♪ " GIF များကို ဖန်တီးနိုင်တဲ့ စွမ်းရည်ပါလာမယ့် Facebook App " ♫

Image may contain: 2 people, phone

Facebook က ပို့စ်များမှာ GIF များ တိုက်ရိုက်တင်နိုင်တဲ့ စွမ်းဆောင်ချက်ကို မကြာခင်က ထည့်သွင်းပေး လိုက်ပါတယ်။ ကွန်းမန့်များမှာလည်း GIF များကို အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ အရင်ကတော့ GIF များကို ပို့စ်မှာတင်ချင်ရင် သူ့ရဲ့လင့်ကိုသာ ထည့်ပေးရခြင်း ဖြစ်ပါတယ်။ 2015 ခုနှစ်မှာလည်း Facebook Messenger မှာ GIF များကို စတင်မိတ်ဆက်ခဲ့ပြီး တစ်မိနစ်မှာ GIF ပေါင်း 25000 နီးပါးကို ပေးပို့နေကြ တယ်လို့ သိရပါတယ်။ 

ယခင်နှစ်မှာ Messenger ကနေ GIF ပေါင်း 13 ဘီလီယမ်ကို ပေးပို့ခဲ့ကြတယ်လို့ သိရပါတယ်။ အခုလည်း Mobile Apps က GIFs များ ဖန်တီးနိုင်တဲ့စွမ်းရည်ကို သူ့ရဲ့ Mobile Apps များမှာ ထည့်သွင်းပေးဖို့ စမ်းသပ်နေပါတယ်။ App ကနေ ဓါတ်ပုံရိုက်ကူးတဲ့အခါမှာ စကရင်ရဲ့ထိပ်မှာ GIF ခလုတ်ကို ပြသထားပါတယ်။ GIF မှာ Captions, Filters နဲ့ Effects များကို ထည့်သွင်းနိုင်ပါတယ်။ ဖန်တီးထားတဲ့ GIF များကို Facebook မှာ ပို့စ်တင်နိုင်ရုံသာမက စမတ်ဖုန်းမှာ သိမ်းဆည်းထားနိုင်ပါတယ်။ 

အဲဒီ GIF ကို Facebook Story မှာလည်း အသုံးပြုနိုင်ပါတယ်။ Facebook က ဒီစွမ်းဆောင်ချက်ကို iOS Devices များမှာ စမ်းသပ်နေတဲ့အတွက် iOS အတွက် စတင်ဖြန့်ချိပေးမယ့်ပုံ ပေါ်ပါတယ်။ အဲဒီနောက်မှာမှ Android Devices များအတွက် ဖြန့်ချိပေးမယ်လို့ ထင်ရပါတယ်။ လက်ရှိမှာ iOS Users အချို့မှာသာ ဒီစွမ်းဆောင်ချက်ကို အသုံးပြုနိုင်ပါသေးတယ်။

ဒါမှမဟုတ် Facebook က အဲဒီစွမ်းဆောင်ချက်ကို ကမ္ဘာအ၀န်းသို့ တစ်ဖြည်းဖြည်းချင်း ဖြန့်ချိပေးနေတာ လည်း ဖြစ်နိုင်ပါတယ်။ Facebook က ဒီစွမ်းဆောင်ချက်နဲ့ပတ်သက်ပြီး တရားဝင်ကြေညာခြင်း မရှိသေးပါ ဘူး။ GIF များဟာ လူမှုကွန်ရက်များမှာ လူကြိုက်များတဲ့အရာများ ဖြစ်ကြပါတယ်။ Twitter နဲ့ Tumblr မှာလည်း GIF များဟာ အလွန်ရေပန်းစားနေပါတယ်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com


0 comments:

Post a Comment