♪ “5000mAh Battery ပါတဲ့ Panasonic P55 Max” ♫

Image may contain: phone

Panasonic က အိန္ဒိယမှာသူ့ရဲ့ နောက်ဆုံးထုတ် P55 Max စမတ်ဖုန်း ကိုရောင်းချပေးလိုက်ပါတယ်။ အိန္ဒိယရူပီး ၈၄၉၉ ( ၁၃၂ ဒေါ်လာ) သတ်မှတ်ထားပြီး မြန်မာငွေအားဖြင့် ၁၈၀ ၀၀၀ ကျပ် ၀န်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။ အိန္ဒိယမှာအွန်လိုင်းအရောင်းဆိုင် Flipkart ကနေ ရောင်းချပေးနေပါတယ်။

Panasonic P55 Max မှာ ၅.၅ လက်မ710p IPS Display တပ်ဆင် ထားပြီး 2.5D Curved Glass ဖြစ်ပါတယ်။ MediaTek MT6737 Processor မောင်းနှင်မှာ ဖြစ်ပါတယ်။ 16GB Internal Storage ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 13 Megapixel Camera နဲ့ အရှေ့ဘက်မှာ 5 Megapixel Camera ပါပါတယ်။ 5000mAh Battery ပါတဲ့အတွက် ဘက်ထရီသက်တမ်းအလွန် ကောင်းမွန်ပါတယ်။ Android 7.0 Nougat ထည့်သွင်းထားပါတယ်။

Panasonic P55 Max ကိုအနက်၊ ရွှေရောင်များထုတ်လုပ်ပေးထားပါ တယ်။ အိန္ဒိယမှာ Axis Bank ရဲ့ ခရက်ဒစ်ကဒ်ဖြင့် ၀ယ်ယူရင် ၅ ရာခိုင်နှုန်းလျှော့ဈေးရရှိမှာ ဖြစ်ပြီး Jio မိုဘိုင်းအော်ပရေတာကနေ ၆ လ သုံးနိုင်တဲ့ 30GB Data အပြင်ရူပီး ၃၉၉ ဖြင့် ၃ လကြာ Unlimited Data ကိုရရှိမှာ ဖြစ်ပါတယ်။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com


0 comments:

Post a Comment