♪ Meizu က Display နှစ်ခုစီပါတဲ့ Pro 7 နဲ့ Pro 7 Plus ကို မိတ်ဆက် ♫


Meizu က အရှေ့နဲ့ အနောက်ဘက်မှာ Super AMOLED Display တပ်ဆင်ထားတဲ့ Pro 7 နဲ့ Pro 7 Plus ကို မိတ်ဆက်လိုက်ပါတယ်။ အနောက်ဘက်မှ Display ကတော့ အရွယ်သေးငယ်ပြီး Notification များကို စစ်ခြင်း၊ Music Player ကို ထိန်းချုပ်ခြင်း၊ အနောက် ကင်မရာဖြင့် Selfie များ ရိုက်ခြင်းများအတွက် အသုံးပြုနိုင်ပါတယ်။
စမတ်ဖုန်း နှစ်လုံးစလုံးရဲ့ အနောက်ဘက်မှာ 12MP Camera နှစ်လုံး တပ်ဆင်ထားပြီး တစ်လုံးက အရောင်နဲ့ နောက်တစ်လုံးက အဖြူအမည်း ရုပ်ပုံများကို ရိုက်ကူးပေးနိုင်ပါတယ်။ ကင်မရာ နှစ်လုံး ပေါင်းစပ်၍ အလင်းရောင်နည်းပါးတဲ့ အချိန်များမှာ လှပတဲ့ ဓါတ်ပုံများ ရိုက်ကူးပေးနိုင်ပါတယ်။ အရှေ့ဘက်မှာတော့ 16MP Camera တပ်ဆင်ထားပါတယ်။

Meizu Pro 7 Plus ဟာ Core ဆယ်လုံးပါတဲ့ Helio X30 –a 10nm Chipset ထည့်သွင်းထားတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ Meizu Pro 7 မှာတော့ စွမ်းဆောင်ရည်သင့် Helio P25 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ Pro 7 မှာ 4GB RAM, 64GB Storage နဲ့ Pro 7 Plus မှာ 6GB RAM, 128GB Storage ထည့်သွင်းထားပါတယ်။

Pro 7 Plus မှာ ၅.၇ လက်မ QHD Display နဲ့ Pro 7 မှာ ၅.၂ လက်မ Super AMOLED Full HD Display တပ်ဆင်ထားပါတယ်။ ဖုန်းနှစ်လုံးစလုံးရဲ့ အနောက်ဘက်မှာ ၂ လက်မ အရွယ် Super AMOLED Display ပါပါတယ်။ Plus မှာ 3500mAh Battery နဲ့ သာမာန် မော်ဒယ်မှာ 3000mAh Battery တပ်ဆင်ထားပါတယ်။ ဖုန်းနှစ်လုံးမှာ Android Nougat အခြေပြု Flyme OS ထည့်သွင်းထားပါတယ်။

Pro 7 ကို ၄၃၀ ဒေါ်လာ Pro 7 Plus ကို ၅၃၀ ဒေါ်လာဖြင့် ရောင်းချပေးမှာပါ။ မြန်မာငွေအားဖြင့် ၅၈၀ ၀၀၀ နဲ့ ၇၂၀ ၀၀၀ ၀န်းကျင် အသီးသီး ကျသင့်နိုင်ပါတယ်။ သြဂုတ်လ ၅ ရက်နေ့မှာ ရောင်းချမှာပါ။




Credit to ==> DigitalTimes.com.mm







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 
www.pyaephyo.com



0 comments:

Post a Comment