♪ “Lenovo က စမတ်နာရီလို ၀တ်ဆင်နိုင်တဲ့ ကွေးညွှတ် စမတ်ဖုန်းကို ပြသ” ♫

No automatic alt text available.

Lenovo က ကွေးညွှတ် စမတ်ဖုန်းတစ်လုံးကို Tech World Summit မှာ ပြသလိုက်ပါတယ်။ သူ့ရဲ့ စမတ်ဖုန်းဟာ အလွန်ကွေးညွှတ်ပျော့ပြောင်းပြီး ခေါက်လိပ်နိုင်ပါတယ်။ အဲဒီစမတ်ဖုန်းကို Lenovo Cplus လို့ အမည်ပေး ထားပါတယ်။ နမူနာမော်ဒယ် အဆင့်သာရှိပါသေးတဲ့အတွက် စွမ်းရည်ပြည့်ဝစွာ အလုပ်မလုပ်နိုင်သေးပါဘူး။

ဒါပေမယ့် လက်ရှိနမူနာ မော်ဒယ်ဟာကွေးညွှတ်တဲ့ စွမ်းရည်ကိုတော့ ပိုင်ဆိုင်နေပါပြီ။ စမတ်ဖုန်း ရဲ့ မျက်နှာပြင်ကတော့ သေးငယ်ပြီး ၄.၃၅ လက်မ AMOLED Screen ဖြစ်ပါတယ်။ စမတ်နာရီလိုပါ သုံးနိုင်အောင် သေးငယ်တဲ့ မျက်နှာပြင် တပ်ဆင်ထားတာ ဖြစ်ပါတယ်။ Smartwatch Mode နဲ့ Smartphone Mode ကိုပြောင်းလဲအသုံးပြုရမှာ ဖြစ်ပါတယ်။ 

သူ့မှာ Facial Recognition နဲ့ Natural Language Processing များကိုအသုံးပြု ထားတဲ့ CAVA အမည်ရဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် အသစ် ပါပါတယ်။ သူက ကလင်ဒါကိုအခြေခံ၍ သင့်အတွက် အကြံပေးမှု များကိုပြုလုပ်ပေးနိုင်ခြင်း အပါအ၀င် အခြားအလုပ်များစွာကို လုပ် ဆောင်ပေးမှာပါ။ ပြပွဲမှာ Lenovo က Cplusအပြင် daystARအမည်ရ AR Headset ကိုလည်း ပြသလိုက်ပြီးကွန်ပျူတာနဲ့ ဖုန်းများဖြင့် ချိတ်ဆက် ဖို့မလိုဘဲသူ့ကိုအသုံးပြုနိုင်ပါတယ်။

Activity Tracker တစ်ခုဖြစ်တဲ့ SmartVest က လေ့ကျင့်ခန်း ပြုလုပ်ရာမှာတိကျစွာ တိုင်းတာပေးနိုင် ပါတယ်။ Lenovo က စပီကာ/ပရိုဂျက်တာ နှစ်မျိုးသုံး ကိရိယာကိုလည်း မိတ်ဆက် လိုက်ပြီး CAVA ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် ပါပါ တယ်။ သူဟာ Google Home နဲ့ Amazon Echo စမတ် စပီကာ များကို ယှဉ်ပြိုင်မှာဖြစ်ပါတယ်။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com



0 comments:

Post a Comment