♪ ၂၀၁၇ ခုနှစ် ပထမ နှစ်ဝက်အတွင်းမှာ မိတ်ဆက်ခဲ့တဲ့ စမတ်ဖုန်းများ ♫


၂၀၁၇ ခုနှစ်ရဲ့ ဇူလိုင်လကို ရောက်ရှိလာပြီ ဖြစ်တဲ့အတွက် နှစ်တစ်ဝက်ကို ကျော်လွန်လာခဲ့ပါပြီ။ ယခုနှစ်ရဲ့ ပထမနှစ်ဝက်အတွင်းမှာ စမတ်ဖုန်းများစွာကို မိတ်ဆက်ခဲ့ကြပါတယ်။ အဲဒီ စမတ်ဖုန်းများထဲမှာ စွမ်းဆောင်ရည် နိမ့်၊ စွမ်းဆောင်ရည် သင့်နဲ့ စွမ်းဆောင်ရည် မြင့် စမတ်ဖုန်းများစွာ ပါဝင်ကြပါတယ်။ စမတ်ဖုန်း အသစ်တစ်လုံး ၀ယ်ယူဖို့ စဉ်းစားနေသူများအတွက် ယခုနှစ်ထုတ် စမတ်ဖုန်းများကို ပြန်လည် ဖော်ပြလိုက်ပါတယ်။

ဇန်န၀ါရီ
နှစ်စဉ် ဇန်န၀ါရီလမှာ ကျင်းပခဲ့တဲ့ CES ပွဲမှာ ဓါတ်ပုံရိုက်ကူးမှုအတွက် အထူး ကောင်းမွန်တဲ့ စွမ်းဆောင်ရည်သင့် Zenfone 3 Zoom နဲ့ Virtual & Augmented Reality တို့ကို ပံ့ပိုးနိုင်တဲ့ Zenfone AR တို့ကို မိတ်ဆက်ခဲ့ပါတယ်။



HTC ကလည်း U Play နဲ့ U Ultra စမတ်ဖုန်ုး နှစ်လုံးကို ပြသခဲ့ပါတယ်။ U Series အသစ်များမှာ Sense Companion ပါတဲ့အတွက် အခြား မော်ဒယ်များနဲ့ ကွဲပြားပါတယ်။ Sense UI ဟာ HTC ရဲ့ Virtual Assistant ဖြစ်ပြီး User Experience ကို ပိုမိုကောင်းမွန်အောင် ဖန်တီးထားပါတယ်။ သူ့ကို အခုတော့ HTC Smartphone အားလုံးမှာ သုံးနိုင်ပါပြီ။

Huawei က စွမ်းဆောင်ရည်သင့် Honor 6X ကို မိတ်ဆက်ခဲ့ပြီး ကင်မရာနဲ့ ဘက်ထရီ သက်တမ်းများက ကောင်းမွန်ပါတယ်။ အနောက် ကင်မရာ နှစ်လုံး ပါပြီး ထူးခြားဆန်းသစ်တဲ့ ဓါတ်ပုံများကို မရိုက်ကူးပေးနိုင်ပေမယ့် စွမ်းဆောင်ရည် ကောင်းမွန်ပါတယ်။ Huawei က P8 Lite(2017) ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။

ဖေဖော်ဝါရီ
ဖေဖော်ဝါရီလမှာ ကျင်းပတဲ့ Mobile World Congress မှာလည်း စမတ်ဖုန်းများစွာကို မိတ်ဆက်ခဲ့ပါတယ်။ Samsung က အဲဒီပွဲမှာ စမတ်ဖုန်း အစား Galaxy Tab S3 ကို ပြသခဲ့ပါတယ်။ BlackBerry က Android ထည့်သွင်းထားပြီး Physical Keyboard ပါတဲ့ BlackBerry KEYone ကို မိတ်ဆက်ခဲ့ပါတယ်။ Lenovo က စမတ်ဖုန်း အသစ်နှစ်လုံးဖြစ်တဲ့ Moto G5 နဲ့ Moto G5 Plus တို့ကို မိတ်ဆက်ခဲ့ပါတယ်။ အလွန်ကောင်းတဲ့ စွမ်းဆောင်ရည်သင့် စမတ်ဖုန်းများ ဖြစ်ပြီး ဒီဇိုင်းနဲ့ ကင်မရာများက စွဲဆောင်မှု ရှိပါတယ်။

Huawei က စွမ်းဆောင်ရည်မြင့် P10 နဲ့ P10 Plus တို့ကို မိတ်ဆက်ခဲ့ပြီး လူကြိုက်များ ရေပန်းစားခဲ့ပါတယ်။ သူ့ရဲ့ တစ်ခုထဲသော အားနည်းချက်မှာ ရေစိုမခံခြင်း ဖြစ်ပါတယ်။ Nokia က MWC မှာ စမတ်ဖုန်းလောကသို့ တစ်ကျော့ပြန်ခြေချလာပြီး စမတ်ဖုန်းများစွာကို ပြသခဲ့ပါတယ်။ အဲဒီအထဲမှာ Nokia 3310 က လူကြိုက်များခဲ့ပါတယ်။

Sony ကလည်း ပွဲမှာ စွမ်းဆောင်ရည်သင့် Xperia XA1 , XA1 Ultra နဲ့ XZs တို့ကို ပြသခဲ့ပါတယ်။ ဒါပေမယ့် စွမ်းဆောင်ရည်မြင့် Snapdragon 835 Processor ထည့်သွင်းထားတဲ့ Xperia XA Premium ဟာ လူစိတ်အ၀င်စားဆုံး ဖြစ်ခဲ့ပါတယ်။ LG က စွမ်းဆောင်ရည်မြင့် G6 ကို မိတ်ဆက်ခဲ့ပြီး ထူးခြားတဲ့ Aspect Ratio ကို အသုံးပြုထားပါတယ်။ ၅.၇ လက်မ စကရင်ကို အရွယ်လတ် ကိုယ်ထည်ထဲမှာ ထည့်သွင်းထားပါတယ်။ ZTE Blade V8 Life , V8 Mini , Nubia N1 တို့ကိုလည်း ပြသခဲ့ပါတယ်။



မတ်
မတ်လမှာ Samsung က စွမ်းဆောင်ရည်မြင့် Galaxy S8 နဲ့ S8 Plus တို့ကို မိတ်ဆက်လိုက်ပါတယ်။ LG G6 လိုပဲ အဲဒီဖုန်းများရဲ့ မျက်နှာပြင်ဘေးဘောင်များဟာ အလွန် သေးငယ်ပါတယ်။ Snapdragon 835 Processor ထည့်သွင်းထားပြီး ကုမ္ပဏီရဲ့ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် Bixby ကို ပထမဆုံး ထည့်သွင်းပေးထားတဲ့ စမတ်ဖုန်းများ ဖြစ်ကြပါတယ်။

ဧပြီ
ယခင်လများမှာ စမတ်ဖုန်းများစွာကို မိတ်ဆက်ခဲ့ကြတဲ့အတွက် ဧပြီလမှာတော့ ဖုန်းအနည်းငယ်ကိုသာ မြင်တွေ့ခဲ့ကြပါတယ်။ ဧပြီလမှာ တရုတ် စမတ်ဖုန်း ထုတ်လုပ်သူ ရှောင်မီက လှပတဲ့ Mi 6 ကို မိတ်ဆက်ခဲ့ပါတယ်။ Mi 6 ဟာ Mi 5 , 5s တို့ရဲ့ မျိုးဆက်ဖြစ်ပါတယ်။



မေ
HTC က မေလမှာ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း အသစ်တစ်လုံးကို မိတ်ဆက်ခဲ့ပြီး HTC U11 ဖြစ်ပါတယ်။ သူ့မှာ Sense Companion အပြင် အလွန်ကောင်းတဲ့ ကင်မရာ ပါပါတယ်။ ဖုန်း ကိုယ်ထည်ကို ညှစ်၍ အလုပ်များ လုပ်နိုင်တဲ့ Edge Sense လည်း ပါပါတယ်။

ဇွန်
ဇွန်လမှာ တန်ဖိုးသင့် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများကို မိတ်ဆက်ခဲ့ကြပါတယ်။ OnePlus က 3T ရဲ့ မျိုးဆက် Flagship Killer ဖြစ်တဲ့ OnePlus 5 ကို ကြေညာခဲ့ပါတယ်။ OnePlus 5 ဟာ အဖက်ဖက်မှာ ပြည့်စုံကောင်းမွန်ပါတယ်။ ဘက်ထရီ အားသွင်းရာမှာ အလွန်လျှင်မြန်ပြီး ကင်မရာကလည်း အလွန် အရည်အသွေး ကောင်းမွန်တဲ့ ဓါတ်ပုံများကို ထုတ်လုပ်ပေးနိုင်ပါတယ်။

Honor ကလည်း တန်ဖိုးသင့် စွမ်းဆောင်ရည်မြင့် Honor 9 ကို မိတ်ဆက်လိုက်ပါတယ်။ နာမည်ကျော် Honor 8 ရဲ့ မျိုးဆက်ဖြစ်ပြီး ဒီဇိုင်း လှပပါတယ်။ Specifications များက Huawei P10 နဲ့ အများစု တူညီကြပါတယ်။





Credit to ==> DigitalTimes.com.mm






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com


0 comments:

Post a Comment