♪ Xiaomi က အနောက် ကင်မရာ နှစ်လုံးပါတဲ့ Mi 5X ကို ကြေညာ ♫


ရှောင်မီက Mi 5X စမတ်ဖုန်း အသစ်ကို မိတ်ဆက်လိုက်ပြီး သူ့ရဲ့ ထုံးစံအတိုင်း ပေးရတဲ့ ဈေးထက် တန်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ Mi 5X ဟာ iPhone ရဲ့ ဒီဇိုင်းနဲ့ ဆင်တူပါတယ်။ Mi 5X မှာ သတ္တုကိုယ်ထည် တပ်ဆင်ထားပြီး ၇.၃ မီလီမီတာ အထူရှိပါတယ်။ တည်ဆောက်မှု အရည်အသွေးက ကောင်းမွန်ပါတယ်။

Mi 5X မှာ ၅.၅ လက်မ Full HD Display တပ်ဆင်ထားပါတယ်။ စကရင်ရဲ့ အောက်မှာ Capacitive Keys များကို ရှောင်မီရဲ့ Layout အတိုင်း ထည့်သွင်းထားပါတယ်။ ပန်းရောင်၊ ရွှေနဲ့ အနက်ရောင်များ ထုတ်လုပ်ပေးထားပါတယ်။ 2.0GHz Qualcomm Snapdragon 625 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ 4GB RAM, 64GB Internal Storage ထည့်သွင်းထားပါတယ်။ microSD Card ဖြင့် Storage ကို မြှင့်တင်နိုင်ပါတယ်။ 3080mAh Battery ထည့်သွင်းထားပြီး USB Type-C Port ဖြင့် အားသွင်းနိုင်ပါတယ်။

Mi 5X မှာ Mi 6 လို အနောက်ကင်မရာနှစ်လုံး တပ်ဆင်ထားပါတယ်။ 12MP Sensors များဖြစ်ပြီး တစ်လုံးမှာ မြင်ကွင်းကျယ် ဓါတ်ပုံများကို ရိုက်ကူးနိုင်ပါတယ်။ နောက်တစ်လုံးမှာ Telephoto ဖြစ်ပါတယ်။ iPhone 7 Plus နဲ့ OnePlus 5 မှာလို Bokeh Effects များအတွက် Portrait Mode ကို သုံးနိုင်ပါတယ်။အရှေ့ဘက်မှာ 5MP Selfie Camera ပါပြီး အချိန်နဲ့ တစ်ပြေးညီ Beautification လုပ်ပေးတဲ့ စွမ်းရည် ပါပါတယ်။

Mi 5X ဟာ MIUI 9 ထည့်သွင်းထားတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာမှာပါ။ Android Nougat အခြေပြု MIUI 9 မှာ Xiaomi Smart Assistant , Built-in Image Search များ ပါဝင်လာပါတယ်။ ဖိုင်စနစ် အသစ်နဲ့ အခြား စွမ်းဆောင်ချက်များစွာ MIUI 9 မှာ ထည့်သွင်းပေးထားပါတယ်။ တရုတ် ယွမ် ၁၄၉၉ ( ၂၂၀ ဒေါ်လာ ) သတ်မှတ်ထားပါတယ်။ မြန်မာငွေ အားဖြင့် ၃၀၀ ၀၀၀ ၀န်းကျင် တန်ကြေးရှိပါတယ်။ တရုတ်မှာ သြဂုတ်လ ၁ ရက်နေ့မှာ ရောင်းချမှာပါ။




Credit to ==> DigitalTimes.com.mm






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 
www.pyaephyo.com



0 comments:

Post a Comment