♪ “နည်းပညာသမားတိုင်းကြည့်ဖူးသင့်သည့် ရုပ်ရှင်ဇာတ်လမ်းတွဲများ” ♫

Image may contain: 15 people

Person of Interest ရုပ်ရှင်စီးရီးက ဘီလျံနာကွန်ပျူတာ ပရိုဂရမ်မာ တစ်ယောက်ဖြစ်တဲ့ Harold Finch ကို ဇာတ်လမ်း တည်ပြီး ရိုက်ထား တာပါ။ ဇာတ်လမ်းထဲမှာဆိုရင် သူဟာ "The Machine" လို့ ခေါ်တဲ့ ကွန်ပျူတာစနစ်ကိုတည်ဆောက်ပါတယ်။ အဲဒီစနစ်က အစိုးရကို အကြမ်းဖက်မှုအပါအ၀င် အခြားသောအကြောင်းအရာများကို ကြိုတင် သိရှိစေတဲ့စနစ်ပါ။ ဒါပေမယ့် ဥာဏ်ရေတု (Artificial Intelligence) ရဲ့အကျိုးအပြစ်တွေကိုသိလာပြီးလူသားတစ်ယောက် စောင့်ထိန်းအပ်တဲ့ ကျင့်ဝတ်သိက္ခာတွေကြောင့် ဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့ တီဗီမျက်နှာပြင်ပေါ်မှာ ဆက်ကြည့်လိုက်ပါ။ IMDB မှာ Rating သတ် မှတ်ချက် ၈.၅ အထိရထားတဲ့ ရုပ်ရှင်ကားတစ်ကားလည်း ဖြစ်ပါတယ်။

<2. Chuck>

Chuck ကတော့ သူလျှို၊ အချစ်၊ ဟာသ ၃ ခုစလုံး ရောပြွန်းခံစားရမယ့် ရုပ်ရှင်စီးရီးတစ်ခုပါ။ Chuck Bartowski လို့ ခေါ်တဲ့ လူတစ်ယောက်ဟာ စီအိုင်အေမှာအလုပ်လုပ်နေတဲ့ သူ့ရဲ့သူငယ်ချင်းဆီက အီးမေးတစ်စောင် လက်ခံရရှိတာကနေ စပါ တယ်။ အစိုးရရဲ့အရေးကြီးတဲ့ Software Program ကိုကွန်ပျူတာဥာဏ်ကြီးရှင်တွေက သူ့ဦးနှောက် ထဲထည့်ပေး လိုက်တာကြောင့် ဘ၀က ကမောက်ကမနဲ့ပြောင်းလဲသွားပါတယ်။ စီအိုင်အေ (CIA) ရော၊ အမ်အက်စ်အေ (NSA) က သူ့ကိုထိပ်တန်း အဆင့် စစ်ဆင်ရေးတွေမှာ ပါဝင်ခိုင်းရတဲ့အထိပါပဲ။ နည်းပညာကား ဆိုပေမယ့် စီးရီးတစ်ခုလုံးကိုရယ်မောပြီးကြည့်ရမှာပါ။ IMDB မှာ Rating 8.2 ရထား ပါတယ်။

<3. Silicon Valley>

ဒီနာမည်ကတော့ နည်းပညာသမားတိုင်းကြားဖူးနေမယ့် နာမည်တစ်ခု လို့ထင်ပါတယ်။ စီလီကွန်တောင်ကြားမှာ နည်းပညာသမား ၆ ယောက် လှုပ်ရှားရုန်းကန်ရတဲ့အကြောင်းပါ။ Hacking နဲ့ Programming ရုပ်ရှင် ကားနဲ့သိသိသာသာကွဲပြား သွားတာက ဒီစီးရီးမှာစီးပွားရေး အကြောင်းတွေပါ သိရှိလာရတာဖြစ်ပါတယ်။ နည်းပညာသမားမှန်ရင် ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်စီးရီးတစ်ခုလို့ ဆိုပါရစေ။ Season ၄ ခု အထိထွက်ရှိခဲ့ပြီးပေမယ့်လာမယ့် ၂၀၁၈ မှာ Season 5 ထွက်ရှိမယ် လို့လည်း သိရပါတယ်။ IMDB Rating ကတော့ ၈.၆ ပါ။

<4. Mr. robot>

ဟက်ကာတိုင်းနှစ်ခြိုက်တဲ့ ရုပ်ရှင်စီးရီးတစ်ခုဆိုလည်းမမှားပါဘူး။ နေ့ဖက်မှာဆိုက်ဘာလုံခြုံရေးအင်ဂျင်နီယာလုပ်ပြီး ညဖက်မှာ ဟက်ကာ လုပ်နေတဲ့ လူငယ်လေးတစ်ယောက်ကို ဇာတ်အိမ်တည်ပြီး ရိုက်ထား တာဖြစ်ပါတယ်။ Kail Linux ကိုအသုံး ပြုပြီး ဟက်တာကို ဒီကားတစ်ကား လုံးမှာတွေ့ရပါမယ်။ ဒါ့အပြင် Python နဲ့ Codes တွေရေးတာ၊ Raspberry Pi လို သေးသေး ကွေးကွေးပစ္စည်းလေးနဲ့ ဟက်တာတွေကိုပါ တွေ့ရမှာပါ။ ဆိုက်ဘာလုံခြုံရေးကိုစိတ်ဝင်တစားလေ့လာနေတဲ့ လူတစ် ယောက်ဆိုရင်တော့ ဒီကားကို ကြည့်ဖြစ်အောင်ကြည့်သင့်ပါတယ်။ IMDB မှာ Rating 8.6 ရထားတဲ့ စီးရီးပါ။

<5. The IT crowd>

ဟာသဇာတ်မြူးနည်းပညာရုပ်ရှင်ကားပါ။ လူသုံးယောက်ဟာ အိုင်တီ နည်းပညာဌာနမှာအလုပ်လုပ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့အိုင်တီဌာန အကြီးအကဲကြီးက နည်းပညာအကြောင်းနကန်းတစ်လုံးမှမသိပါဘူး။ နည်းပညာလောကက လူတွေ တွေ့တတ်ကြုံတတ်တာလေးတွေကို ဟာသဆန်ဆန်ရိုက်ကူးထားတဲ့ စီးရီးတစ်ခုဖြစ်ပါတယ်။ IMDB Rating 8.6 ပါ။

<6. Halt and catch fire>

ဒီစီးရီးထဲမှာဆိုရင် ၁၉၈၀ ၀န်းကျင်မှာပေါ်ပေါက်ခဲ့တဲ့ ပီစီကွန်ပျူတာ တွေရဲ့ ခေတ်ပြောင်းတော်လှန်ရေးနဲ့ ၁၉၉၀ ခုနှစ်မှာစတင်ကြီးထွား လာတဲ့ အင်တာနက်ကွန်ရက် (World Wide Web) တို့အကြောင်းကို အတွင်းကျကျရိုက်ကူးပြသထား ပါတယ်။ Season 1 နဲ့ 2 ကို Silicon Prairie မှာ အခြေတည်ပြီး Season 3 ကိုတော့ Silicon Valley မှာ ဇာတ်အိမ်တည်ထား ပါတယ်။ ဒီစီးရီးရဲ့နာမည်ကကွန်ပျူတာမှာရှိတဲ့ Machine Code ဖြစ်တဲ့ HCF ကိုရည်ညွှန်းတာပါ။ ဒီ Code ဟာဆိုရင် ကွန်ပျူ တာရဲ့ ဗဟိုထိန်းချုပ်စနစ် (Central Processing Unit) ကို ရပ်တန့်သွားအောင် လုပ်ဆောင်နိုင်ပါတယ်။ IMDB Rating ကတော့ 8.3 ပါ။

<7. CSI: Cyber>

CSI (Crime Scene Investigation) ဇာတ်လမ်းတွဲတွေကိုတော့ တော်တော်များများ ကြည့်ဖူးလိမ့်မယ်လို့ထင်ပါတယ်။ ဒီစီးရီးကတော့ ဆိုက်ဘာရာဇ၀တ်မှုတွေကို ဖော်ထုတ်တဲ့အကြောင်းပါ။ ဆိုက်ဘာ ရာဇ၀တ်မှုတွေကိုဖော်ထုတ်တဲ့ FBI ရဲ့ အထူး အေးဂျင့်တစ်ယောက် အကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီစီးရီးဟာ ၂၀၁၆ ခုနှစ် မှာပြီးစီးသွားပြီ ဆိုပေမယ့် ထုတ်လုပ်သူ တွေကနောက်ထပ်ရိုက်ကူးဖို့ စီစဉ်နေကြပါတယ်။ သူဘာသူတော့ ကြည့်လို့ကောင်းပေမယ့် IMDB မှာ Rating 5.4 ပဲရပါတယ်။

<8. Dilbert>

ဒီစီးရီးကတော့ အောင်မြင်တဲ့ ကာတွန်းစာအုပ်စီးရီးကို ပြန်ပြီးတော့ ဇာတ်လမ်းအဖြစ်ရိုက်ကူးထားတဲ့ စာအုပ်ဖြစ်ပါတယ်။ စာရေးဆရာ ကတော့ Scott Adams ဖြစ်ပြီးတော့ ၁၉၈၉ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့မှာ စတင်ထုတ်ဝေခဲ့တဲ့စာအုပ်ပါ။ ကော်လံဖြူ အင်ဂျင်နီယာတစ်ယောက် ဖြစ်တဲ့ Dilbert အကြောင်း ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။ Dilbert ဟာ အမေရိကမှာ အင်နီမေးရှင်းအနေနဲ့ရော၊ စာအုပ်အနေနဲ့ရော အောင်မြင်ခဲ့တဲ့ဇာတ်ကောင်ပါ။ နိုင်ငံပေါင်း ၆၅ နိုင်ငံကသတင်းစာပေါင်း ၂၀၀၀ ကျော်မှာဖော်ပြခံရတဲ့အထိ အောင်မြင်ခဲ့ပြီး ဘာသာပေါင်း ၂၅ မျိုး ပြန်ဆိုခြင်းခံခဲ့ရပါတယ်။ ဒါပေမယ့် သူ့ရဲ့ရုပ်သံစီးရီးကတော့ IMDB Rating 7.3 ပဲ ရပါတယ်။

မင်းသုခ

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com


0 comments:

Post a Comment