♪ Android မှာ Scrolling Screenshot များကို ရိုက်ကူးနည်း ♫


Samsung Galaxy S8 ရဲ့ အကောင်းဆုံး စွမ်းဆောင်ချက်တစ်ခုမှာ ၀က်ဆိုက် စာမျက်နှာတစ်ခုလုံးကို Scroll ပြုလုပ်၍ Screenshot ရိုက်ကူးပေးနိုင်တဲ့ Scroll Capture ဖြစ်ပါတယ်။ သင့်ဖုန်းမှာ အဲဒီလို စွမ်းဆောင်ချက်မျိုး မပါရင် ၀က်စာမျက်နှာတစ်ခုကို ရိုက်ကူးထားတဲ့ စကရင်ရှော့များကို တစ်ပုံထဲအဖြစ် ပေါင်းစည်းပေးတဲ့ Apps များစွာ ရှိပါတယ်။ ဒါပေမယ့် သင်ကိုယ်တိုင် ပေါင်းစည်းပေးရတဲ့အတွက် အလုပ်ပိုပါတယ်။ ဒီ Tutorial မှာတော့ Galaxy S8 ရဲ့ Scroll Capture လို စွမ်းဆောင်ချက်မျိုးကို သင့် Android မှာ သုံးနိုင်မယ့် နည်းလမ်းကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

Samsung က Note 5 မှာလည်း ၀က်စာမျက်နှာတစ်ခုကို Scroll ပြုလုပ်၍ စကရင်ရှော့ ရိုက်ကူးပေးနိုင်တဲ့ Capture More စွမ်းဆောင်ချက်ကို ထည့်သွင်းပေးခဲ့ပါတယ်။ အခုတော့ ဒီစွမ်းဆောင်ချက်မျိုးကို Samsung Galaxy S8 မှာ ပြန်လည် ထည့်သွင်းပေးလိုက်ပါတယ်။ ဒီလို စွမ်းဆောင်ချက်မျိုးကို ရှောင်မီနဲ့ အခြား စမတ်ဖုန်း ထုတ်လုပ်သူများရဲ့ ဖုန်းမှာလည်း ထည့်သွင်းပေးထားတတ်ကြပါတယ်။ သင့်ဖုန်းမှာ ဒီလို စွမ်းဆောင်ချက်မျိုး မရှိရင်တော့ Stitch & Share App ကို သုံးနိုင်ပါတယ်။

Download Stitch & Share : big screenshot

သူက စကရင်ရှော့များကို သာမာန်အတိုင်း ရိုက်ကူးပေးနိုင်တဲ့ အပြင် စကရင်ရှော့များ ပေါင်းစပ်တဲ့ အလုပ်ကို အလိုအလျှောက် လုပ်ပေးနိုင်ပါတယ်။ အခြား သူ့လို App များမှာတော့ ကိုယ်တိုင် ပေါင်းစပ်ပေးရတာ ဖြစ်ပါတယ်။ သူက ၀က်စာမျက်နှာတစ်ခုလုံး၊ ရှည်လျားတဲ့ သတင်း၊ ဆောင်းပါး တစ်ခုလုံးကို စကရင်ရှော့ ရိုက်ကူးပေးနိုင်ပါတယ်။ သူ့ကို Google Play Store ကနေ အခမဲ့ အင်စတောလုပ်နိုင်ပါတယ်။ အင်စတောလုပ်ပြီးရင် သူ့ကို ဖွင့်ပါ။ Automatic capturing ထဲမှာ လိုအပ်တဲ့ Permissions များကို Enable လုပ်ပေးပါ။



Scroll Screenshot ရိုက်ကူးဖို့အတွက် Automatic capturing ကို တစ်ချက်နှိပ်ပါ။ ဒါဆိုရင် စကရင်ပေါ်မှာ Floating Icon လေးပေါ်လာမှာ ဖြစ်ပါတယ်။ ဘရောက်စာ သို့မဟုတ် App တစ်ခုကို ဖွင့်ပါ။ Floating Icon ကို နှိပ်၍ ၀က်စာမျက်နှာရဲ့ ထိပ်ဆုံးကို စကရင်ရှော့ ရိုက်ပါ။ ရိုက်ထားတဲ့ စကရင်ရှော့ကို စကရင်ရဲ့ ဘယ်ဘက်မှာ Floating Image အဖြစ် ပြသပေးထားမှာပါ။ အဲဒီနောက် နည်းနည်းချင်းစီ အောက်ဘက်ကို Scroll လုပ်ပေးပါ။ Scroll တစ်ခါလုပ်ပြီးတိုင်း ခနစောင့်ပေးပါ။ Floating Image မှာ တိုးတက်လာမှ Scroll ထပ်လုပ်ပါ။ ပြီးရင်တော့ Save Icon ကို နှိပ်၍ ရိုက်ကူးထားတဲ့ စကရင်ရှော့များကို သိမ်းဆည်းနိုင်ပါတယ်။

သူ့မှာ အားနည်းချက် အနည်းငယ်တော့ ရှိပါတယ်။ သူကနေ ဖန်တီးထားတဲ့ စကရင်ရှော့များရဲ့ အောက်ခြေမှာ Watermark လေးကို ထည့်သွင်းထားပါတယ်။ အခပေး အသုံးပြုမှသာ Watermark မပါရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ Scroll Screenshot စွမ်းဆောင်ချက် ရလဒ်များဟာ တစ်ခါတစ်လေမှာ ပြည့်စုံကောင်းမွန်ခြင်း မရှိပါဘူး။ ဒါပေမယ့် Samsung Galaxy S8 မှာပါတဲ့ Scroll Capture လို စွမ်းဆောင်ချက်မျိုးကို သင့်ဖုန်းမှာ အသုံးပြုချင်ရင်တော့ သူ့ကို အသုံးပြုနိုင်ပါတယ်။




Credit to ==> DigitalTimes.com.mm






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com


0 comments:

Post a Comment