date နှစ်ခုကြားတွင် ကူးလူး၍ အလုပ်လုပ်နိုင်စေပါသည်။

New entry တစ်ခုထည့်သွင်းမည်ဆိုလျှင် + button နေရာတွင် တစ်ချက် ခေါက်ရပါမည်။ သို့တည်းမဟုတ် Google Device အားလုံးတွင် ယခုအခါ ထည့်သွင်းလာပြီဖြစ်သော Virtual Assistant ကိုသုံး၍ OK Google ဟု ရွတ်ဆိုကာ အသေး စိတ်အချက်အလက်များကို ထည့်သွင်းပေးနိုင်သည်။ ဤ app သည် natural language များကိုလည်း မှတ်မိသည်။ ထို့ကြောင့် Calendar ထဲသို့ လိုအပ်ချက်များကို စာရိုက်ထည့်သောအခါ ထို စာရွက်ပြပြီး name ၊ time ၊ place စသည်တို့ကို ထည့်သည့် အခါ ထည့်သွင်းသည့် entry ပြည့်စုံစေရန်အတွက် သက်ဆိုင်ရာ သတင်း အချက်အလက်များကို Google က ပံ့ပိုးပေးပါသည်။ အကယ်၍သာ Google ကို ခွင့်ပြုချက်ပေးထားမည်ဆိုပါက လေယာဉ်ပျံသန်းမှု ခရီးစဉ် ဇယားနှင့် appointment များကိုပါ Gmail inbox ထဲမှနေ၍ ထည့်သွင်း ပေးနိုင်ပါသေးသည်။

Google Calendar နှင့် ပတ်သက်ပြီး သဘောကျစရာ အကောင်းဆုံး အချက်မှာ နေရာဒေသတစ်ခု၏ image ၊ address တစ်ခုခုကို entry အဖြစ် ထည့်သွင်းရပါက ယင်းကို Scheduled view တွင် ထည့်သွင်း ပေးခြင်းဖြစ်သည်။ ထို့ကြောင့် အချက် အလက်မှန်မမှန်ကို လွယ်ကူစွာ စစ်ဆေးနိုင်သည်။ လိပ်စာထည့်သွင်းရန်လိုသော နေ့စဉ်လုပ်ငန်း ဆောင်တာများ (ဥပမာ-နေ့လည် စာစားချိန် အစည်းအဝေး၊ ဆံပင် ညှပ်ရန်ကိစ္စ) များရှိပါက Google သည် သူ့ကိုယ်ပိုင် Clip art များဖြင့် ပြသပေးပါသည်။

Schedule နှင့် Month Widget များက နောင်လာလတ္တံ့သော ကိစ္စများ အား home screen တွင် ပြသပေးမည်ဖြစ်ပြီး အလွယ်တကူ ဆွဲယူ အသုံးပြုနိုင်သော Goals tool ကြောင့် အလုပ်များကို ပိုမိုပြီးမြောက်စေရန် တွန်းအားပေးနိုင်သည်။ ထို့ပြင် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ရန်၊ အတတ်ပညာတစ်ရပ် ကျွမ်းကျင်မှုအတွက် လေ့လာသင်ယူရန်၊ မိတ်ဆွေ သူငယ်ချင်း နှင့် မိသားစုဝင်များအတွက် အချိန်ပေးရန် စသည်တို့ကိုလည်း Google Calendar က အကြံပြုပေးနိုင်သည်။ သို့သော် မိမိ၏ Schedule အတွင်း ထည့်သွင်းထားသော entries များနှင့် မငြိပါမှ အကြံပြုပေးပါ လိမ့်မည်။

Google Calendar ၏ လုပ်ငန်းလုပ်ဆောင်မှုအပိုင်းနှင့် ပတ်သက်ပြီး ဝေဖန်စရာမရှိသော်လည်း user များကမူ Customisation လုပ်နိုင်မှု အပိုင်းတွင် အားနည်းခြင်းနှင့် Widget ပမာဏနည်းပါးခြင်းတို့ကို သဘောမတွေ့စရာရှိနိုင်သည်။ ထို့ပြင် Google Calendar သည် ယခုထက် ပိုမိုနက်နဲရှုပ်ထွေးသောအလုပ်များကို website ထဲဝင်၍ လုပ်ဆောင်နေရမည့် အစား app ထဲမှ လုပ်ဆောင်နိုင်ခဲ့လျှင် ပို၍ ကောင်းမွန် ပါလိမ့်မည်။

<Sol Calendar>

www.bit.ly/solcalendar426 မှနေ၍ download ဆွဲချပြီး အခမဲ့ အသုံးပြုနိုင်သည်။ ဤ Calendar သည် software ရေးသူ အုပ်စု ငယ်လေးတစ်ခု ဖန်တီးခြင်းဖြစ်သည့်အတွက် ကျန် Calendar များထက် ထူးခြားနေသည်။ လုံးဝအခမဲ့ပေးထား သော app ဖြစ်ခြင်းကြောင့် proversion သို့ အဆင့်မြှင့်တင်အသုံးပြုရန် pop-up များဖြင့် ပူဆာ နေခြင်းမှ ကင်းဝေးပါလိမ့်မည်။ Google Calendar နှင့်တူသော အချက်မှာ Microsoft Exchange အပါအ၀င် လူကြိုက်များသော Calendar format များနှင့် တွဲဖက်အလုပ်လုပ်နိုင်ခြင်းဖြစ်သည်။ Google Task နှင့် sync လုပ်၍အသုံးပြုနိုင်သော to-do list tool မှာလည်း စိတ်ဝင်စား စရာကောင်းပါသည်။

ဤ app ၏ interface သည် ရိုးရှင်းပြီး အသုံးပြုရာတွင် လွယ်ကူမှုရှိပါ သည်။ Calendar ကိုကြည့်ရှုရန်အတွက် view ပုံစံ (၃)မျိုး ပေးထားပါ သည်။ Screen ပေါ်တွင် ဘယ်ညာပွတ်ဆွဲခြင်းအားဖြင့် ယင်း view တို့အကြားအလွယ်တကူ ပြောင်းလဲနိုင်ပါ သည်။ ဤ app ၏ ထူးခြားချက် မှာ month view ထဲတွင် မိုးလေ၀သအခြေအနေကို တစ်ပတ်စာကြို၍ ကြည့်နိုင်ခြင်းဖြစ်ပါသည်။ ဤသို့ မိုးလေ၀သအခြေအနကိုကြည့်ရန် ဆောင်ရွက်ထားပါက တစ်ရက်စာကြိုတင်ပြီး မိုးလေ၀သအခြေအနေကို ပေးပို့ပါလိမ့် မည်။ Google Calendar နှင့်တူသည့် နောက်ထပ်အချက် တစ်ခုမှာ personal goal ကို သတ်မှတ်နိုင်ခြင်းဖြစ်သည်။ ဤ app တွင် အလွန်ကောင်းမွန်သော widget များကိုလည်း အတန်အသင့် စုံလင် စွာပေးထားပါသည်။ အရေးကြီးသော event များကို Calendar ထဲတွင် စတစ်ကာများဖြင့် မှတ်သားခွင့်ပြုပါသည်။ ထို့ကြောင့် အရေးကြီး event များကို ရှာဖွေရာတွင် များစွာလွယ်ကူ သွားစေပါသည်။ Sol Calendar သည် အားကောင်းမှုများစွာရှိသော်လည်း Color Scheme မပြောင်းလဲနိုင် သည့် အားနည်းချက် ရှိပါသည်။ interface သည် အလုပ်ဖြစ်သော်လည်း ကျန်သည့် Calendar များထက် ဆွဲဆောင်မှုအားနည်းသည်ကိုလည်း တွေ့ရပါသည်။

<Today Calendar>

www.bit.ly/today426 မှ download ဆွဲချနိုင်သော်လည်း အခမဲ့ အသုံးပြုနိုင်သည့် Calendar မဟုတ်ပါ။ (၄.၅) ဒေါ်လာပေး၍ ၀ယ်ယူ အသုံးပြု ရသည့် Calendar ဖြစ်ပါသည်။ design အလွန်ကောင်းမွန်ပြီး အသုံးပြုရသူအဖို့ နားလည်ရလွယ် ပါသည်။ Split ၊ Agenda ၊ Day ၊ Week ၊ Month စသည့် view များဖြင့်ကြည့်နိုင်ပါသည်။ မိမိအား ဖိတ်ကြားထားသော အခမ်း အနားအားလုံးကို invite view ဖြင့် တစ်နေရာတည်းမှကြည့်၍လည်း ရပါသည်။ ဖိတ်ကြားချက်နှင့်ပတ်သက်၍ မိမိ၏ တုံ့ပြန်မှု (လက်ခံခြင်း၊ လက်မခံခြင်း) ကို ပြောင်းလဲရန်လိုလျှင် invite view သည် အလျင်မြန်ဆုံး တုံ့ပြန်နိုင်သော နေရာဖြစ်ပါသည်။

Today Calendar သည် မိမိစိတ်ကြိုက်ပြုပြင်ယူနိုင်သော widget ပေါင်းများစွာကိုပေးထားပါသည်။ အခြား Calendar များထက်သာ သည်မှာ Color scheme ကို စိတ်ကြိုက်ပြောင်းလဲယူနိုင်ခြင်းဖြစ်သည်။ အားနည်းချက်အနေဖြင့် event များကိုသာ အထောက်အပံ့ပေးပြီး to-do list နှင့် task များအား အထောက်အပံ့ မပေးနိုင်သည်ကို တွေ့ရပါသည်။



ဧဧသက်(ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com


0 comments:

Post a Comment