♪ အဆင့်မြင့် စမတ်ဖုန်းတွေထဲမှာ တစ်လုံးအပါအ၀င်ဖြစ်တဲ့ " Meizu MX6 " Price » 339,000 Ks ♫

Image may contain: phone

MEIZU MX6 ဟာ နောက်ဆုံးပေါ် အဆင့်မြင့် စမတ်ဖုန်းတွေထဲမှာ တစ်လုံး အပါအဝင်ဖြစ်ပြီး တန်းဝင်အဆင့်ရှိပါတယ်။ ပြီးခဲ့တဲ့ 2016 ဇူလိုင်လလောက်က ထုတ်လုပ်ခဲ့တာဖြစ်ပြီး ခုထိဈေးကွက်ထဲမှာ ရောင်းအားကောင်းဆဲပါပဲ။ ၎င်းဟာ MEIZU ဖုန်းတွေထဲမှာမှ တစ်ကမ္ဘာလုံးကို ဖြန့်ချိတဲ့ ပထမဆုံး စမတ်ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။

ကိုယ်ထည်ကို သတ္တုနဲ့ပြုလုပ်ထားပြီး နောက်ကျောဘက်မှာ plastic antenna bands တွေက အပေါ်ဘက်နဲ့ အောက်ဘက်မှာ အပြိုင်သွယ်တန်းနေပါတယ်။ ဒါကြောင့် နောက်ကျောဘက်ဒီဇိုင်းပုံစံက iPhone 7 နဲ့ အနည်းငယ်ဆင်တူပြီး အထူက နည်းနည်းလေးပဲ ပိုထူပေမယ့် Google Pixels ထက်တော့ ပိုပါးပါတယ်။


အရှေ့ဘက်မျက်နှာပြင်က ရိုးရှင်းပြီး ဘေးဘောင် bezel ကျဉ်းပါတယ်။ မျက်နှာပြင်အပေါ်ဘက်မှာ အရှေ့ကင်မရာ Lens နဲ့အောက်ခြေမှာ Home button တို့တည်ရှိပြီး Home button ဘေးတစ်ဖက်စီမှာ Capacitive buttons 2 ခု ပါရှိပါတယ်။ MEIZU MX6 Home buttons မှာ Fingerprint sensor ကို တပ်ဆင်ထားပြီး ၎င်းက ဖုန်းကို တိကျလျင်မြန်စွာ unlock လုပ်ပေးနိုင်ပြီး ဖုန်းထဲက data တွေကို လုံခြုံစွာကာကွယ်ပေးထားနိုင်ပါတယ်။


အောက်ခြေဘောင်ရဲ့ ပုံစံအနေအထားတွေက iPhone 6, 6S တို့နဲ့ ဆင်တူတာကြောင့် ဘယ်ဘယ်မှာ 3.5mm headphone ၊ အလယ်မှာ USB Type-C Port နဲ့ ညာဘက်မှာ Single Speaker grille တို့ ပါရှိပါတယ်။ ညာဘက် ဘေးဘောင်မှာ အသံအတိုးအကျယ်ခလုတ်နဲ့ ပါဝါခလုတ်တွေကို တပ်ဆင် ထားပြီး ဘယ်ဘက်မှာတော့ SIM tray ကို တွေ့မြင်နိုင်ပါတယ်။ နောက် ကျောဘက်ရဲ့ အပေါ်ဘက် အလယ်တည့်တည့်မှာ အနောက်ကင်မရာ Lens နဲ့ သူ့အောက်မှာ LED Flash မီးလုံးနဲ့ Logo တို့ ပါရှိပါတယ်။
ဖုန်းရဲ့အရွယ်အစားက 153.6 x 75.2 x 7.3 mm ရှိပြီး 155g အလေးချိန် လေးပါတယ်။ ဒါကြောင့် ကိုင်တွယ်သုံးစွဲလို့ကောင်းတဲ့ အနေတော်အရွယ် အစားနဲ့ အလေးချိန်ပါပဲ။ ကိုယ်ထည်ကို တည်ဆောက်ထားတဲ့ hardware ပိုင်းတွေကလည်း အထူးကောင်းမွန်တာကြောင့် Premium ဖုန်းတစ်လုံးရဲ့ အသွင်အပြင်နဲ့ အဆင်းရော၊ အချင်းရောရှိတဲ့ ဖုန်းတစ်လုံးလို့ ပြောနိုင်ပါတယ်။ MEIZU MX6 ကို GSM, CDMA, HSPA နဲ့LTE networks တွေမှာ အသုံးပြု နိုင်ပြီး Nano SIM card 2 ကတ်ကို တစ်ပြိုင်နက်တည်း ထည့်သုံးနိုင်တဲ့ Dual SIM စနစ်ပါရှိပါတယ်။


မျက်နှာပြင်အကျယ်က 5 လက်မခွဲ အကျယ်ရှိပြီး TDDI capacitive touchscreen display အမျိုးအစားကို သုံးထားပါတယ်။ ၎င်းမျက်နှာပြင်က မြင်ကွင်းစွမ်းအားအနေနဲ့ 1080 x 1920 pixels ကို အပြည့်အဝ ပေးစွမ်းနိုင်လို့ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေ ကြည့်ရတာလည်း အဆင်ပြေပါတယ်။ 1 လက်မမှာ ရှိတဲ့ သိပ်သည်းဆပမာဏကတော့ ~403 ppi pixelsရှိပါတယ်။ ဒါ့အပြင် မျက်နှာပြင်ပေါ်မှာလည်း လက်ချောင်း 5 ချောင်းထိ တစ်ပြိုင်နက်တည်း ထိန်းချုပ်နိုင်တဲ့ multitouch စနစ်ကို သုံးစွဲနိုင်ပါသေးတယ်။


၎င်းအထဲမှာ Android 6.0 (Marshmallow) ကို run ပေးထားပြီး User Interface အနေနဲ့တော့ Flyme UI ကို သုံးထားပါတယ်။ USB ပေါက်က USB Type-C 1.0 ပါရှိပြီး reversible connector ဖြစ်လို့ သုံးရတာ ပိုအဆင်ပြေပြီး ၎င်းမှာ Bluetooth စနစ်က 4.1, A2DP နဲ့ LE တို့ ပါရှိပါတယ်။ အနောက်ကင်မရာက 12MP နဲ့ f/2.0 aperture စွမ်းအားရှိလို့ အရည်အသွေးမြင့်မားတဲ့ ဓာတ်ပုံတွေ နဲ့ 30fps မှာ 2160p အရည်အသွေးရှိတဲ့ ဗီဒီယိုတွေကိုရိုက်ကူးနိုင်ပါတယ်။ အရှေ့ကင်မရာက 5MP သာပါရှိပြီး aperture စွမ်းအားကတော့ အနောက် ကင်မရာနဲ့ အတူတူပါပဲ။


ဖုန်းစက်စွမ်းဆောင်ရည်ပိုင်းမှာလည်း သုံးစွဲလို့အဆင်ပြေတဲ့ CPU နဲ့ GPU တို့ကို သုံးထားပါတယ်။ ဖုန်းထဲမှာ data တွေကို သိမ်းဆည်းဖို့အတွက် Internal memory 32GB ပါရှိပေမယ့် Micro SDcard ကိုတော့ ထပ်စိုက်သုံးလို့ မရပါဘူး။ RAM အနေနဲ့ကတော့ 3GB နဲ့ 4GB ကို ရွေးချယ်နိုင်အောင် version 2 မျိုးကို ထုတ်လုပ်ထားပါတယ်။ ၎င်းဖုန်းကို Gray, Silver, Champagne Gold, Rose Gold ဆိုပြီး အရောင် 3 မျိုး ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

Battery Life
>>>>>

ကိုယ်ထည်ထဲမှာ ထည့်သွင်းထားတဲ့ Non-removable Li-Ion 3060mAh battery က တစ်နေ့တာလုံး သုံးစွဲဖို့အတွက်တော့ လုံလောက်ပြီး Fast battery charging စနစ်လည်းပါရှိလို့ ဖုန်းအားသွင်းရတာလည်း မြန်ဆန်မှုရှိပါတယ်။

Design
>>>>>

ဒီဇိုင်းပုံစံက ရိုးရိုးရှင်းရှင်းနဲ့ သေသပ်လှပပြီး ကိုယ်ထည်ကို သတ္တု နဲ့ ပြုလုပ်ပေးထားလို့ အကြမ်းခံပြီး တာရှည်လည်း အသုံးပြုနိုင်ပါတယ်။ ဒ့ါအပြင် MEIZU MX6 ဟာ ပါးလွှာပေါ့ပါးလို့ သုံးစွဲရတာ အဆင်ပြေပြီး နောက်ကျောဘက်ကနေကြည့်လိုက်ရင် iPhone ဒီဇိုင်းနဲ့ အနည်းငယ် ဆင်တူတာကို တွေ့ရပါတယ်။

Processor
>>>>>

MEIZU MX6 မှာ Mediatek MT6797 Helio X20 Deca Core (2x2.3GHz Cortex-A72, 4x1.9GHz Cortex-A53, 4.1.4 GHz Cortex-A53) processor ကို ထောက်ပံ့ပေးထားပြီး Mali-T880 MP4 Graphics Card ကို သုံးထားပါတယ်။ ဒါကြောင့် ပေးရတဲ့ဈေးနှုန်းနဲ့ ထိုက်တန်တဲ့ လုပ်ဆောင်နိုင်စွမ်းတွေနဲ့ ရုပ်ထွက်တွေကို ပေးစွမ်းနိုင်ပါတယ်။

Display and Camera
>>>>>

5 လက်မခွဲ အကျယ်ရှိတဲ့ မျက်နှာပြင်ကို TDDI capacitive touch -screen display အမျိုးအစားနဲ့ ပြုလုပ်ပေးထားပြီး 1080 x 1920 pixels ရှိတဲ့ မြင်ကွင်းစွမ်းအားတွေကို ရရှိမှာဖြစ်ပါတယ်။ 12MP ရှိတဲ့ အနောက်ကင်မရာနဲ့ 5MP ရှိတဲ့ အရှေ့ကင်မရာတို့ ပါရှိပြီး 2 ခုလုံးမှာ f/2.0 aperture စွမ်းအားတွေ ပါရှိပါတယ်။

Verdict
>>>>>

ဒီ MEIZU MX6 ဟာ ဈေးနှုန်းအသင့်အတင့်တဲ့ အဆင့်မြင့်စမတ်ဖုန်း တစ်လုံးပဲဖြစ်ပြီး သုံးစွဲရတာလည်း အဆင်ပြေပါတယ်။ ဒီဇိုင်းရိုးရိုးရှင်း ရှင်းလေးက ဘယ်တော့မှ ရိုးမသွားနိုင်မယ့်ပုံစံမျိုးဖြစ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ သုံးစွဲနိုင်မှာပဲ ဖြစ်ပါတယ်။



Price » 339,000 Ks
Contact Phone » 01-371924
( AMT Mobile Sales & Service )

Specification
>>>>><<<<<

» Network : 2G, 3G, 4G (Dual-SIM)
» Weight : 155 g
» Display : 5.5", TDDI capacitive touchscreen
» Dimensions : 153.6 x 75.2 x 7.3 mm
» Memory : 32GB, 3GB RAM
» Camera : 12MP, f/2.0, phase detection autofocus, dual-LED (dual tone) flash, 1.25μm pixel size, Geo-tagging, touch focus, face detection, HDR, panorama, Front : 5MP
» Connectivity : GPS, WLAN, Bluetooth 4.1, Type-C 1.0
» OS : Android OS 6.0 (Marshmallow)
» Chipset : Mediatek MT6797 Helio X20
GPU : Mali-T880 MP4
» Sensors : Fingerprint (front-mounted), accelerometer, gyro, proximity, compass





NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 
www.pyaephyo.com



0 comments:

Post a Comment