♪ " Xiaomi က Samsung ကို အဓိကယှဉ်ပြိုင်သွားမည်ဟု ထုတ်ဖော်ပြောကြား" ♫

Image may contain: phone and screen

Xiaomi ကုမ္ပဏီက အိန္ဒိယမိုဘိုင်းဈေးကွက်ရဲ့ ပထမဖြစ်နေတဲ့ Samsung ကို ဖယ်ရှားပြီး အိန္ဒိယရဲ့ စမတ်ဖုန်းဈေးကွက်မှာ နံပါတ် 1 နေရာရရှိဖို့ ယှဉ်ပြိုင်သွားမယ်လို့ တရားဝင်ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ Xiaomi အနေနဲ့ 2016 ခုနှစ်အတွင်း အိန္ဒိယဈေးကွက်မှာ အတော်လေး ရုန်းကန်ခဲ့ရတာဖြစ်ပြီး ယခုအချိန်မှာတော့ အမြတ်ဝင်ငွေတွေ ပိုမိုမြင့်တက်လာနေပါတယ်။

Xiaomi ကုမ္ပဏီက ပထမလေးလပတ်အတွင်းမှာ ဈေးကွက်ရှယ်ယာ 14.8% နဲ့ ဒုတိယနေရာမှာ ရပ်တည်နေခဲ့တာဖြစ်ပြီး Samsung ကတော့ 22% နဲ့ ပထမနေရာမှာ ရောက်ရှိနေပါတယ်။ Xiaomi အနေနဲ့ ပြိုင်ဘက် ကုမ္ပဏီတွေလိုမျိုး လက်လီရောင်းချသူတွေအတွက် အကျိုးအမြတ်များများပေးပြီး ဆွဲဆောင်တာမျိုးကိုလည်း တိုးချဲ့လုပ်ဆောင်သွားဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ 


လက်ရှိအချိန်မှာတော့ ကုမ္ပဏီရဲ့ ထုတ်ကုန် အရည်အသွေး ကောင်းမွန်မှုကိုပဲ ဦးစားပေးထုတ်လုပ်နေ တယ်လို့လည်းပြောပါတယ်။ ဈေးနှုန်းတူတဲ့ တခြားထုတ်ကုန်တွေနဲ့ယှဉ်ရင် Xiaomi စမတ်ဖုန်းတွေရဲ့ ပါဝင်မှုနဲ့ လုပ်ဆောင်ချက်တွေက ပိုသာတာကိုတွေ့ရမှာပါ။

Xiaomi ရဲ့ Redmi 4A မော်ဒယ်နဲ့အတူ တချို့ Redmi Note ဖုန်းတွေကတော့ ဒီရက်ပိုင်းအတွင်း အိန္ဒိယရဲ့ ရောင်းရအကောင်းဆုံးစမတ်ဖုန်းတွေဖြစ်နေကြပါတယ်။

#gizchina

သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com


0 comments:

Post a Comment