♪ “လူသိများလာသော ဒီဂျစ်တယ်ငွေကြေး Bitcoin” ♫

No automatic alt text available.

Bitcoin ဆိုတာဒီဂျစ်တယ်နည်းပညာကို အသုံးပြုပြီး သုံးစွဲနိုင်တဲ့ ငွေကြေးစနစ်တစ်ခုပါ။ ကမ္ဘာ့နိုင်ငံတွေမှာသုံးနေတဲ့ ငွေကြေးတွေမှာ တန်ဖိုးရှိသလိုမျိုးပဲ Bitcoin မှာလည်း တန်ဖိုးရှိပါတယ်။ ဥပမာ- ၁ ဒေါ်လာကို မြန်မာငွေ ၁၃၆၀ ကျပ်နဲ့ညီသလို မျိုးပေါ့။ 1 Bitcoin ကို မြန်မာငွေ ဘယ်နှစ်ကျပ်နဲ့ညီတယ်ဆိုပြီးရှိပါတယ်။ ရောင်းလိုအား၊ ၀ယ်လိုအားပေါ်မူတည်ပြီး ငွေဈေး အတက်အကျရှိသလို Bitcoin မှာလည်း အတက်အကျရှိပါတယ်။

ပုံမှန်ဆိုရင်တော့သက်ဆိုင်ရာငွေကြေးကို နိုင်ငံအလိုက်အစိုးရက ရိုက်ထုတ်ပါတယ်။ Bitcoin ကတော့ အနည်းငယ် ကွာခြားမှုရှိပါ တယ်။နားလည်လွယ်အောင် ရွှေတူးတာနဲ့ဥမာပေးပြီးပြောပြပါမယ်။ ပထမဆုံး ရွှေဆိုတာကအကန့်အသတ်ရှိတဲ့ သယံဇာတပစ္စည်း (Resource Limit) တစ်ခုပါ။ ရွှေတွင်းမှာရွှေတူးမယ်။ ရလာတဲ့ရွှေကို သွားရောင်းရင် ရင်း၊ မရောင်းရင် တန်ဖိုးတူတဲ့အခြားအရာတစ်ခုခုနဲ့ လဲလို့ရပါတယ်။ ဒီနေရာမှာ ရွှေအထွက်များပြီး ၀ယ်လိုအားနည်းနေရင် ဈေးကျ မှာဖြစ်သလို ရွှေအထွက်နည်းတဲ့အချိန်ဝယ်လိုအားများခဲ့ရင် ဈေးတက်မှာပါ။ Bitcoin ကလည်းဒီသဘောပါပဲ။ Bitcoin ကို လိုချင်ရင် တူးရပါမယ်။ ဒါကို mining လုပ်တယ်လို့ခေါ်ပါတယ်။ တကယ်သွားတူး စရာတော့မလိုပါဘူး။ ကွန်ပျူတာကနေခက်ခဲတဲ့ ဂဏန်း ၆၄ လုံးပါ သချာင်္ညီမျှခြင်းကို ဖြေရှင်းရမှာပါ။ ဒီလိုဖြေရှင်းနိုင်တိုင်း Bitcoin တစ်ခု ရမှာဖြစ်ပါတယ်။

အရမ်းခက်ခဲတဲ့အတွက် ရိုးရိုးကွန်ပျူတာနဲ့ဆို အဆင်ပြေမှာမဟုတ်ပါဘူး။ အထူးပြုလုပ်ထားတဲ့စူပါကွန်ပျူတာတွေနဲ့မှ ရမှာပါ။ အဲဒီလိုစူပါ ကွန်ပျူတာ တွေကို ၀န်ဆောင်မှုပေးတဲ့ကုမ္ပဏီတွေရှိပါတယ်။ ဒီလိုရလာတဲ့ Bitcoin တွေကို အရောင်းအ၀ယ် လုပ်နိုင်သလို အွန်လိုင်းငွေပေးချေမှု တွေမှာ လည်းအသုံးပြုလို့ရပါတယ်။ မြန်မာနိုင်ငံမှာတော့ သိပ်ခေတ်မစားသေးပါ ဘူး။ လက်ရှိအချိန်မှာတော့ဈေးကွက်ထဲမှာ Bitcoin ၁၅ မီလီယံ နီးပါးလောက် ရှိနေပါပြီ။

လက်ရှိအချိန် ကမ္ဘာမှာရွှေတစ်အောင်စရဲ့ဈေးဟာဒေါ်လာ ၁၂၀၀ ပတ်ဝန်းကျင်သာရှိသေးပေမယ့် Bitcoin တစ်ကွိုင်ရဲ့ ပေါက်ဈေးကတော့ ဒေါ်လာ ၂၂၀၀ ကျော်ရှိနေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ကမ္ဘာ တစ်ဝန်းလုံးကို ပျံ့နှံ့ခဲ့ပြီး တရုတ်နဲ့ဂျပန် အထိတောင် ရောက်ခဲ့တဲ့ “WannaCry” Ransomware အကြောင်းမှတ်မိဦးမယ်ထင်ပါတယ်။ ဒီ Ransomware က ကွန်ပျူတာ ထဲမှာရှိတဲ့ ဒေတာတွေကိုအသုံးပြုလို့ မရတော့အောင် Encrypt လုပ်လိုက်ပြီး ပိုက်ဆံပြန်ပေးမှ ပြန်ဖွင့်ပေး တာပါ။ ဒီ Ransomware တောင်းတဲ့ ပမာဏကို Bitcoin နဲ့ပေးချေရ ပါတယ်။

Bitcoin ဆိုတာလူသိအများဆုံးဒစ်ဂျစ်တယ်ငွေကြေး (Cryptocurrency) တစ်ခုဖြစ်ပြီးလက်ရှိအချိန်မှာတော့ Coin Base နဲ့ Karaken တို့ရဲ့ ငွေလဲလှယ်မှုဈေးနှုန်းအရ တစ်ကွိုင်ကိုဒေါ်လာ၂၂၀၀ ကျော်ပေါက် ဈေးရှိနေပါတယ်။ တခြားလူသုံးများတဲ့ Ethereum နဲ့ Litecoin တို့လို ဒစ်ဂျစ်တယ်ငွေကြေး (Cryptocurrency) တွေလည်း ရှိပါသေးတယ်။ Bitcoin ဟာ ၂၀၁၃ ခုနှစ် လောက်တုန်းက တစ်ကွိုင်ကို ဒေါ်လာ ၁၀၀၀ ပတ်ဝန်းကျင်သာ တန်ဖိုးရှိခဲ့ပေမယ့် နောက်ပိုင်းမှာ တဖြည်းဖြည်း ဈေးတက်ပြီး ၂၀၁၇ အရောက်မှာတော့ ဒေါ်လာ ၂၀၀၀ ကျော်သွား ပါတယ်။

Master Card တို့၊ Visa တို့အသုံးပြုပြီး ငွေပေးချေမှုလုပ်မယ်ဆိုရင် ဘဏ်တွေက၀န်ဆောင်ခဖြတ်ပါတယ်။ Bitcoin မှာတော့ ဒီလိုမျိုး မရှိပါဘူး။ ဒါကြောင့်မို့ Bitcoin ကိုအွန်လိုင်းမှာ ရင်းနှီးမြှုပ်မှုလုပ်ချင်တဲ့ သူတွေ၊ ငွေမည်းကနေ ငွေဖြူပြောင်း ချင်တဲ့လူတွေနဲ့ အခြားငွေပေးချေ မှုတွေအတွက် အများဆုံးအရောင်းအ၀ယ်လုပ်ကြပါတယ်။



Ref: www.bbc.com, www.coindesk.com, www.techcrush.com

မင်းသုခ

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com


0 comments:

Post a Comment