♪ အနောက်ဘက် Display တစ်ခုပါတဲ့ iPhone 7 Case ♫


InkCase i7 ဟာ ထူးခြား ဆန်းသစ်တဲ့ iPhone 7 Case ဖြစ်ပြီး သင့်ရဲ့ iPhone အသုံးပြုမှုကို ပြောင်းလဲပေးနိုင်ပါတယ်။ သူ့ရဲ့ အနောက်ဘက်မှာ Display တစ်ခု တပ်ဆင်ထားပြီး eBooks နဲ့ သတင်းများကို ဖတ်ခြင်း အပြင် အခြား အလုပ်များကို လုပ်နိုင်ပါတယ်။

သှူ့မှာ ကိုယ်ပိုင် ဘက်ထရီနဲ့ Storage လည်း ပါပါတယ်။ အဲဒီအတွက် သူ့ကို ဖုန်းမှာ တပ်ဆင်လိုက်ရင် Display ၂ ခု ပါတဲ့ စမတ်ဖုန်း ဖြစ်သွားမှာပါ။ InkCase i7 မှာ ပါတဲ့ BubblePro နည်းပညာက တုန်ခါမှုဒဏ်ကို ခံနိုင်အောင် ကာကွယ်ပေးတဲ့ အပြင် ရေစိုခံပါတယ်။ အဲဒီ နည်းပညာက ထိခိုက်မိတဲ့ နေရာမှ အားကို Case တစ်ခုလုံးသို့ စေလွှတ်ခြင်းဖြင့် ဒဏ်ခံနိုင်အောင် ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ InkCase i7 ဟာ ပါးလွှာ၊ ပေါ့ပါးပါတယ်။

InkCase i7 ကို Bluetooth ဆက်သွယ်မှုဖြင့် သင့်ရဲ့ iPhone နဲ့ ချိတ်ဆက်ရမှာ ဖြစ်ပါတယ်။ သင့် ဖုန်းမှ eBooks များကိုလည်း Bluetooth ကနေ Case ထံ ပေးပို့နိုင်ပြီး Case ရဲ့ E-ink Display ကနေ ဖတ်ရှုနိုင်ပါတယ်။ E-ink Display ဟာ အဖြူနဲ့ အနက်ရောင်များကိုသာ ပြသပေးတဲ့အတွက် တစ်ချိန်လုံးဖွင့်ထားရင်တောင် ဘက်ထရီ စားခြင်း မရှိပါဘူး။ စာသားများက ကြည်လင်ပြတ်သားပြီး နေရောင်ထဲမှာတောင် ဖတ်ရတာ အဆင်ပြေပါတယ်။

ဖုန်းမှ PDF များ၊ သတင်း ၊ ဆောင်းပါးများကိုလည်း Case ထံ ပေးပို့နိုင်ပါတယ်။ E-ink Display မှာ သင့်ရဲ့ အလုပ်စာရင်းများ၊ မှတ်စုများကိုလည်း ပြသပေးပါတယ်။ InkCase i7 ကို ၁၁၉ ဒေါ်လာဖြင့် ရောင်းချပေးနေ ပါတယ်။




Credit to ==> DigitalTimes.com.mm






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com


0 comments:

Post a Comment