♪ Android အတွက် အကောင်းဆုံး PC/Console Games များ ♫


PC နဲ့ ဂိမ်းစက်များမှာ ဂိမ်းကစားတဲ့ လူများအတွက် အချိန်မရွေး၊ နေရာမရွေး အဲဒီ ဂိမ်းများကို ကစားနိုင်ရင် အလွန် အဆင်ပြေမှာပါ။ ဒီလိုအပ်ချက်ကို သိတဲ့အတွက် ဂိမ်းဖန်တီးသူများက ပီစီ၊ ဂိမ်းစက်များရဲ့ ဂိမ်းများကို Android အတွက် ထုတ်လုပ်ပေးထားပါတယ်။ ဒီဆောင်းပါးမှာတော့ Android အတွက် အကောင်းဆုံး PC/Console Games များကို ဖော်ပြပေးလိုက်ပါတယ်။

FIFA Mobile Football

FIFA Mobile Football ဟာ Android အတွက် အကောင်းဆုံး ဘောလုံး ဂိမ်းများထဲမှ တစ်ခု ဖြစ်ပါတယ်။ ၂၀၁၇ ဗားရှင်းမှာ ဥာဏ်ရည်တု ၊ ဂရပ်ဖစ်နဲ့ ဂိမ်းကစားတဲ့ အရသာတို့လို စွမ်းရည်များဟာ ပိုမို တိုးတက်လာပါတယ်။ ပွဲမှာ ကစားသမားများရဲ့ စိတ်ခံစားမှုများဟာ ပိုမို အားကောင်းလာပါတယ်။ ပြင်ပ ကမ္ဘာကအတိုင်း အသင်းများကို စဉ်ဆက်မပြတ် Update လုပ်ပေးနေပါတယ်။

Electronics Arts က ဂိမ်းရဲ့ အရွယ်အစားကို 100MB အောက်မှာ ရှိအောင် ပြုလုပ်ပေးထားခြင်းဖြင့် မိုဘိုင်း ကိရိယာများအတွက် အဆင်ပြေအောင် ဒီဇိုင်းထုတ်ထားပါတယ်။ အားနည်းချက်တစ်ခုက သူ့ကို ကစားဖို့ အင်တာနက် ဆက်သွယ်မှုလိုအပ်တာ ဖြစ်ပါတယ်။

• App version: 6.1.1
• App size: 30.1 MB
• App compatibility: Android 4.1 or higher
• Pricing: free with in-app purchases
Download

MyNBA2K17

ဘတ်စကတ်ဘော ချစ်သူများအတွက်လည်း NBA 2K17 ရဲ့ မိုဘိုင်းဗားရှင်းဖြစ်တဲ့ MyNBA2K17 ကို ဖန်တီးပေးထားပါတယ်။ EA ရဲ့ FIFA Mobile Football မှာလိုပဲ သူဟာ ဂိမ်းစက်များမှာလောက်တော့ ကစားလို့ မကောင်းပါဘူး။ ဒါပေမယ့် စွမ်းရည်မြင့် ဖုန်းများမှာတော့ ဂရပ်ဖစ်များက အလွန် ကောင်းမွန်ပါတယ်။ စွမ်းရည်နိမ့် ဖုန်းများမှာတော့ ဂရပ်ဖစ်များက တုန့်ဆိုင်းနေတတ်ပါတယ်။
ခြုံပြောရရင် MyNBA2K17 ဟာ Android အတွက် အကောင်းဆုံး ဘတ်စကတ်ဘော ဂိမ်း ဖြစ်ပါတယ်။ ဒါပေမယ့် EA ဟာ မိုဘိုင်းဖုန်းမှာ ပိုမိုချောမွတ်အောင် ဖန်တီးပေးဖို့ လိုအပ်နေတယ်လို့ သုံးသပ်မိပါတယ်။
• App version: 0.0.27
• App size: 50 MB
• App compatibility: Android 4.3 or higher
• Pricing: paid
Download

Grand Theft Auto
မိုဘိုင်းဖုန်းများအတွက် ကြာလရှည်ကြာ စောင့်စားခဲ့ရတဲ့ နာမည်ကျော် Grand Theft Auto ကို Android နဲ့ iOS မှာ ကစားနိုင်ပါပြီ။ ပီစီနဲ့ ဂိမ်းစက်များမှာလောက်တော့ ကစားရတာ သိပ်မကောင်းပေမယ့် မိုဘိုင်းဖုန်းမှာလည်း သင့်တင့်ကောင်းမွန်ပါတယ်။ Android အတွက် Grand Theft Auto: San Andreas ရဲ့ Trailer ကို အောက်မှာ လေ့လာနိုင်ပါတယ်။

ဂိမ်းများကို အင်စတောလုပ်နိုင်မယ့် လင့်များကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
GTA: III, GTA: Vice City, GTA: San Andreas, GTA: Chinatown Wars and Grand Theft Auto: ViceCity

Max Payne Mobile

May Payne Mobile ဟာ မိုဘိုင်းပလက်ဖောင်းအတွက် ၂၀၁၃ ခုနှစ်ကတည်းက ပေါ်ထွက်ခဲ့ပါတယ်။ သက်တမ်းကြာရင့်နေပေမယ့် အလွန်ကောင်းတဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းများမှာ ကစားရတာ အလွန် ချောမွတ်ပါတယ်။ ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်ထုတ် ဖုန်းများမှာ ကစားရင်တောင် အဆင်ပြေပါတယ်။ ဂရပ်ဖစ်က HD အရည်အသွေးကို အဆင့်မြှင့်ပေးထားပါတယ်။ Controls များကို ကစားသူ စိတ်ကြိုက် ပြင်ဆင်နိုင်ပါတယ်။
• App version: 1.2
• App size: 1.36 GB
• App compatibility: Android 2.3 or higher
• Pricing: paid
Download

Tomb Raider


မင်းသမီး Angelina Jolie အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်တဲ့ Tomb Raider Game ကို Android အတွက် ဖန်တီးပေးထားပါတယ်။ Touch Screen Commands များဖြင့် ကစားရမှာ ဖြစ်ပါတယ်။ စွန့်စား ကစားရတဲ့ အက်ရှင် ဂိမ်းဖြစ်ပြီး HD Graphic အရည်အသွေးက အလွန် ကောင်းမွန်ပါတယ်။ Tomb Raider 2 တောင် ထွက်ရှိနေပြီ ဖြစ်ပါတယ်။
• App version: 1.0.39
• App size: 320.2 MB
• App compatibility: Android 4.0 or higher
• Pricing: paid
Download Tomb Raider I




Credit to ==> DigitalTimes.com.mm






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com


0 comments:

Post a Comment