♪ မြန်မာလူငယ်များပါဝင်သော စက်ရုပ်အသင်းသည်ကမ္ဘာ့ အကောင်းဆုံး အဆင့် ၁၀ အတွင်းရရှိ ♫


ကမ္ဘာ့ပထမဦးဆုံး အပြည်ပြည်ဆိုင်ရာ စက်ရုပ်ပြိုင်ပွဲဖြစ်သော “FIRST Global Robotics Olympics” သို့ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ကျောင်းသား ၊ ကျောင်းသူ ၇ ဦး ပါဝင်သော အဖွဲ့မှ သွားရောက်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲဝင်နိုင်ငံပေါင်း ၁၆၃ နိုင်ငံရှိသည့်အနက် မြန်မာအသင်းဟာ အဆင့် ၆ ရရှိခဲ့တယ် လို့ သိရပါတယ်။

အဲဒီ ပြိုင်ပွဲကို အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ရှိ  “Constitution Hall တွင် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ သုံးရက်တိုင်တိုင်ကျင်းပပြုလုပ်ခဲ့ပြီး ကမ္ဘာ့တိုက်ကြီးခြောက်ခုရှိ နိုင်ငံပေါင်း ၁၀၀ ကျော်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ် လို့ ဆိုပါတယ်။ ပြိုင်ပွဲ ရဲ့ ရည်ရွယ်ချက်မှာ ကမ္ဘာတစ်ဝန်းမှ လူငယ်များ၏ သိပ္ပံနှင့် နည်းပညာနယ်ပယ်အတွင်း နည်းပညာအသစ်တွေကို ကို တီထွင်ကြံစရန် စိတ်အားထက်သန်မှုကို  မြေတောင်မြှောက်ပေးလိုတဲ့ ရည်ရွယ်ချက်ဖြင့်ျကင်းပပြုလုပ်ခြင်းဖြစ်တယ် လို့ ဆိုပါတယ်။

FIRST Global Robotics Olympics သို့ မြန်မာနိုင်ငံကိုယ်စားပြုယှဉ်ပြိုင်ရန် ပြိုင်ပွဲမတိုင်မှီ လူရွေးချယ်မှုများပြုလုပ်ခဲ့ရာ အထက်တန်းကျောင်းများ၊တက္ကသိုလ် မှ (အသက် ၁၅ မှ ၁၈ အတွင်းရှိ) ကျောင်းသူ ကျောင်းသားများထံမှ လျှောက်လွှာ ၅၀ ကျော်ကျော် လက်ခံရရှိခဲ့ပြီး ဖန်တီးရာ Myanmar Innovation Lab သည် USAID ရဲ့ ပူးပေါင်းပါဝင်ကူညီမှုဖြင့် မြန်မာနိုင်ငံကိုကိုယ်စားပြုမည့် အသင်းကို စေလွှတ်နိုင်ခဲ့တယ် လို့ သိရပါတယ်။

First Global မှကြိုတင် ပေးအပ်သော စက်ပစ္စည်းများဖြင့် ခေတ်မှီပြီးစွမ်းရည်ပြည့်ဝတဲ့ စက်ရုပ်တစ်ခုကို ဖန်တီးရာတွင် ပြုလုပ်ခဲ့ကြပြီး လိုအပ်သော နည်းစနစ်ပိုင်းဆိုင်ရာအကူအညီများနှင့် လမ်းညွှန်ပြသမှုများကို လည်း ဖန်တီးရာမှ ကူညီခဲ့တယ် လို့ သိရပါတယ်။.




Credit to ==> DigitalTimes.com.mm







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com



0 comments:

Post a Comment