♪ Telenor မှလူကြိုက်များလျှက်ရှိသည့် “စိတ်ကြိုက်” အစီအစဉ်ကို ဖျက်သိမ်း ♫

Image may contain: text

တယ်လီနောမြန်မာသည် သုံးစွဲသူများ၏ လူကြိုက်အများဆုံး ၀န်ဆောင်မှု တစ်ခုဖြစ်သည့် “စိတ်ကြိုက်” အခမဲ့ဒေတာဝန် ဆောင်မူကိုဖျက်သိမ်း လိုက်ပြီး အစားထိုးမှု အဖြစ်ဈေးနှုန်းအချိုသာဆုံးဖြစ်သည့် ဒေတာစုဘူး အစီအစဉ်ကို မိတ်ဆက်ပေးလိုက်သည်။

“စိတ်ကြိုက်” အစီအစဉ်သည် သက်တမ်းအကန့်အသတ်ရှိသည့် ပရိုမိုးရှင်း အစီအစဉ်တစ်ခု ဖြစ်ပြီး ယင်းဝန်ဆောင်မှု သည် ဇူလိုင်လ ၁၉ ရက်နေ့ တွင် သက်တမ်းပြီးဆုံးခဲ့သည်။ “စိတ်ကြိုက်” သုံးစွဲသူများအနေဖြင့် တစ်လလျှင် ၅၀၀ မက်ဂါဘိုက်မှ စကာ ၁၄ ဂစ်ဂါဘိုက် အထိဒေတာ များကိုဝယ်ယူ နိုင်ပြီးသုံးစွဲ၍ မကုန်သည့်ဒေတာများအတွက် စိတ်ပူပန်စရာ မလိုဘဲ သက်တမ်းပြီးဆုံးပြီးနောက် ၇ ရက် အတွင်းထပ်မံဝယ်ယူပါက သုံး၍မကုန်သည့် ဒေတာများကို ဆက်လက်အသုံးပြုခွင့်ရရှိမည် ဖြစ်သည်။ သုံးစွဲသူများနှစ်သက်သည့် အသံဝန်ဆောင်မှု အစီအစဉ်များဖြစ်သော “စူပါပွား” နှင့် “ကွက်တိ” အစီအစဉ်တို့ကို ဆက်လက်ရရှိ နေမည်ဖြစ်ပြီး ယင်းအစီအစဉ်များ ဖြင့်တယ်လီနောအချင်းချင်း ခေါ်ဆိုမှုအတွက်တစ်မိနစ် ၁၈ ကျပ်နှုန်းနှင့် တစ်မိနစ် ၅ ကျပ်နှုန်းအသီးသီး ကျသင့်မည်ဖြစ်သည်။ 


“စိတ်ကြိုက်” အစီအစဉ် ၀န်ဆောင်မှု ရယူထားသူများအတွက် အထူးအစီ အစဉ်အဖြစ် ဒေတာအစီအစဉ် အသစ်များဖြစ်သည့် FB99 နှင့် FB499 တို့ကို ဇူလိုင်လ ၃၁ ရက်နေ့အထိ နောက်ဆုံးထား၍ ရယူနိုင်မည်ဖြစ် သည်။ တစ်နေ့တာ သက်တမ်းရှိသော FB99 သည် သုံးစွဲသူများကို ကျပ် ၉၉ ဖြင့် ၂၀၀ 200MB ရရှိစေမည် ဖြစ်ကာ ၇ ရက် သက်တမ်းရှိသော FB499 သည်ကျပ် ၄၉၉ ဖြင့် 1000 MB ရရှိစေမည် ဖြစ်ပါသည်။ “စိတ်ကြိုက်” အစီအစဉ်ဝန်ဆောင်မှု ရယူထားသူများအနေဖြင့် FB99 နှင့် FB499 တို့ကိုရယူလိုပါက ၇၀၇ သို့ စာတိုပေးပို့ခြင်းဖြင့် ၀န်ဆောင်မှု ရယူနိုင်မည်ဖြစ်သည်။

တယ်လီနောသည် ယနေ့အချိန်အခါတွင် နိုင်ငံတစ်ဝန်းတွင် ဆက်သွယ်ရေး တာဝါတိုင် အရေအတွက် စုစုပေါင်း ၇,၆၀၀ ကျော်၊ အရောင်းဆိုင်အရေအတွက် စုစုပေါင်း ၁၀၀,၀၀၀ ခန့်မှတစ်ဆင့် သုံးစွဲသူပေါင်း ၁၉ သန်းခန့်အား ၀န်ဆောင်မှုများ ပေးအပ်လျက်ရှိပြီး မြန်မာနိုင်ငံအတွက် 4G ၀န်ဆောင်မှုများကို မြို့ကြီး ၂၅ မြို့တွင် ပေးအပ် လျက်ရှိသည်။



ကောင်းမြတ်ရာ

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com


0 comments:

Post a Comment