♪ " မြန်မာငွေကျပ် (9) သိန်းကျော်ရှိ Nokia 8 Flagship ကို ဇူလိုင် (31) ရက်နေ့တွင် ရောင်းချမည် " ♫

Image may contain: phone

Nokia 8 လို့ခေါ်တဲ့ Nokia flagship စမတ်ဖုန်းအသစ်ကို ဇူလိုင်လ 31 ရက်နေ့မှာ စတင်ရောင်းချမယ်လို့ သိရပြီး ဈေးနှုန်းကတော့ ယူရို 589 (မြန်မာကျပ်ငွေ 9 သိန်းကျော်) ရှိတယ်လို့ သိရပါတယ်။ TA-1004 မော်ဒယ်နာမည်နဲ့ FCC certification ရရှိထားပြီး Geekbench မှာ ဖော်ပြထားချက်အရ RAM 4GB နဲ့ 8GB ပါဝင်မယ်လို့ တွေ့ရပါတယ်။

ဒါပေမယ့် လက်လီရောင်းချသူတစ်ဦးဖြစ်တဲ့ Scandinavian ကတော့ RAM 4GB နဲ့ storage 64GB ကိုသာ ရရှိမယ်လို့ ဆိုထားပါတယ်။ အရောင်အားဖြင့်တော့ blue ၊ steel ၊ gold/blue နဲ့ gold/copper ဆိုပြီး ရရှိနိုင်မှာဖြစ်ပြီး ဈေးကွက်ရှာဖွေရေးအဖွဲ့ကတော့ ဒီအရောင်တွေကို အများနဲ့မတူတဲ့ နာမည်ပေးသွားဖို့ idea ရှိတယ်လို့လည်း ပြောကြားခဲ့ပါသေးတယ်။

ဒီစမတ်ဖုန်းမှာ Snapdragon 835 ၊ 5.3 လက်မ QHD display နဲ့ အနောက်ဖက်မှာ 13MP dual ကင်မရာ တပ်ဆင်ထားပါတယ်။ ဒါ့အပြင် Nokia 8 က Nokia 9 နဲ့အတူ ထွက်ပေါ်လာမယ်ဆိုတဲ့သတင်းကလည်း အတည်မပြုနိုင်သေးပေမယ့် ခိုင်မာတဲ့သတင်းရင်းမြစ်ကနေ ပြောကြားထားတာပဲ ဖြစ်ပါတယ်။

ဇူလိုင်လ 31 ရက်မှာသာ တကယ်တမ်းမိတ်ဆက်မယ်ဆိုရင် ဒီအဆင့်မြင့် စမတ်ဖုန်းအကြောင်းသိရှိရဖို့ 2 ပတ်လောက်ပဲ လိုတော့တာဖြစ်ပါတယ်။



#gsmarena

သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 
www.pyaephyo.com

0 comments:

Post a Comment