“Super Hero များပါမယ့် VR Game”

Image may contain: 1 person, text

Incredible Hulk နဲ့ သူ့ရဲ့ ဘော်ဒါ စူပါဟီးရိုးများကတော့ Virtual Reality ကမ္ဘာကိုရောက်ရှိကြတော့မှာ ဖြစ်ပါတယ်။ စနေနေ့မှာ Disney’s D23 Event တွင် ကြေညာခဲ့တဲ့ Marvel Powers United VR Game မှာ စူပါဟီးရိုးတစ်ယောက်အဖြစ် သင်က ပါဝင်ကစားနိုင်မှာ ဖြစ်ပြီး VR အရသာဖြင့် ၀ုန်းဒိုင်းကြဲ ကစားနိုင်မှာ ဖြစ်ပါတယ်။

Powers United VR Game ကို Marvel က Oculus , Sanzaru Games တို့နဲ့ ပူးပေါင်းဖန်တီးခဲ့တာ ဖြစ်ပြီးအခြား VR Game တစ်ခု ဖြစ်တဲ့ Robo Recall နဲ့ ဆင်တူပါတယ်။ Sanzaru Games ဟာ VR Sports Challenge , Ripcoilတို့ အပါအ၀င် Rift အတွက် VR Games များကိုဖန်တီးပေးနေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ Powers United VR မှာကစားသူများဟာ Marvel ရဲ့ စူပါဟီးရိုး ၁၂ ယောက်ထဲမှ တစ်ယောက်ကိုရွေးချယ် ကစားနိုင်ပါတယ်။

Facebook နဲ့ Oculus တို့ဟာ VR Content များကိုဖန်တီးဖို့ အတွက် ဒေါ်လာသန်း ၅၀၀ ရင်းနှီးမြှုပ်နှံထားပါတယ်။ Oculus ကို Facebook က ၀ယ်ယူထားတာ ဖြစ်ပြီးကုမ္ပဏီဟာစွမ်းဆောင်ရည်မြင့် Rift Headset နဲ့ ထိတွေ့ ကစားရတဲ့ Touch Controller Hardware များကိုဖန်တီးထားပါတယ်။ Marvel Powers United VR ကို ၂၀၁၈ ခုနှစ်မှာ ဖြန့်ချိဖို့ ရည်ရွယ်ထားပါတယ်။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com


0 comments:

Post a Comment