ဒီနေ့ခေတ်မှာ အလုပ်များပြားကြတဲ့ အတွက် ဘ၀ကြင်ဖော် ရှာဖွေဖို့
အချိန်တောင် မပေးနိုင်ကြတော့ပါဘူး။ ဒါပေမယ့် စိတ်မပူပါနဲ့။ အွန်လိုင်းကနေ
သင့် အကြိုက်နဲ့ ကွက်တိဖြစ်မယ့် ချစ်သူကို ရှာပေးနိုင်တဲ့ Android Apps
များစွာ ပေါ်ထွက်လာနေပါပြီ။
၁။ Happn

Happn က ဥာဏ်ရည်မြင့်မားပြီး သင့် အနီးအနားမှာ နေထိုင်တဲ့ ဖူးစာရှင်ကို ရှာဖွေပေးနိုင်ပါတယ်။ သင့်ရဲ့ သတ်မှတ်ချက်များနဲ့ ကိုက်ညီတဲ့ လူများကို အသေးစိတ်အချက်အလက်များနဲ့တကွ သူက ရွေးချယ် ပြသပေးနိုင်ပါတယ်။ သင် စိတ်ဝင်စားတဲ့ လူဟာ သင့်ကို တုန့်ပြန်လာရင်တော့ နှစ်ဦးသား မိတ်ဖွဲ့ စကားပြောနိုင်ပါပြီ။
Download
၂။ Jaumo

Jaumo ဟာ လူသုံးအများဆုံး ရည်စားရှာဖွေတဲ့ ၀န်ဆောင်မှု ဖြစ်ပြီး သူ့မှာ မှတ်ပုံတင်ထားတဲ့ လူပေါင်း သန်းနဲ့ချီရှိပါတယ်။ သူ့မှာ အကောင့်တစ်ခု ဖန်တီးပြီး သင့်ရဲ့ ကိုယ်ရေး အချက်အလက်များကို ဖြည့်ပေးပါ။ ပြီးရင်တော့ သင် သဘောကျတဲ့ ကြင်ဖော်ကို အသက်၊ အရပ်အမြင့် စတာတွေနဲ့ Filter လုပ်ပြီး ရှာဖွေနိုင်ပါပြီ။
Download
၃။ Match Dating

Match Dating ဟာ အင်တာနက် ခေတ်ဦးကတည်းက ပေါ်ပေါက်လာတဲ့ သက်တမ်းရင့် ရည်စားရှာပေးတဲ့ ၀န်ဆောင်မှု ဖြစ်ပါတယ်။ သူ့မှာ ရည်းစားရှာဖွေရာမှာ အသုံးဝင်တဲ့ စွမ်းဆောင်ချက်များစွာ ပါပါတယ်။ အခမဲ့ အသုံးပြုနိုင်တဲ့ အတွက် ငွေကြေး မကုန်ဘဲ ဘ၀ကြင်ဖော်ကို ရှာဖွေနိုင်ပါတယ်။
Download
၎။ Tinder

Tinder က သင့် တည်နေရာ အနီးအနားမှ လူများကို ရှာဖွေပေးခြင်း အပါအ၀င် စွမ်းဆောင်ချက်များစွာ ပါပါတယ်။ အခု ဖော်ပြထားတဲ့ Dating Apps များထဲမှာ သူဟာ လူသုံးအများဆုံး ဖြစ်ပါတယ်။ အဲဒီအတွက် လူများစွာအထဲမှ သင့်ရဲ့ ဘ၀ကြင်ဖော်ကို ရှာဖွေချင်ရင် သူ့ကို ညွှန်းလိုက်ပါရစေ။
Download
၅။ CBM or Coffee Meets Bagel

သူက သင့်အတွက် အသင့်တော်ဆုံး ကြင်ဖော်ကို ရှာဖွေပေးနိုင်ပါတယ်။ သင့်ရဲ့ ကိုယ်ရေး အချက်အလက်များအပေါ် မူတည်၍ သူ့ရဲ့ ဥာဏ်ရည်မြင့် ဆော့ဖ်ဝဲက သင်နဲ့ အလိုက်ဖက်ဆုံး လူများကို ပြသပေးနိုင်ပါတယ်။ အကောင်းဆုံးကတော့ လူသုံးများတဲ့အတွက် သင့် အနီးအနားမှ လူများကို လွယ်ကူစွာ ရှာဖွေနိုင်ပါတယ်။
Download
၆။ Zoosk

Zoosk ကလည်း လူ သန်းနဲ့ချီ အသုံးပြုတဲ့ Dating App ဖြစ်ပြီး သင့်အတွက် အသင့်တော်ဆုံး ဘ၀ကြင်ဖော်ကို ရှာဖွေရာမှာ အလွန် အသုံးဝင်ပါတယ်။ သင် စိတ်ဝင်စားတဲ့ လူများနဲ့ Chat နိုင်ခြင်း အပြင် အခြား ဆက်သွယ်နိုင်မယ့် နည်းလမ်းများကို ပံ့ပိုးပေးထားပါတယ်။
Download
၇။ POF

POF ရဲ့ အရှည်က Plenty of Fish ဖြစ်ပြီး Developer က Dating App အတွက် ဒီအမည်ကို ပေးထားတာက ထူးဆန်းပါတယ်။ ဒါပေမယ့် သူ့ကို အသုံးပြုသူ များစွာ ရှိတဲ့အတွက် သင့်ရဲ့ ဘ၀လက်တွဲဖော်ကို ရှာဖွေရာမှာ အလွန် အသုံးဝင်ပါတယ်။ အခမဲ့ အသုံးပြုနိုင်တာက အလွန် ကောင်းမွန်ပါတယ်။
Download
၈။ OKCupid

OKCupid ကလည်း ထွက်ပေါ်နေတာ ကြာပြီ ဖြစ်တဲ့ လူသုံးအများဆုံး Dating App တစ်ခု ဖြစ်ပါတယ်။ ဥာဏ်ရည်မြင့် ဆော့ဖ်ဝဲက သင့်အတွက် ချစ်သူတစ်ယောက်ကို လွယ်ကူ လျှင်မြန်စွာ ရှာဖွေပေးနိုင်ပါတယ်။
Download
၉။ Badoo

Badoo ဟာ ထိပ်ဆုံးမှာ ဖော်ပြခဲ့တဲ့ Happn နဲ့ ဆင်တူတဲ့ Dating App ဖြစ်ပါတယ်။ ကွဲပြားခြားနားမှုတစ်ခုက User Interface ဖြစ်ပြီး အခြား စွမ်းရည်များက တူညီကြပါတယ်။
Download
၁၀။ Anonymous Dating

Anonymous Dating က သင့် ကိုယ်ရေး အချက်အလက်များကို မတောင်းဆိုတဲ့အတွက် အပေါ်မှ Apps များနဲ့ ကွဲပြားခြားနားပါတယ်။ သူက သင့်ရဲ့ ကိုယ်ရေး ကိုယ်တာ သတင်းအချက်အလက်များကို အခြား လူများ မသိစေဘဲ သင့်အတွက် ဘ၀ကြင်ဖော်ကို ရှာဖွေပေးဖို့ ဒီဇိုင်းထုတ်ထားပါတယ်။ အဲဒီအတွက် သင် ရည်စားရှာနေတာကို အခြားလူများ သိမှာ စိုးရိမ်ရင်တော့ သူ့ကို အသုံးပြုပါ။

Credit to ==> DigitalTimes.com.mm
0 comments:
Post a Comment