အခုတစ်ပတ်တော့
Huawei Nova 2 နဲ့ Xiaomi Mi 5c ဆိုတဲ့ အဆင့်မြင့်စမတ်ဖုန်း 2 လုံးရဲ့
ကွဲပြားမှုတွေနဲ့ တူညီတဲ့အချက်တွေကို နှိုင်းယှဉ်ပြောပြသွားပါမယ်။
၎င်းဖုန်း 2 လုံးစလုံးကို 2017 ခုနှစ်မှာပဲ ထုတ်လုပ်ခဲ့တာတွေဖြစ်ပြီး
ရောင်းချတဲ့ဈေးနှုန်းက Huawei Nova 2 က Xiaomi Mi 5c ထက် အနည်းငယ်
ပိုမြင့်မားတာကို တွေ့ရပါတယ်။ ကင်မရာစွမ်းအားပိုင်းမှာ Nova 2 က Mi 5c ထက်
တော်တော်လေးကို
ပိုမိုကောင်းမွန်ပြီး ကျန်တာတွေကတော့ အားလုံးသိပ်မကွာခြားပါဘူး။ Nova 2 ရဲ့
Fingerprint sensor က နောက်ကျောဘက်မှာ တပ်ဆင်ထားပြီး Mi 5c ကတော့ အရှေ့ဘက်
home button မှာ တွေ့ရပါတယ်။ ၎င်းဖုန်းတွေကို GSM, HSPA နဲ့ LTE networks
တွေမှာ အသုံးပြုနိုင်ပြီး ဖုန်း 2 ခုလုံးမှာ Nano SIM card 2 ကတ်ကို
တစ်ပြိုင်နက်တည်း ထည့်သုံးနိုင်မှာပဲ ဖြစ်ပါတယ်။ Internal memory 64GB
ပါရှိတာခြင်းတူပေမယ့် Nova 2 မှာ Micro SDcard ကို 256GB အထိ
ထပ်မံစိုက်ထည့်သုံးနိုင်ပေမ ယ့် Mi 5c မှာတော့ ထပ်စိုက်လို့ မရပါဘူး။
* Design *
1. Huawei Nova 2
Huawei Nova 2 ရဲ့ အရွယ်အစားက 142.2 x 68.9 x 6.9 mm ဖြစ်ပြီး 143g လေးပါတယ်။ ကိုယ်ထည်က ပါးလွှာပြီး အလေးချိန်လည်း ပေါ့ပါးပါတယ်။ ၎င်းကို Aurora Blue, Grass Green, Streamer Gold, Obsidian Black, Rose Gold အရောင် 5 မျိုး ထုတ်လုပ်ထားပါတယ်။
2. Xiaomi Mi 5c
Xiaomi Mi 5c ရဲ့ အရွယ်အစားက 144.4 x 69.7 x 7.1 mm ရှိပြီး 135g အလေးချိန် ရှိပါတယ်။ ဒါကြောင့် အနည်းငယ် ပိုထူပေမယ့် ပိုမိုပေါ့ပါးပါတယ်။ သူ့ကိုတော့ Black, Gold, Rose Gold ဆိုတဲ့ အရောင် 3 မျိုးကို ထုတ်လုပ်ပေးထားပါတယ်။
* Processor *
1. Huawei Nova 2
စက်စွမ်းဆောင်ရည်ပိုင်းအတွက်
RAM 4GB ပါရှိတဲ့ HiSilicon Kirin 659 chipset, Octa-core (4x2.36GHz
Cortex-A53 & 4x1.7GHz Cortex-A53) processor နဲ့ Mali-T830 MP2 GPU
တို့ကို ပံ့ပိုးထားပါတယ်။ ဒါကြောင့် လုပ်ဆောင်နိုင်စွမ်းတွေက
ကောင်းမွန်မှုရှိပါတယ်။
2. Xiaomi Mi 5c
Xiaomi Mi 5c မှာတော့ Xiaomi Surge S1 Octa-core (4x2.2GHz Cortex-A53 & 4x1.4GHz Cortex-A53) Processor နဲ့ Mali-T860MP4 GPU တွေကို သုံးထားတာကို တွေ့ရပါတယ်။ RAM စွမ်းအားအနေနဲ့ ကတော့ 3GB သာ ပါရှိပါတယ်။
* Display *
1. Huawei Nova 2
မျက်နှာပြင်အကျယ် 5 လက်မရှိပြီး LTPS IPS LCD capacitive touchscreen display အမျိုးအစားကို သုံးစွဲထားပါတယ်။ ပြသပေးနိုင်တဲ့ မြင်ကွင်းစွမ်းအားက 1080 x 1920 pixels ရှိပြီး 1 လက်မ သိပ်သည်းဆက ~443 ppi pixels ပမာဏ ရှိပါတယ်။
2. Xiaomi Mi 5c
Mi 5c က မျက်နှာပြင်အကျယ်မှာ Nova 2 ထက် 0.15-inch ခန့် ပိုကျယ်ပြီး IPS LCD capacitive touchscreen display ကို သုံးထားပါတယ်။ ဒါပေမဲ့ ပြသနိုင်တဲ့ မြင်ကွင်းစွမ်းအားကတော့ အတူတူပါပဲ။ ဒါ့အပြင် ဖုန်း 2 ခုလုံးမှာလည်း multitouch စနစ်ကို သုံးစွဲနိုင်ပါတယ်။
* Verdict *
1. Huawei Nova 2
Huawei Nova 2 ရဲ့ အနောက်ကင်မရာက Dual 12 + 8MP, f/ 1.8 aperture ပါရှိပြီး အရှေ့ကင်မရာမှာတော့ 20MP တောင်ရှိတဲ့အတွက် အရည်အသွေးမြင့်မားတဲ့ဓာတ်ပုံတွေကို ရိုက်ယူနိုင်မှာပဲ ဖြစ်ပါတယ်။ ဘက်ထရီကတော့ Non-removable Li-Po 2950mAh battery ကို သုံးထားတာပဲ ဖြစ်ပါတယ်။
2. Xiaomi Mi 5c
Xiaomi Mi 5c ရဲ့ အနောက်ကင်မရာကတော့ 12MP နဲ့ f/2.2 aperture စွမ်းအားပါရှိပြီး အရှေ့ကင်မရာက 8MP, f/2.2 aperture တွေ ရှိပါတယ်။ ဒါကြောင့် ကင်မရာစွမ်းအားမှာ Nova 2 လောက် မကောင်းပေမယ့် ပေးရတဲ့ဈေးနဲ့ သုံးရတာတန်ပါတယ်။ ထည့်သွင်းထားတဲ့ ဘက်ထရီက Non-removable Li-Ion 2860mAh battery ပါ။
NetGuide Journal (Every Wednesday)
https://www.facebook.com/ officialnetguidejournal
* Design *
1. Huawei Nova 2
Huawei Nova 2 ရဲ့ အရွယ်အစားက 142.2 x 68.9 x 6.9 mm ဖြစ်ပြီး 143g လေးပါတယ်။ ကိုယ်ထည်က ပါးလွှာပြီး အလေးချိန်လည်း ပေါ့ပါးပါတယ်။ ၎င်းကို Aurora Blue, Grass Green, Streamer Gold, Obsidian Black, Rose Gold အရောင် 5 မျိုး ထုတ်လုပ်ထားပါတယ်။
2. Xiaomi Mi 5c
Xiaomi Mi 5c ရဲ့ အရွယ်အစားက 144.4 x 69.7 x 7.1 mm ရှိပြီး 135g အလေးချိန် ရှိပါတယ်။ ဒါကြောင့် အနည်းငယ် ပိုထူပေမယ့် ပိုမိုပေါ့ပါးပါတယ်။ သူ့ကိုတော့ Black, Gold, Rose Gold ဆိုတဲ့ အရောင် 3 မျိုးကို ထုတ်လုပ်ပေးထားပါတယ်။
* Processor *
1. Huawei Nova 2
စက်စွမ်းဆောင်ရည်ပိုင်းအတွက
2. Xiaomi Mi 5c
Xiaomi Mi 5c မှာတော့ Xiaomi Surge S1 Octa-core (4x2.2GHz Cortex-A53 & 4x1.4GHz Cortex-A53) Processor နဲ့ Mali-T860MP4 GPU တွေကို သုံးထားတာကို တွေ့ရပါတယ်။ RAM စွမ်းအားအနေနဲ့ ကတော့ 3GB သာ ပါရှိပါတယ်။
* Display *
1. Huawei Nova 2
မျက်နှာပြင်အကျယ် 5 လက်မရှိပြီး LTPS IPS LCD capacitive touchscreen display အမျိုးအစားကို သုံးစွဲထားပါတယ်။ ပြသပေးနိုင်တဲ့ မြင်ကွင်းစွမ်းအားက 1080 x 1920 pixels ရှိပြီး 1 လက်မ သိပ်သည်းဆက ~443 ppi pixels ပမာဏ ရှိပါတယ်။
2. Xiaomi Mi 5c
Mi 5c က မျက်နှာပြင်အကျယ်မှာ Nova 2 ထက် 0.15-inch ခန့် ပိုကျယ်ပြီး IPS LCD capacitive touchscreen display ကို သုံးထားပါတယ်။ ဒါပေမဲ့ ပြသနိုင်တဲ့ မြင်ကွင်းစွမ်းအားကတော့ အတူတူပါပဲ။ ဒါ့အပြင် ဖုန်း 2 ခုလုံးမှာလည်း multitouch စနစ်ကို သုံးစွဲနိုင်ပါတယ်။
* Verdict *
1. Huawei Nova 2
Huawei Nova 2 ရဲ့ အနောက်ကင်မရာက Dual 12 + 8MP, f/
2. Xiaomi Mi 5c
Xiaomi Mi 5c ရဲ့ အနောက်ကင်မရာကတော့ 12MP နဲ့ f/2.2 aperture စွမ်းအားပါရှိပြီး အရှေ့ကင်မရာက 8MP, f/2.2 aperture တွေ ရှိပါတယ်။ ဒါကြောင့် ကင်မရာစွမ်းအားမှာ Nova 2 လောက် မကောင်းပေမယ့် ပေးရတဲ့ဈေးနဲ့ သုံးရတာတန်ပါတယ်။ ထည့်သွင်းထားတဲ့ ဘက်ထရီက Non-removable Li-Ion 2860mAh battery ပါ။
NetGuide Journal (Every Wednesday)
https://www.facebook.com/
0 comments:
Post a Comment