♪ Lenovo ရဲ့ စိတ်ကူးအသစ် Lenovo C Plus ♫


Flexible ဖုန်းတွေ ခေတ်စားလာတော့မယ့် အချိန်ကာလမှာ Lenovo ကလည်း နောက်ကျန်မရစ်စေဖို့အတွက် စိတ်ကူးအသစ်တွေနဲ့ ပျော့ပျောင်းလွယ် Flexible ဖုန်းတွေကို စမ်းသပ်နေခဲ့ပြီး ယမန်နေ့ကတော့ သူရဲ့ စိတ်ကူးအသစ်ဖြစ်တဲ့ Lenovo Cplus ကို ထုတ်ဖော်ပြသခဲ့ပါတယ်။

ဖော်ပြထားတဲ့အတိုင်းဆိုပါက နောက်လာမည့် နှစ်များစွာမှာ မိုဘိုင်းဖုန်းတွေ ဟာ ဆိုင်တွေမှာ ရွှေဆွဲကြိုးတွေ လိုမျီုး ၊ ဒါမှမဟုတ် အကျီအ၀တ်အထည်တွေလို ဖြန့်ခင်းပြီး ရောင်းချရဖို့ ရှိနေတဲ့ သဏ္ဍန်ကို လီဗိုနို က အကောင်အထည်ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ Smart Watch နဲ့လည်း ဆငတူလှပေမယ့် ၄.၃ လက်မ AMOLED မျက်နှာပြင် နဲ့ ထွက်ပေါ်လာမှာ ဖြစ်တဲ့ Lenovo CPLus ဟာ ရှိရှိသမျှ ဖုန်းအားလုံးကို အံ့အားသင့်စေမယ့် မိုဘိုင်းဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။

Lenovo CPlus ကို  Feature ပိုင်း နဲ့ Specs ပိုင်းကို တိတိပပ ထုတ်ဖော်မပြောကြားသေးပါဘူး။ ခန့်မှန်းချက်တွေ အရ AR လည်း ပါဝင်မှာ ဖြစ်တဲ့အပြင် နုလုံးခုန်နှုန်း၊ သွေးဖိအားစတာတွေအတွက် လုပ်ဆောင်ချက်တွေပါဝင်မယ့် ကျန်းမာရေး လက်ပတ်တစ်ခုလိုမျီုးလည်း ၀တ်ဆင်ထားနိုင်မယ့် မိုဘိုင်းဖုန်း တစ်လုံး အဖြစ် မြင်တွေ့ရဖို့လည်း ရှိနေပါတယ်။

ဒါကြောင့် Lenovo C Plus ကို Flexible မိုဘိုင်းဖုန်း တစ်လုံးအဖြစ်ထုတ်လုပ်ဖို့ လျာထားပြီးကာမှ ကျန်းမာရေး Gadget တစ်ခုအဖြစ်လည်း ပြောင်းလဲထုတ်သွားနိုင်တာကို သိတ်မကြာခင်မှာ ပဲ သိရတော့မှာ ဖြစ်ပါတယ်။




Credit to ==> DigitalTimes.com.mm






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com


0 comments:

Post a Comment