♪ Samsung Galaxy Note 8 နဲ့ ပတ်သက်ပြီး သိထားတဲ့ အရာအားလုံး ♫


ယခင်နှစ်ထုတ် Galaxy Note 7 ဟာ ဘက်ထရီပြဿနာများကြောင့် ကမ္ဘာအ၀န်းမှာ ပြန်လည် သိမ်းယူခဲ့ရပါတယ်။ ဒါပေမယ့် Samsung ဟာ Note Series များ ထုတ်လုပ်ရောင်းချခြင်းကို မရပ်နားဘဲ အမှားများကို သင်ခန်းစာယူပြီး ဒီနှစ်မှာလည်း မျိုးဆက်သစ် Note Series ကို မိတ်ဆက်မှာ ဖြစ်တဲ့အတွက် စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ လာမယ့်လမှာ Galaxy Note 8 ကို မိတ်ဆက်မယ်လို့ ကုမ္ပဏီက အတည်ပြုထားပြီး ဖြစ်တဲ့အတွက် အဲဒီဖုန်းနဲ့ ပတ်သက်ပြီး သိထားတဲ့ သတင်းအချက်အလက်အားလုံးကို မျှဝေလိုက်ပါတယ်။

ဒီဇိုင်းနဲ့ မျက်နှာပြင်
Note 8 ဟာ ဒီနှစ်ထဲမှာ ရောင်းချခဲ့တဲ့ S8 ရဲ့ ဒီဇိုင်းကိုပဲ အများဆုံး အသုံးပြုထားမှာ ဖြစ်ပါတယ်။ S8 Plus ရဲ့ ၆.၂ လက်မ မျက်နှာပြင်ထက် အနည်းငယ်ကြီးမားတဲ့ ၆.၃ လက်မ 3840×2160 Quad HD Infinity Display တပ်ဆင်ထားနိုင်ပါတယ်။ မျက်နှာပြင်ဘေးဘောင်များဟာ အလွန် သေးငယ်မှာပါ။ 2:1 Ratio ကို အသုံးပြုထားမှာ ဖြစ်တဲ့အတွက် ရှည်လျားတဲ့ ပုံသဏ္ဍာန် ဖြစ်လာပြီး ယခင်နှစ်ထုတ် မော်ဒယ်ထက် ပိုမို ကိုင်တွယ်ရတာ ကောင်းမွန်လာမှာပါ။

Note 8 ရဲ့ အနောက်ဘက်ကိုလည်း S8 အတိုင်း ဖန်တီးထားမှာပါ။ ကင်မရာ နှစ်လုံး အလျားလိုက် တပ်ဆင်ထားမှာ ဖြစ်ပြီး Flash ရဲ့ ညာဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ ဖုန်းရဲ့ အောက်ခြေမှာ စပီကာတစ်ခု၊ 3.5mm Headphone Jack ၊ USB-C Charging Port နဲ့ S-Pen Slot ပါတယ်လို့ ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ ဓါတ်ပုံများအရ သိရပါတယ်။ အဲဒီ ဓါတ်ပုံများအရ ဖုန်းရဲ့ ဘယ်ဘက်မှာ Bixby Button ထည့်သွင်းထားမှာ ဖြစ်ပြီး Note 8 ရောင်းချချိန်မှာ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ဟာ စွမ်းရည် ပြည့်ဝနေပြီလို့ ထင်ရပါတယ်။ အနက်၊ ငွေ၊ အပြာနဲ့ ရွှေရောင်များ ထုတ်လုပ်ပေးထားမယ်လို့ သတင်းထွက်နေပါတယ်။

Specifications & Features
Note 8 ဟာ S8 နဲ့ ဒီဇိုင်း ဆင်တူပေမယ့် အတွင်းပိုင်းမှာ ပြောင်းလဲမှုများ ရှိမှာပါ။ အမေရိကန်မှာ ရောင်းချတဲ့ Note 8 မှာ Snapdragon 835 ထည့်သွင်းထားနိုင်ပြီး အခြားနိုင်ငံများမှာတော့ Exynos 8995 Chipset ပါနိုင်ပါတယ်။ S8 ရဲ့ 4GB RAM ထက်များပြားတဲ့ 6GB RAM ပါလာနိုင်ပါတယ်။
Note 8 အတွက် 64GB အပြင် 128GB Model ကိုလည်း ထုတ်လုပ်နိုင်ပါတယ်။ Samsung က တောင်ကိုရီးယားနဲ့ ဟောင်ကောင်မှာ 6GB RAM/128GB Storage ပါတဲ့ S8 Model ကိုလည်း ရောင်းချပေးထားပါတယ်။ Note 7 မှာလိုပဲ Note 8 မှာ SD Slot , IP68 Water Resistance , Wireless Charging , Iris Scanner များ ပါလာမှာပါ။

ကင်မရာ
Note 8 ရဲ့ ကင်မရာကတော့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး ဖြစ်လာမှာဖြစ်ပြီး ဒီနှစ်များထဲမှာ ရောင်းချတဲ့ Samsung Phone များထဲမှာ အကောင်းဆုံး ကင်မရာကို ပိုင်ဆိုင်ထားမှာပါ။ အနောက်ကင်မရာ နှစ်လုံး တပ်ဆင်ထားတဲ့ Samsung ရဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာမှာပါ။ အနောက်ဘက်မှာ 12MP Wide-Angle Sensor နဲ့ 13MP Telephoto Sensor များ တပ်ဆင်ထားပြီး Dual Optical Image Stabilization နဲ့ 3x Optical Zoom နည်းပညာများ ပါလာမှာပါ။ ဒီသတင်းသာ မှန်မယ်ဆိုရင် Note 8 ရဲ့ ကင်မရာဟာ S8 ထက်တောင် ကောင်းလာမှာပါ။ ဈေးကွက်ထဲမှ စမတ်ဖုန်းများထဲမှာတောင် Note 8 ရဲ့ ကင်မရာဟာ အကောင်းဆုံးဖြစ်လာမှာပါ။

ဘက်ထရီ
Note 8 ရဲ့ ဘက်ထရီဟာ လူစိတ်အ၀င်စားဆုံးဖြစ်နေပါတယ်။ Samsung က Note 7 ရဲ့ အဖြစ်မျိုး မကြုံရအောင် သူ့နောက်ပိုင်းထုတ်တဲ့ Device အားလုံးရဲ့ ဘက်ထရီကို အဆင့် ၈ ဆင့်ဖြင့် စစ်ဆေးမယ်လို့ ကြေညာထားပါတယ်။ Samsung က Note 8 ရဲ့ ဘက်ထရီကို အလွန် စိတ်ချရအောင် ဖန်တီးထားမယ်လို့ သတင်းထွက်နေပါတယ်။ Note 8 မှာ S8 Plus ရဲ့ 3500mAh Battery ထက် အနည်းငယ်သေးငယ်တဲ့ 3300mAh Battery တပ်ဆင်ထားနိုင်ပါတယ်။ ဒါပေမယ့် RAM ပမာဏပိုမိုများတဲ့အတွက် စွမ်းအင် စားသုံးမှုကို လျှော့ချပေးနိုင်ပြီး ဘက်ထရီ သက်တမ်းဟာ S8 Plus နဲ့ တူညီနိုင်ပါတယ်။


ဈေးနှုန်းနဲ့ ရောင်းချမယ့် နေ့

Note 8 ဟာ S8 Plus ထက် ဒေါ်လာ ၅၀ ပိုမိုများပြားပြီး ဒေါ်လာ ၉၀၀ ၀န်းကျင်ဖြင့် ရောင်းချနိုင်ပါတယ်။ Samsung မှ အရာရှိတစ်ဦးက Note 8 ကို သြဂုတ်လမှာ မိတ်ဆက်မယ်လို့ အတည်ပြုထားပါတယ်။ တောင်ကိုရီးယား မီဒီယာတစ်ခုကတော့ သြဂုတ် ၂၃ ရက်နေ့လို့ အတိအကျပြောထားပါတယ်။ စက်တင်ဘာလ ဒုတိယအပတ်မှာ စတင် ရောင်းချနိုင်ပါတယ်။




Credit to ==> DigitalTimes.com.mm







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 
www.pyaephyo.com

0 comments:

Post a Comment