♪ အားလပ်ချိန်များမှာ အပိုဝင်ငွေ ရှာနိုင်မယ့် ၀က်ဆိုက်များ ♫


သင့်ရဲ့ အားလပ်ချိန်မှာ အချိန်ပိုင်း အပို အလုပ်များလုပ်ရင် ၀င်ငွေ တိုးတက်လာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အချိန်ပိုင်း အလုပ်များကို ရှာဖွေရတာ မလွယ်ကူပါဘူး။ အခုတော့ သင့် အားလပ်ချိန်မှာ အပိုဝင်ငွေ ရှာနိုင်မယ့် ၀က်ဆိုက်များ ပေါ်လာပါပြီ။ အဲဒီ ၀က်ဆိုက်များမှာ အလုပ်လုပ်ဖို့ ကျွမ်းကျင်မှုများ၊ အတတ်ပညာများလည်း မလိုအပ်ပါဘူး။

Swagbucks
Swagbucks က အွန်လိုင်းမှာ ဈေးဝယ်ခြင်း၊ ဗီဒီယိုများ ကြည့်ခြင်း၊ ဂိမ်းကစားခြင်း၊ အင်တာနက်မှာ ရှာဖွေခြင်းနဲ့ ဆာဗေးများ ဖြေဆိုခြင်းများ ပြုလုပ်ရင် သင့်ကို အခကြေးငွေ ပေးမှာဖြစ်ပါတယ်။ ထွေထွေထူးထူး မဟုတ်ဘဲ သင် လုပ်နေကျ အလုပ်များ လုပ်ရုံဖြင့် သင့်ကို ငွေပေးမယ့် Reward Program လိုမျိုးဖြစ်ပါတယ်။ အခမဲ့ အကောင့်တစ်ခုဖွင့်ပြီး သူခိုင်းတဲ့ အလုပ်များကို လုပ်ပေးရင် အမှတ်များ သို့မဟုတ် Swag Bucks များ ရရှိမှာပါ။ အမှတ် ၁၀၀ ကို ၁ ဒေါ်လာဖြင့် လဲလှယ်နိုင်သလို Amazon Gift Cards များကိုလည်း ရယူနိုင်ပါတယ်။ PayPal ကနေ ငွေထုတ်ယူနိုင်ပါတယ်။ Swagbucks က Mobile Apps များကိုလည်း ထုတ်လုပ်ပေးထားပြီး အဲဒီကနေ တစ်လလျှင် ၂၅ ဒေါ်လာနဲ့ အထက် ရရှိနိုင်ပါတယ်။ အားလပ်ချိန်များမှာ အလုပ်လုပ်ရုံဖြင့် တစ်နေ့လျှင် ၁ ဒေါ်လာလောက် ရနိုင်ပါတယ်။

EarnHoney
EarnHoney ကလည်း Swagbucks လိုပဲ ဗီဒီယိုများကြည့်ခြင်း၊ ဂိမ်း ကစားခြင်း၊ အွန်လိုင်းမှာ ဈေးဝယ်ခြင်း၊ ဆာဗေးများ ဖြေဆိုခြင်းများ ပြုလုပ်ရင် အခကြေးငွေ ပေးမှာပါ။ အားလပ်ချိန်မှာ ဗီဒီယိုများ ကြည့်ခြင်းဖြင့် တစ်လလျှင် ဒေါ်လာ ၃၀ ၀န်းကျင် ရရှိနိုင်ပါတယ်။ အလုပ်များ ပြုလုပ်ရင် သူက Honey Dollars ကို ပေးမှာ ဖြစ်ပြီး PayPal ကနေ ငွေသား ထုတ်ယူနိုင်သလို Gift Cards များဖြင့် လဲလှယ်နိုင်ပါတယ်။ သင့်အကောင့်ကို နေ့စဉ် Login ၀င်ရုံဖြင့် Honey Dollars ၅ ခု ရရှိပါတယ်။ User တစ်ဦးက ညဘက် အိပ်နေတဲ့ အချိန်မှာ EarnHoney ကို ဖွင့်ထားခြင်းဖြင့် တစ်နေ့လျှင် ၁ ဒေါ်လာခန့်ရနိုင်တယ်လို့ အကြံပေးပါတယ်။ သင့်မှာ လက်တော့ ၊ ပီစီ အပိုများ ရှိရင် တစ်နေ့လုံး Run ထားခြင်းဖြင့် တစ်နေ့လျှင် ၃ ၊ ၄ ဒေါ်လာလောက် ရနိုင်ပါတယ်။

InstaGC
InstaGC က ဗီဒီယိုများကြည့်ခြင်း၊ အလုပ်များ လုပ်ခြင်း၊ ၀က်ဆိုက်များ လည်ပတ်ခြင်းများ ပြုလုပ်ရင် အခကြေးငွေ ပေးပါတယ်။ ငွေရှာရတာ အလွယ်ကူဆုံး ၀က်ဆိုက် အဖြစ် လူသိများပါတယ်။ အမှတ် ၁၀၀ ရရင် ၁ ဒေါ်လာတန် Gift Card ကို ပေးပါတယ်။ InstaGC မှာ ၀က်ဆိုက်များကို လည်ပတ်တာဟာ အခြားနည်းလမ်းများထက် အမှတ်များ ပိုမိုရစေတယ်လို့ User တစ်ဦးက အကြံပေးပါတယ်။ တစ်နေ့လျှင် ၂ ဒေါ်လာလောက် ရနိုင်ပါတယ်။

Bing Rewards
အမေရိကန်မှာ နေထိုင်သူများအတွက်တော့ Bing ကို သင့်ရဲ့ Search Engine အဖြစ် အသုံးပြုခြင်း၊ Windows, Xbox, Microsoft Stores များမှာ ဈေးဝယ်ခြင်းများ ပြုလုပ်ရင် အခကြေးငွေပေးတဲ့ Microsoft ရဲ့ Reward Program ရှိပါတယ်။ အမှတ်များကို ငွေသား၊ Gift Card ၊ Skype Credits ၊ Apps ၊ Movies များနဲ့ လဲလှယ်နိုင်ပါတယ်။

GiftHulk
GiftHulk က ဆာဗေးများ ဖြေခြင်း၊ အင်တာနက်မှာ ရှာဖွေခြင်း၊ အွန်လိုင်းမှာ ဈေးဝယ်ခြင်း၊ ဂိမ်း ကစားခြင်းများ အတွက် သင့်ကို အခကြေးငွေ ပေးပါတယ်။ သူက Hulk Coins များ ပေးမှာ ဖြစ်ပြီး ကွိုင် ၁၀၀၀ ဖြင့် ၁ ဒေါ်လာကို လဲနိုင်ပါတယ်။ User တစ်ဦးက ဖဲချပ်ကို မှန်းဆရတဲ့ ဂိမ်းကို နေ့တိုင်း ကစားရင် ၀င်ငွေကောင်းတယ်လို့ အကြံပေးပါတယ်။ အချို့ User များဟာ GiftHulk ကနေ သုံးပတ်အတွင်း ဒေါ်လာ ၈၀ အထိ ရကြပါတယ်။ ထူးခြားတာက ၀က်ဆိုက်ဟာ ငွေသား အစား ဒစ်ဂျစ်တယ် ငွေကြေး Bitcoin ကို ပေးတာ ဖြစ်ပါတယ်။

CashCrate
CashCrate ကလည်း ဆာဗေးများ ဖြေခြင်း၊ ဗီဒီယို ကြည့်ခြင်းများ ပြုလုပ်ရင် အခကြေးငွေ ပေးပါတယ်။ CashCrate ဟာ ငွေများများ ပေးတဲ့ ၀က်ဆိုက်လို့ အချို့က ပြောပါတယ်။ တစ်ဦးက အဲဒီ ၀က်ဆိုက်ကနေ တစ်လလျှင် ၁၂၀ ဒေါ်လာ ရတယ်လို့ ပြောပါတယ်။




Credit to ==> DigitalTimes.com.mm







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com


0 comments:

Post a Comment