Fitbit က စတိုင်ကျလှပတဲ့ Fitbit Alta လက်ပတ်ကိုအမေရိကန်မှာ ၁၃၀ ဒေါ်လာကနေ ၈၅ ဒေါ်လာသို့ ဈေးလျှော့ရောင်းချပေးခဲ့ပါ တယ်။ အခုလည်း နှလုံးခုန်နှုန်းတိုင်းတာတဲ့ ကိရိယာပါသော Fitbit HR လက်ပတ်ကိုမိတ်ဆက် လိုက်ပါတယ်။
Fitbit ဟာယခင်နှစ် စတုတ္ထကွာတားမှာစီးပွားရေးအေ ခြအနေမကောင်းခဲ့ဘူး လို့ မကြာခင်က သတင်းထုတ်ပြန်ကြေညာ ခဲ့ပါသေးတယ်။ Fitbit Alta HR ဟာစတိုင်ကျလှပပြီးယခင်မျိုး ဆက်မှာမပါတဲ့ နှလုံးခုန်နှုန်းတိုင်းတာသော ကိရိယာပါလာပါတယ်။ OLED Display တပ်ဆင်ထားပြီးဘက်ထရီသက်တမ်း မှာ ၅ ရက် အသုံးခံပါတယ်။ လက်ပတ်ကလမ်းလျှောက်တဲ့ ခြေလှမ်းများ၊ အိပ်စက်မှု အခြေအနေကိုတိုင်းတာပေးနိုင် ပြီး Smartphone App ကနေ ဒေတာများကို ပြသပေးပါတယ်။
Charge, Blaze နဲ့ Surge လက်ပတ်များမှာလည်း နှလုံးခုန်နှုန်းတိုင်းတာတဲ့ ကိရိယာတပ်ဆင်ပေးထားပါတယ်။ လက်ပတ်အသစ်မှာ Sleep Insights ကနေ Light, Deep နဲ့ REM Sleep စတဲ့ အိပ်စက်မှု အခြေအနေ များကိုခွဲခြားပြသပေး
လာပါတယ်။ နောက်မျိုးဆက် Charge 2 နဲ့ Blaze လက်ပတ်များမှာလည်း
အဲဒီဆော့ဝဲကိုပဲ အသုံးပြုမှာ ဖြစ်ပါတယ်။ Alta HR ကိုဒေါ်လာ ၁၅၀ သတ်မှတ်
ထားပြီးဧပြီလတွင်ရောင်းချမှာပါ။
Mobile Guide Journal (Every Monday)
https://www.facebook.com/ officialmobileguidejournal
Fitbit ဟာယခင်နှစ် စတုတ္ထကွာတားမှာစီးပွားရေးအေ
Charge, Blaze နဲ့ Surge လက်ပတ်များမှာလည်း နှလုံးခုန်နှုန်းတိုင်းတာတဲ့
Mobile Guide Journal (Every Monday)
https://www.facebook.com/
www.pyaephyo.com
0 comments:
Post a Comment