♪ “iPhone ၁၀၂ လုံးကို ခန္ဓာကိုယ်မှာ ၀ှက်ပြီးတရုတ်နိုင်ငံထဲခိုးသွင်းလာတဲ့ အမျိုးသမီး” ♫

Image may contain: one or more people and text

တရုတ်နိုင်ငံထဲသို့ iPhone ၁၀၂ လုံးကို ခန္ဓာကိုယ်မှာ ၀ှက်ပြီးခိုးသွင်း လာတဲ့ အမျိုးသမီးတစ်ဦးကို လူဝင်မှု ကြီးကြပ်ရေးအရာရှိများက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ သူမကိုတရုတ် မီဒီယာများကအမျိုးသမီး Iron Man လို့ တင်စားကြပါတယ်။ ရှန်ဇန်မှ အာဏာပိုင်များကသူမရဲ့ ခန္ဓာကိုယ် အနှံ့မှာခေါက်တွန့်နေမှုများကိုမသင်္ကာဖြစ် ခဲ့ရာမှာစစ်ဆေး တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ လူဝင်မှု ကြီးကြပ်ရေးအရာရှိများက သူမဟာ ရာသီဥတုပူနေတဲ့ အချိန်မှာထူထဲတဲ့ အ၀တ်အစားများကို ၀တ်ဆင်ထားခြင်းကို သံသယဖြစ်ခဲ့ ကြပါတယ်။

သူမကိုစစ်ဆေးကြည့်တဲ့အခါမှာ iPhone များအပြင် တန်ဖိုးကြီးစမတ်နာရီ ၁၅ လုံးကိုလည်းရင်ဘတ်မှာ အလွှာလေးထပ်ဖြင့် စည်းနှောင်၍ ၀ှက်ထား တာကို တွေ့ရှိခဲ့ကြပါတယ်။ စမတ်ဖုန်းများကိုပလတ်စတစ်ဖြင့် ဖုံးအုပ် ထားပြီးစုစုပေါင်းအလေးချိန်မှာ ၄၄ ပေါင်ကျော်ပါတယ်။

Apple က တရုတ်နိုင်ငံမှာသူ့ရဲ့ ထုတ်ကုန်များကိုရောင်းချပေးနေတာ နှစ်အနည်းငယ် ကြာပြီ ဖြစ်ပေမယ့် တရားမ၀င် ခိုးသွင်းမှုများကတော့ ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။ အဲဒီလို တရားမ၀င် ခိုးသွင်းမှုများကို အစိုးရကတိုက်ဖျက်နေပါတယ်။ တရုတ်မှာအခွန်အခများကြောင့် အခြားနိုင်ငံများထက် iPhone ရဲ့ ဈေးနှုန်းဟာ ၃၀ ရာခိုင်နှုန်းပိုမိုများပြား ပါတယ်။

ရှန်ဇန်မှ အာဏာပိုင်များကအရင်ကလည်းဒီလို iPhone ခိုးသွင်းမှုများ ရှိခဲ့ပေမယ့် ဒီလောက်မများဘဲ ဆယ်ဂဏန်းလောက်သာ ဖြစ်တယ်လို့ ပြောပါတယ်။ အများဆုံးအနေနဲ့ ဖုန်းအလုံး ၈၀ ကိုဖမ်းမိခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ နိုင်ငံထဲသို့ iPhone ၉၄ လုံးခိုးသွင်းတဲ့ အမျိုးသား တစ်ယောက် ကိုဖမ်းဆီးခဲ့ပါတယ်။




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com


0 comments:

Post a Comment